ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ စည်ပင်သာယာဈေးအတွင်း အိမ်သုံးလျှပ်စစ် ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်းမြို့ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖေါ်ပြထားခြင်းရှိ/မရှိ နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်း ရှင်များ၏ တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)