သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမတွင် စားသုံးသူရေးရာကော်မတီ (၁/၂၀၂၃) အစည်းအဝေး ကျင်းပ

          ချင်းပြည်နယ်အတွင်းရှိ စာသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (သောကြာနေ့) ညနေ (၀၃:၀၀) နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်၂၀၂၂ခုနှစ်အတွင်း စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နေမှုများသည် ပြည်သူများအတွက် အမှန်တကယ်အကျိုး ရှိသည်ကိုတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာကဏ္ဍတွင် အားနည်းချက်များစွာရှိသည်ကို တွေ့ရပါသဖြင့် စားသုံးသူရေးရာကော်မတီအနေဖြင့် ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုကာ စိတ်ရင်းစေတနာဖြင့် အသိပညာပေးခြင်း၊ ကြိုတင်အသိပေးခြင်း၊ ကြိုတင်တားဆီးကာကွယ် ပေးခြင်း နှင့် ဈေးကွက်အတွင်း စောင့်ကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လစဉ် ကွင်းဆင်း ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း  သိရသည်။

 

DOCA(Chin)

 

ကျိုက်မရောမြို့နယ်၊အလက(ခွဲ) နိတုံကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့်ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးနှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၆ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အလက(ခွဲ) နိတုံကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝါဝါမြိုင်က ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် ဝယ်ယူအသုံးပြုတတ်စေရန်အချက်များ၊ ကုန်အညွှန်းအမှတ်သားဆိုင်ရာပြဌာန်းချက်များ၊ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျှင် တိုင်ကြားနိုင်မည့်လူပုဂ္ဂိုလ်များတိုင်ကြားနိုင်မည့်နည်းလမ်းများ၊ပြန်လည်ကုစားခွင့်ရှိသည့်အကြောင်းအရာများအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

           ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ဦးစီးအရာရှိဒေါ်ချိုမြတ်မြတ်ထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲ သို့ ဆရာ၊ဆရာမ ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သထုံမြို့နယ်၊အမက(လွန်)ကျောင်းကုန်း ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

          မွန်ပြည်နယ် သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၇ရက်နေ့တွင် သထုံမြို့နယ်၊အမက(လွန်)ကျောင်းကုန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

        အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်နယ်သထုံခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ဒုဦးစီးမှူး ဦးထိန်လင်းထွန်းကစားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာများ၊Website ၊ဖုန်းနံပါတ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲ သို့ ဆရာ၊ဆရာမ ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၆)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဟောပြောဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍၂၀၂၃ခုနှစ်   ဇန်နဝါရီလ   ၂၇ ရက်နေ့တွင်   မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

       ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဆက်သွယ်ရမည့်လိပ်စာ၊ Website၊ Call Center အကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့နယ်၊အထက(ခွဲ)၊မယ်ကရိုကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဟောပြောဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀၂၃ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် )အထက(ခွဲ)မယ်ကရိုကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

        အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျုလိုင်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်း စရာများ အား ဟောပြောဆွေးနွေး ခဲ့ပါသည်။

         ထို့နောက် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဦးနိုင်လင်းထက်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စားသောက်ကုန် လူသုံးကုန်များ ဝယ်ယူရာတွင်  ကုန်အညွှန်းအမှတ်အသားကို အဓိကထားဖတ်ရှုပြီးမှ  ဝယ်ယူသင့်ကြောင်း၊  ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ Call Center အကြောင်းသိကောင်းစရာများ အကြောင်းကိုဖော်ပြဆွေးနွေးခဲ့ပါသည်။

          အဆိုပါဟောပြောဆွေးနွေးပွဲ သို့ ဆရာ ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၉)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

 

 

ကျိုက်မရောမြို့နယ်၊အမက(ခြံကုန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့်ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၆ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အမက(ခြံကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးသီဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်အိအိစမ်းမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာများ၊ဦးစီးဌာန၏ Website ၊ဖုန်းနံပါတ်များ အကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲ သို့ ဆရာ၊ဆရာမ ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နံနက် (၁၀:၀၀) နာရီအချိန်တွင်၊ လွိုင်ကော်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်(၁၀)ဦးနှင့် အသိ ပညာပေးတွေ့ဆုံဆွေးနွေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဦးစီးအရာရှိ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများကိုလည်းကောင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများကတောင်းဆိုနိုင်သည့် အခွင့်အရေးများကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါတားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသောစီးပွားရေးလုပ်ငန်းရှင်များကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

မုန့်တီဖတ်ခြောက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် အမ်းမြို့နယ် တာဝန်ခံ ဦးအောင်မင်းခိုင်(ဒု-ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် ( ၂၇-၁-၂၀၂၃ ) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် တပ်တောင်၊ အမှတ်(၂) ရပ်ကွက်ရှိ “ရခိုင်လေး” အမှတ်တံဆိပ်သဘာဝရခိုင်မုန့်တီခြောက်(ခ)မုန့်ဖတ်ခြောက်ထုတ်လုပ်သည့် လုပ်ငန်းနေရာသို့သွားရောက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မုန့်ဖတ်ခြောက်ထုတ်လုပ်နေမှုအခြေအနေများအား ကွင်းဆင်းလေ့လာစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

  မြို့နယ်တာဝန်ခံ ဦးအောင်မင်းခိုင်က MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က အားပေးကူညီလျက်ရှိရာ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်လုပ်သည့် ကုန်ပစ္စည်း၏အရည်အသွေးနှင့် ထုပ်ပိုးမှုစနစ်ကောင်းမွန်ရေး၊ စားသုံးသူများ ဘေးဥပဒ်မဖြစ်စေရန် တာရှည်ခံဆေးနှင့် ဓါတုဆေးဝါးများမသုံးစွဲစေရေး၊ သက်ဆိုင်ရာဌာနများ၏ စံသတ်မှတ်ချက်နှင့်အညီထုတ်လုပ်ရေး၊ ဒေသတွင်းသာမက ပြည်ပအထိ ဈေးကွက်ထိုးဖောက်နိုင်ရေး၊ ကုန်စည်နှင့်စပ်လျဉ်း၍ စားသုံးသူသို့ သတင်းအချက်အလက်များပေးရာ၌ ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဆိုင်ရာ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)

 

ကျိုက်မရောမြို့နယ်၊အထက(ခွဲ)၊ကော့ပနောကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာဟောပြောဆွေးနွေး

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၅ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အထက(ခွဲ)ကော့ပနောကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

           အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးသူဇာ မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများအား ဟောပြောဆွေးနွေး ခဲ့ပါသည်။ ထို့နောက်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးမင်းနောင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ ဝန်ဆောင်မှုအကြောင်းသိကောင်းစရာများ ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သည့်အကြောင်းအရာများ ၊ CICC အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ၊ဆရာမ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၈၂)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့် (ဦးစီးမှူး) သည် (၂၇-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမောင်နီချေ (ဒု-ဦးစီးမှူး) က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဟူသော အဓိပ္ပါယ်ကို ရှင်းလင်းခြင်းနှင့် စားသုံးသူများ၏အခွင့်အရေးတို့ကို ရှင်းလင်းဆွေးနွေးပေးရန် မေးမြန်းခဲ့ပါသည်။ ၎င်းမေးမြန်းချက်အား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစံညွှန့်က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အခန်း(၂၅) ခန်း၊ ပုဒ်မ (၈၄) ခု ပါဝင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ စားသုံးသူအခွင့်အရေး(၈)ချက်အား ဆွေးနွေးရာတွင် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူပိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုအတွက်ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ