သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မုဒုံမြို့နယ်၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show"ကျင်းပပြုလုပ်

        မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် (၁၁.၄.၂ဝ၂၄)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါ Talk Show တွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းမှ Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးက စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်အရ ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း (သို့မဟုတ်) ရောင်းချခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပုံအဆင့်ဆင့်၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ-၃၀၊ ၃၁၊ ၃၂၊ ၃၃၊ ၃၄ ဆိုင်ရာ သိကောင်းစရာများ၊ ဥပဒေ ပုဒ်မ-၃၇၊ ၃၈၊ ၃၉ တို့အရ နစ်နာဆုံးရှုံးမှုအတွက် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်ယူဆောင်ရွက်ပေးရမည့် အချက်များအား အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မြောင်းမြခရိုင် လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေသော သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် (၈.၄.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက (၃)မိုင်မြို့ရှိ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းခန်းမ၌ သင်တန်းတက် ရောက်နေသော သင်တန်းသား/သူများအား  စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအကြောင်း အသေးစိတ်ဟောပြော ဆွေးနွေးခဲ့ပါသည်၊ ထို့နောက် အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ သင်တန်းသား/သူများသိရှိလိုသည့် မေးမြန်း ဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲသို့ အိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ သင်တန်းသား/သူ (၃၀)ဦး ၊ စက်မှုလက်မှုပညာသင်ကျောင်းမှ သင်တန်းသား(၂၀)ဦး၊ သင်တန်းဆရာ/ဆရာမ(၇)ပေါင်း(၅၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ ရွှေခယ်သီရိခန်းမတွင် ဆင့်ပွားသင်တန်းတက်ရောက်သော ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊      စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးသည် (၅.၄.၂၀၂၄)ရက်နေ့ ၊ နေ့လယ် (၁၅:၀၀)နာရီက ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ ရွှေခယ်သီရိခန်းမတွင် ဆင့်ပွားသင်တန်း တက်ရောက် သော ဆရာ/ဆရာမများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထပ်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက်ဆင့်ပွားသင်တန်းတက်ရောက်နေသော ဆရာ/ဆရာများမှ သိရှိလို သည့်မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောပွဲသို့ သင်တန်းသားဆရာ/ဆရာမ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မော်ကျွန်းမြို့နယ်၊ လပွတ်ကွဲတဲချောင်းကျေးရွာရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံဦးမင်းဇော်လတ်သည် (၄.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ငါးလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ်ကွဲတဲချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူးနေအိမ်တွင် ကျေးရွာနေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက် ခဲ့ပါသည်။

     ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထပ်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကျေးရွာနေ ပြည်သူများမှ သိရှိလိုသည့်မေးမြန်းဆွေးနွေးချက်အား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

        အဆိုပါ ဟောပြောပွဲသို့ ကျေးရွာနေပြည်သူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၅.၄.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ မိတ်ဆက်စကားပြောကြားပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထပ်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ပြည်သူများအနေဖြင့် မိမိတို့စားသောက်နေသော အစားအသောက်များတွင် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး ဓါတ်မထည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအကြောင်းကိုလည်း သိရှိနားလည်စေရန် ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူ (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မအူပင် (အ.ထ.က-၂)ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် (၂.၄.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်က မအူပင်မြို့ အ.ထ.က-၂ ကျောင်းတွင် ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမ (၂၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

     အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူရေးရာဦးစီးဌာန ပေါ် ပေါက်လာပုံနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းအကြောင်းကို ရှင်းလင်းပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ ဥပဒေအကြောင်းကိုအကျယ်တဝင့် ရှင်းလင်းပြီး မိမိတို့လိုအပ်ချက်အတွက် ဈေးကွက်အတွင်း  အလှကုန်၊ အဝတ်အထည်၊ စားသောက်ကုန်၊ ဇိမ်ခံပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်သော ကုန်စည်၊ ဝန်ဆောင်မှုကို ဦးစားပေးဝယ်ယူအသုံးပြုကြရန်၊ စားသုံးသူသည် ကုန်စည်၊ ဝန်ဆောင်မှုကို တန်ဖိုးနှင့်အညီ ဝယ်ယူအသုံးပြုနိုင်သည့် အခွင့်အရေး ရှိသည့်အတွက် မိမိတို့၏ စားသုံးသူအခွင့်အရေးကို အပြည့်အဝနားလည် ထားရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို သိရှိသလို လိုက်နာရမည့် တာဝန်များကိုလည်း လေးစားလိုက်နာရန်လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြီး၊ စားသုံးသူ နစ်နာဆုံးရှုံးမှုရှိလာပါက မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေး စင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိ ပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မအူပင်မြို့ အ.ထ.က-၁ ကျောင်းတွင် ဘာသာစုံစွမ်းရည်မြှင့်သင်တန်း ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေး အသိပညာပေခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

      အဆိုပါ ဟောပြောပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦး က စားသုံးသူကာကွယ် ရေးဥပဒေ (၂၀၁၉) ပြဌာန်းချက်ပါ ဥပဒေအကြောင်းကိုရှင်းလင်းပြီး၊ ကုန်စည်/ ဝန်ဆောင်မှုများအကြောင်းကို သိရှိနားလည်ရန် ကုန်အညွှန်း အမှတ်အသားဖော်ပြပါဝင်သော ကုန်စည်၊ ဝန်ဆောင်မှုကို ဦးစားပေးဝယ်ယူအသုံးပြုကြရန်၊ စားသုံးသူသည် ကုန်စည်၊ ဝန်ဆောင်မှုကို တန်ဖိုးနှင့်အညီ ဝယ်ယူအသုံးပြုနိုင်သည့် အခွင့်အရေးရှိသည့်အတွက် မိမိတို့၏ စားသုံးသူအခွင့်အရေးကို အပြည့် အဝနားလည်ထားရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို သိရှိသလို လိုက်နာရမည့် တာဝန်များကိုလည်း လေးစားလိုက်နာရန် လိုအပ်ကြောင်း ထပ်ဆင့်ရှင်းလင်းပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလာပါက မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ သတင်းပြန် ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ် ထားရှိပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု နှင့်စပ်လျဉ်း၍ သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/ဆရာမ (၃၆၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

 

မုဒုံမြို့၌ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

         မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ (ဘဲရမ်း/ ကွမ်တာ)၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်၍ နွေစပါးစံပြကွက် ရိတ်သိမ်းပွဲကို ဧပြီလ ၁၀ ရက်နေ့၊  နံနက် (၀၉း၀၀) နာရီက ကျင်းပခဲ့သည်။

        နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ဘဲရမ်းကျေးရွာနေ ကွင်းအမှတ် (၈၄၃) တောင်သူ ဦးမောင်ခင်၏  စိုက်ကွက် (၃)ဧကတွင် ဆင်းသုခ စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မုဒုံမြို့နယ်တာဝန်ခံ၊ စိုက်ပျိုးရေး ဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

         အဆိုပါ နွေစပါးစံကွက် ဆင်းသုခစပါးအမျိုးအစားကို ဆယ်တန်းတစ်တန်း လှပ်၍  ဒီဇင်ဘာလမှစတင်စိုက်ပျိုးခဲ့ရာ ၆ ဒသမ ၆ ပေပတ်လည် (၃)ကွက် ပျမ်းမျှအထွက်နှုန်း စပါးအစို ၁၃၂ တင်း၊ (၆၆ ပေ × ၆၆ ပေ) တစ်ကွက် အထွက်နှုန်း စပါးအစို  ၁၁ တင်း ၁၂ ပြည်၊ တစ်ဧကအထွက်နှုန်း စပါးအစို ( ၁၁၇ ဒသမ ၅ )တင်းထွက်ရှိကြောင်း သိရသည်။

DOCA(မွန်)

ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁.၄.၂၀၂၄) ရက်နေ့၊နေ့လယ် (၁၃:၀၀)အချိန်က ပန်းတနော်မြို့ပေါ်ရှိ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းမှ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ပန်းတနော်ဒေသမှ ထွက်ရှိသော စပါးထွက်ရှိမှု ဆန်ကြိတ်ခွဲထွက်ရှိမှု၊ တင်ပိုမှု အခြေအနေများကို မေးမြန်းပြီး စပါးသိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေး၊ ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ရွှေဝါထွန်း ပဲမုန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှု ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးအတွင်းရှိ ဓနုဖြူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁.၄.၂၀၂၄) ရက်နေ့၊နံနက် (၁၀:၀၀)အချိန်က ဓနုဖြူမြို့(၅)ရပ်ကွက် ၊ ဥမ္မာဒန္တီလမ်းရှိ ရွှေဝါထွန်းပဲမုန့် လုပ်ငန်းသို့သွားရောက်၍ ဈေးကွက်မရောက်မှီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍  ကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က ရွှေဝါထွန်းပဲမုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ပဲမုန့်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်နှင့် ဖြန့်ဖြူးရောင်းချမှုကို မေးမြန့်လေ့လာခဲ့ပြီး ပဲမုန့်လုပ်ငန်းကို သိန်းနှစ်ဆယ်ရင်းနှီးထားကြောင်း၊ ပါကင်တစ်ဗူးတွင် ဆယ်ခုပါဝင် ထုပ်ပိုးပြီး တစ်နှစ်ကို တစ်သောင်းကျော် ထုတ်လုပ်နိုင်ကြောင်း၊ ရွှေဝါထွန်းပဲမုန့်ကို ၁၉၇၉ခုနှစ်တည်းက စတင်ခဲ့ပြီး တစ်ပိုင်တစ်နိုင်သာရောင်းချနေပြီး ဈေးကွက်အနေဖြင့် အခြားပြည်နယ်များသို့ ဖြန့်ဖြူးခြင်းမရှိသေးပဲ ဒေသတွင်းဖြန့်ဖြူးခြင်းပဲရှိသေးကြောင်း သိရသည်။ ရွှေဝါထွန်းပဲမုန့်သည် စားသုံးသူရေးရာ ဦးစီးဌာန၏ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုရာအချက်အလက် ထောက်ခံချက်ရရှိထားပြီးဖြစ် ကြောင်းသိရပါသည်။

     ဆက်လက်၍ ဓနုဖြုမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပါ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များ၊ ရွှေဝါထွန်းပဲမုန့်၏ ထုတ်ပိုးပြင်ဆင်မှုနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသည့် ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို စစ်ဆေးခဲ့ပြီး၊ ကုန်စည်နှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမာန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြရန် အသိပေးရမည့် အချက်အလက်များကို ပြောကြားပြီး၊ စားသုံးသူအတွက် နစ်နာဆုံးရှုံမှုရှိလာပါက နစ်နာမှုအတွက် စားသုံးသူမှအရေးဆို တိုင်ကြားနိုင်သည့်အတွက် ပုဒ်မ ၂၃အရ စားသုံးသူအပေါ် အာမခံချက်ပေးထားပြီး ရောင်းချသည့် ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူသည် တောင်းဆိုပိုင်ခွင့်အခွင့်အရေး(၃)ချက်ရှိကြောင်းကို ရှင်းလင်း ပြောကြားအသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ