![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/230_9.jpg?itok=gQcMTeSC)
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၁ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီး ဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ယောနသန်”သောက်ရေသန့်စက်ရုံသို့ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရေသည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍတွင်ပါဝင်နေသည့် အတွက် လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသော သောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားကြောင်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ် ငန်းရှင်၏တာဝန်များပါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)