ပြည်ရိုင်အတွင်း ဆန်ဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများဖြင့်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

            ပြည်ခရိုင်အတွင်းတွင် ဆန်ဆိုင်များ၊ ဆန်ပွဲရုံများ နှင့်ဆန်စက်များတွင် သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကိုက်ညီသော ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ အခြေအနေအား အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျှက်ရှိရာ ယခု ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်မှ ဆန်ဆိုင်(၂)ဆိုင်၊ ပန်းတောင်းမြို့နယ်မှ ဆန်ပွဲရုံ(၁)ရုံ၊ ဆန်ဆိုင်(၂)ဆိုင်၊ ပြည်မြို့နယ်မှ ဆန်စက်(၁)စက် နှင့်ဆန်ဆိုင်(၁)ဆိုင်၊ ပေါက်ခေါင်းမြို့နယ်မှ ဆန်ဆိုင်(၃)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ ဧည့်မထိုင်ဆန် တစ်အိတ်လျှင် ၇၀၀၀၀ကျပ်၊ မှော်ဘီ၊ ကျောက်ရွေးဆန် တစ်အိတ်လျှင် ၈၀၀၀၀ကျပ်၊ ပုသိမ်ပေါ်ဆန်းဆန်သစ်တစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်နှင့် ရိုးနီဆန်သစ် တစ်အိတ်လျှင် ၉၀၀၀၀ကျပ်ဈေးဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်မှုရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ ဆန်အိတ်လက်ကျန်များအနေဖြင့် စုစုပေါင်း ၂၀၀ခန့်ရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)