သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန(ဘီလင်း)နှင့်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(ဘီလင်း)တို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး(Talk Show)ပြုလုပ်ဟောပြောဆွေးနွေးခြင်း

           မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ်   စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူး ပေါင်း၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီလင်း)ခန်းမတွင်စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး ( Talk Show ) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ ကြောင်းသိရပါသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဘီးလင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တာဝန်ခံရုံး(ဘီလင်း)မှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းတာဝန်များကိုရှေးဦးစွာရှင်းလင်း၍ စားသုံးသူတိုင်းအခွင့်အရေးရရှိပြီး ထိုအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဆက်သွယ်ရမည့်လိပ်စာနှင့်ဌာနမှလက်ခံ ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပြီး စားသုံးသူ အကာကွယ်ပေးရေးဥပဒေအရ တားမြစ်ချက်များကိုဖောက်ဖျက်ကျုးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဆွေးနွေးပြီးနောက် ဒေါ်နော်အေးမို့မို့ (အကြီးတန်းစာရေး)မှ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)၊ပုဒ်မ(၄၁) ပါကုန်အညွှန်းအမှတ်အသားနှင့်ဆိုင်သောအချက်အလက်များကို ရှင်းလင်းဆွေးနွေးကာ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတသောအခွင့်အရေးရရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြောင်း ဟောပြောဆွေးနွေးခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(မွန်)

လပွတ္တာခရိုင် လပွတ္တာမြို့နယ်၊ ရေယာဉ်ပိုင်ရှင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၃-၁-၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီက  အမှတ် (၄) ရပ်ကွက် ရာပြည့်လမ်းရှိ ရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီအသင်းရုံးတွင် ရေယာဉ်ပိုင်ရှင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး ကုန်စည်(သို့)ဝန်ဆောင်မှုများအပေါ် တာဝန်ရှိမှုများကိုလည်းအသိပေးပြောကြားခဲ့သည့်အပြင် ဒေသတွင်း MSME လုပ်ငန်းများဖော်ဆောင်ပြီး ပုဂ္ဂလိကကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်စေရေးနှင့် ကုန်သွယ်မှုကဏ္ဍများအဆင်ပြေချောမွေ့စေရေးအတွက် သတင်းအချက်အလက်များနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့ရေယာဉ်ပိုင်ရှင် လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

       ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၃-၁-၂၀၂၃)ရက်နေ့ ညနေ (၁၄:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး၊ စစ်ဆေးရေးမှူး၏လုပ်ငန်းတာဝန်များအကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောစားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဋ္ဌာန်းချက်များမှ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေး(၈)ချက်နှင့်တာဝန် (၄)ချက်၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်(၁၁)ချက်၊ အခန်း(၂၃)ပါ တားမြစ်ချက် များ၊ အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ အခန်း(၁၂)ပါကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး(၄)ချက်၊ အခန်း(၁၃)ပါဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးချက်(၅)ချက်၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို ၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov.mm website တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း စားသုံးသူများနစ်နာမှုရှိလာပါက  စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ စားသုံးသူပြည်သူများအား အသိပညာပေး Talk Show ပြုလုပ်

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံ ဦးလေးလွင် သည် (၂၄-၁-၂၀၂၃)ရက်နေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူ အသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ပြစ်မှုပြစ်ဒဏ်များ၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ) နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ဥပဒေတားမြစ်ချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက ပြစ်မှုပြစ်ဒဏ်များ အတိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါအချက်အလက်များကိုသိရှိလိုပါက မြို့နယ်စားသုံးသူတာဝန်ခံရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကရင်ပြည်နယ်အတွင်းရှိ ပေါင်မုန့်၊ ကိတ်မုန့် နှင့် မုန့်မျိုးစုံထုတ်လုပ်သော လုပ်ငန်းများတွင် အဖွဲ့စုံဖြင့် ကွင်းခြင်းစစ်ဆေးခြင်း

           (၂၆-၁-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်စက်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကရင်ပြည်နယ်၊ ဘားအံမြို့၊ အင်ကြင်းလမ်း၊ အမှတ်(၉)ရပ်ကွက်၌ ပေါင်မုန့်၊ ကိတ်မုန့်နှင့် မုန့်မျိုးစုံထုတ်လုပ်သော လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပေါင်မုန့်၊ ကိတ်မုန့် နှင့် မုန့်မျိုးစုံထုတ်လုပ်သောလုပ်ငန်းများတွင် လုပ်ငန်းလိုင်စင်မတင်ရသေးသော လုပ်ငန်းများကိုလုပ်ငန်းလိုင်စင်လုပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနက အစားအသောက်ထုတ်လုပ်မှုနှင့်ပတ်သက်၍ စားသုံးရန်အသင့်သည့်ဆိုးဆေးအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြား ခဲ့ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစားသောက် ထုတ်လုပ်သည့်နေရာတွင် သန့်ရှင်းမှုရှိ အောင်ထုတ်လုပ်ခြင်းနှင့် ဘေးပတ်ဝန်းကျင် သန့်ရှင်းမှုရှိအောင်ပြောကြားခဲ့ပြီး၊ ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနက ပေါင်မုန့်၊ ကိတ်မုန့် နှင့် မုန့်မျိုးစုံထုတ်လုပ်သော လုပ်ငန်းများတွင် ကုန်အညွှန်မှတ်အသားပြညစုံပါဝင်မှုရှိစေရေး ကုန်အညွှန်းအမှတ်အသားအကြောင်းနှင့်လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့်ဝန်ထမ်းများသည် ၂၇-၁-၂၀၂၃ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

      ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က  စားသုံးသူရေးရာ ဦးစီးဌာန၏ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းကိုလည်းကောင်း၊  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများနှင့်ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများနှင့်ဖြေရှင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊  ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းနှင့်ပတ်သက်၍ ဈေးကွက်မရောက်မီ ကုန်စည်များနှင့် ဈေးကွက်ရောက်ပြီးကုန်စည်များ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဌာနမှဆောင်ရွက်ပေးနေမှု အခြေအနေအကြောင်းများကိုလည်းကောင်း၊ အသေးစိတ်ရှင်းလင်းဆွေးနွေးဟော ပြောခဲ့ပါသည်။ ဆက်လက်၍ အကြီးတန်းစာရေး ဒေါ်စုနွေးသီရိမောင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် စားသုံးသူပြည်သူများ လိုက်နာရမည့်တာဝန်များနှင့်အခွင့်အရေးများ အကြောင်းကိုလည်းကောင်း၊ ဈေးကွက်အတွင်း ကုန်စည်များကို ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပါရှိသော ကုန်စည်မျိုးကိုသာ ဦးစားပေး ဝယ်ယူတတ်စေရန် အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကာ  နိဂုံးချုပ်အနေဖြင့် ဘားအံခရိုင်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက သိလိုသည်များကို မေးမြန်းဆွေးနွေး၍ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသော ဘားအံခရိုင်မီးသတ်တပ်ဖွဲ့ဝင် (၄၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့်လက်ကမ်းစာစောင်များလည်း ဖြန့်ဝေ၍ အခမ်းအနားကို ၁၁:၄၅ နာရီအချိန်တွင် ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

       စားသုံးသူရေးရာဦးစီးဌာနသည် ဦးတည်နေရာ (၁၂) နေရာတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိကြောင်းနှင့်တပ်ရင်းတပ်ဖွဲ့များတွင် အသိပညာပေး ဟောပြောခြင်းသည်လည်း လုပ်ငန်းစဉ်တစ်ခုအဖြစ် ပါဝင် လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

 

“စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်”

             ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၆-၁-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည်မြို့နယ် ၊ တံစိုးကျေးရွာ၊ရွာပုလဲကျေးရွာနှင့်မိုးကြိုးကုန်းကျေးရွာများ၌ ကျေးရွာသူ၊ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ်(ဦးစီးမှူး) နှင့် ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)တို့က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါကတိုင်းဒေသကြီး ၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center  ဖြစ်သည့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mmထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲများသို့ ရွာပုလဲကျေးရွာတွင်(၁၀၀)ဦး ၊ တံစိုးကျေးရွာတွင်(၁၁၀)ဦး၊ မိုးကြိုးကုန်းကျေးရွာတွင်(၉၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာသူ ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။ထို့နောက် ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများအား ကျောက်ဆည်ခရိုင် ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှစားအုန်းဆီများအား သက်သာသောစျေးနှုန်းများဖြင့်ရောင်းချနေမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်

DOCA(မန္တလေး)

 

 

ဖျာပုံမြို့စတိုးဆိုင်များတွင် COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် ဇန်နဝါရီလ (  ၂၂  )ရက်န့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ရှိစတိုးဆိုင်များအား COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့  အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများရှိ/ မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

         ယင်းသို့စစ်ဆေးရာတွင်စတိုးဆိုင်များတွင် COFFEE Shop (very good)တံဆိပ်ပါကော်ဖီမစ် ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုမရှိကြောင်း  သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

ဖျာပုံမြို့နယ်တွင်စက်ဆီ၊ချောဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး  ဦးမင်းဇော်ဦးဆောင်၍ ဝန်ထမ်းများနှင့်အတူ ဇန်နဝါရီလ (၂၃) ရက်န့၊ နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဖျာပုံမြို့တွင်းရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များတွင် စက်ဆီ၊ချောဆီများအား   ရေသန့်ဘူးများ၊ပြည်တွင်းထုတ်ဘူးများ၊ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူ  ရိုးမှားကပ်နှိပ်၍ အရည်အသွေးစံမမီသည့် စက်ဆီချောဆီများ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်‌ဆေးခဲ့ပါသည်။

     ယင်းသို့စစ်ဆေးရာ စက်ဆီချောဆီဆိုင်များတွင် စက်ဆီချောဆီများအား ‌ရေသန့်ဘူးများ ပြည်တွင်းထုတ်ဘူးများ တရားမဝင်တင်သွင်းသည့်ကုန်အမှတ်တံဆိပ်များနှင့်ဆင်တူရိုးမှားကပ်နှိပ် ၍အရည်အသွေးစံမမီသည့် စက်ဆီချောဆီများဖြန့်ဖြူးရောင်းချမှုမရှိကြောင်း၊ PPRT code များမှတ် ပုံတင်ထားသော စက်ဆီချောဆီများကိုသာ စစ်ဆေးတွေ့ရှိရကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တပင်(အ-မ-က)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ညောင်တပင် (အ-မ-က)ကျောင်း၌ စားသုံးသူကာကွယ်အသိပညာပေးဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံဦးသိန်းမောင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိ စေရေးအတွက်စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်ရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သက်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များကိုဟောပြောပါသည်။ ထိုအခမ်းအနားသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများစုစုပေါင်း(၅၆)ဦးတက် ရောက်ကြောင်းသိရပြီး၊ မိမိဌာနအနေဖြင့်လည်း စားသုံးသူများအသုံးပြုသည့်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိ သည်ကို ဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ