![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/234.png?itok=3qiaSkoW)
အခြေခံပညာကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်း နှင့်အတူ နတ်စဉ်ကုန်းကျေးရွာ အခြေခံမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ချက် များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖေါ်ပြထားသော ကုန်စည် များကို သာဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေးဟောပြောခဲ့ပါသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဆိုင်ရာများ အသိပညာ ပေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(11၅)ဦးတက်ရောက် ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)