ကန့်ဘလူမြို့နယ်၌ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပ

Powered by Drupal

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့၏ ကျက်သရေဆောင် မဟာရွှေစည် ကြီးစေတီတော်(၂၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖေါ်ဝါရီလ ၁၂ရက်မွန်းလွဲ ၁၄:၀၀နာရီက အဆိုပါစေတီတော် မဟာဗောဓိညောင်ပင်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

              အဆိုပါထမနဲထိုးပြိုင်ပွဲတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအသင်းများ၊ ရပ်ကွက်အသင်း များ စုစုပေါင်း ၁၁ သင်းပါဝင်ယှဉ်ပြိုင်ကြကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ် တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ထမနဲထိုးပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူးအဖြစ်လည်း ကောင်း၊ အမှတ်ပေးဒိုင်ချုပ်အဖွဲ့တွင်လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ရှေးဦးစွာ အမှတ် ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ ပြင်ဆင်ထားရှိမှုများကို အကဲဖြတ်စစ်ဆေးပြီး ထမနဲထိုးပြိုင် ပွဲကိုစတင်ယှဉ်ပြိုင်ကြကြောင်း၊ ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုရရှိသောအသင်းများအား တာဝန်ရှိသူ များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

             အဆိုပါထမနဲထိုးပြိုင်ပွဲသို့ နည်းဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ထမနဲထိုးပြိုင်ပွဲအား လာရောက်အားပေးသူများ၊ ရပ်ကွက်နေပြည်သူများက အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် တစ်ခဲနက်လာရောက် အားပေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)