သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းဘူးမြို့၌ မုန့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်း‌ ဖော်ပြပေးရေး အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး  ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)နှင့် ဝန်ထမ်းများသည်(၂၈-၁-၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၄)ရပ်ကွက်ရှိ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သော “အောင်မြင်သူ” ပဲကိတ်၊ လမုန့်၊ ဆီကြော်မုန့်၊ ပေါင်မုန့်နှင့် ကိတ်မုန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်သို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေပြီး မိမိတို့လုပ်ငန်းများတွင်လည်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒု-ခရိုင်ဦးစီးမှူး  ဦးမြင့်ကြည်(မြို့နယ်တာဝန်ခံ)က ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန် များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောထုတ်ကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက် အတွင်းမှ လျော့နည်းပပျောက်သွားစေရန် စောင့်ကြည့်စစ်ဆေးအရေးယူသွားမည်ဖြစ်သောကြောင့် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်းကြားချက်(၂/၂၀၁၉)လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ပါသည်။

     “အောင်မြင်သူ”မုန့်လုပ်ငန်းကို လုပ်ကိုင်နေသည်မှာ (၁၅)နှစ်ရှိပြီဖြစ်ကြောင်း၊ အလုပ်သမား (၇)ဦးရှိကာ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ပြီး မုန့်(၆)မျိုး (၇)မျိုးခန့်ပြုလုပ်ပါကြောင်း၊ အဓိကအနေဖြင့် ပဲကိတ်နှင့် လမုန့်များကိုဦးစားပေးပြုလုပ်၍ ရောင်းချပါကြောင်း၊ မုန့်များကို မင်းဘူးမြို့ရှိ ဈေးဆိုင်များသို့ အဓိကထားပို့ရပြီး၊ စကုမြို့၊ လယ်ကိုင်း၊ ပွင့်ဖြူမြို့နယ်နှင့် လေးပင်ရွာစသည့် အနီးအနားရှိမြို့များသို့လည်းပို့ရပါကြောင်း၊ ယခုကာလသည် ဈေးနှုန်းများအဆမတန်မြင့်တက်နေမှုကြောင့် အကျိုးအမြတ်များစွာမရရှိဘဲ မိသားစုစားဝတ်နေရေးအဆင်ပြေရုံသာ ကျန်ရှိပါကြောင်း လုပ်ငန်းရှင် ဦးသိန်းဇော်၏ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွား ကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များ နှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက် ရှိပါသည်။

          ၂၇.၁.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လျှင် တိုင်ကြားနိုင် သည့်နေရာနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များနှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက်ရှိပါသည်။

         ၂၇.၁.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနနှင့် မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော ဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြတ်သီတာက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဝါဝါမြိုင်က ဦးစီးဌာန၏ ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission)များ၊ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ကုန်အညွှန်းအမှတ်အသားဆိုင်ရာညွှန်ကြားချက် (၂/၂၀၁၉) တို့အားဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကျိုက်မရောမြို့တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ဆောင်ရွက်

          မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကာကွယ်ရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များနှင့်မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက်ရှိရာ၂၆.၁.၂၀၂၃ ရက်နေ့၊ နေ့လယ်(၂:၀၀)နာရီအချိန် တွင် မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်သည် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

        အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တာခံ ဒေါ်ချိုမြတ်မြတ်ထွေး (ဦးစီးအရာရှိ) က Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ဆွေးနွေးခြင်း၊ မော်လမြိုင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဝါဝါမြိုင်က ဦးစီးဌာန၏ ဆောင်ပုဒ် (Motto)၊ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျှင် တိုင်ကြားနိုင်သည့်နည်းလမ်း များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( မွန်)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခြင်း

          ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ဝန်ထမ်းများနှင့်သွားရောက် ပြုလုပ်ခဲ့ပါသည်။

        အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ဒေါ်တင့်တင့်ခိုင်က “စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း သိကောင်းစရာများ” ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းခဲ့ရာ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေမှ “ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့်ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Talk Show ပြုလုပ်ခြင်းကို နေ့လည် (၁၄း၁၅)နာရီ အချိန်တွင် ပြီးမြောက်ကြောင်း  သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

         ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ဝန်ထမ်းများနှင့် သွားရောက် ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သင်းမြတ်မွန်က “စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေးများအကြောင်း သိကောင်းစရာများ” ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းခဲ့ရာ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေမှ “ စားသုံးသူကာကွယ်ရေးဆိုသည်မှာကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး၏လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှသတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်ကြောင်းနှင့်စားသုံးသူအခွင့်အရေး (၈)ချက်ကိုလည်း အကျဉ်းချုံး၍ ရှင်းလင်းပြောကြားခဲ့ပြီး Talk Show ကို နေ့လည် (၁၃း၁၅)တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

စားအုန်းဆီဈေးကားများရောင်းချနေမှုကြပ်မတ်ဆောင်ရွက်

        စားသုံးသူမိဘပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် စားသုံးဆီတင် သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ် ပြောင်းလဲမှုနှင့် အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ‌ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိရာ (၂၃.၁.၂၀၂၃ မှ ၂၉.၁.၂၀၂၃) ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး၊ လက်ကားဈေး နှုန်းများမှာ စားအုန်းဆီတစ်ပိဿာလျှင်  ၄၄၄၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

          အဆိုပါရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူကုန်ကျစရိတ်များ ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချရန်၊ လက်လီဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းနှင့် ဈေးနှုန်းအဆမတန်ရောင်းချနေမှုများ ရှိ/မရှိစေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်နှင့် ဝန်ထမ်းများသည် (၂၇.၁.၂၀၂၃) ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ ရေနံ့သာလမ်း၊ ရေနံ့သာဈေးအနီး (၂၄) ရပ်ကွက်နေပြည်သူများအား ဈေးကား  အမှတ်(၁)ဖြင့်လည်း ကောင်း၊ သံသုမာလမ်းနှင့် သိပ္ပံလမ်းထိပ်နေပြည်သူများအား ဈေးကားအမှတ် (၂)ဖြင့်လည်းကောင်း၊ တစ်ဦးလျှင် တစ်ပိဿာ(၄၆၅ဝိ/-) နှုန်းဖြင့် စားသုံးသူပြည်သူများအား Zabu Kan Tun Trading Co.,Ltd မှ တန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေများ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဒဂုဏ်ညွှန့်ဈေးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

               ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၂၇.၁.၂၀၂၃ ရက်နေ့၊ နေ့လည် (၁၄:ဝဝ) နာရီအချိန်တွင် တာမွေမြို့နယ်၊ ဒဂုဏ်ညွှန့်ဈေးရှိ ဈေးသူ/သားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းများ ‌ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအခွင့်အရေး နှင့်တာဝန်၊ စီးပွားရေးလု်ပငန်းရှင်၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)၊ ပုဒ်မ-41 ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ကုန်စည်၏အမှတ်တံဆိပ်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်အလေးချိန်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံ နည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ ကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ထုတ်လုပ်သူအမည်၊ လိပ်စာ၊ ပြည်ပမှတင်သွင်းလျှင်လည်း ထုတ်လုပ်သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ကုန်စည်တွင်ပါဝင်သည့် ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပစ္စည်းများ၏ပမာဏ၊ ပါဝင်မှုအမျိုးအစား၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာ အစိုးရဌာနများကဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များကို မြန်မာဘာသာ ဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြ ထားသောကုန်ပစ္စည်းများကိုသာ ရောင်းချရန် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြော

     နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၂၆-၁-၂၀၂၃) ရက်နေ့ နေ့လယ် (၁း၀၀) နာရီအချိန်တွင် ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်မှုဖွံ့ဖြိူးတိုးတက်ရေးအတွက် ဌာနပေါင်းစုံမှ ဝန်ထမ်းများနှင့်စုပေါင်း၍ ဟောပြောဆွေးနွေးခြင်းများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

       ကျေးရွာနေ မိဘပြည်သူများကို စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများက စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ထားသိုပုံနည်းစနစ်နှင့် အသုံးပြုပုံ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ စသည့် သတင်းအချက်အလက်မှန်ကန်ပြည့်စုံစွာဖော်ပြထားသော အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ရွေးချယ်ဝယ်ယူသုံးစွဲမှသာ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ပါကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်မည့်အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

             စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးဆောင်ရွက်မည့် အစီအမံများ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

            အဆိုပါအခမ်းအနား၌ စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာကော်မတီ ဥက္ကဌ၊ စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန့်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက် နှစ်ပိုင်းရှိပါကြောင်း၊ ပထမတစ်ပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိစား သုံးသူပြည်သူများ အနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲကြရာတွင် လုံခြုံစိတ်ချရမှုရှိ စေရေးနှင့်အခြေခံ လိုအပ်ချက် များနှင့်ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ကြမည့် အစီအမံများဆွေးနွေးဖေါ်ထုတ်ရန်နှင့် ဒုတိယတစ်ပိုင်းမှာ ကဏ္ဍအလိုက်ထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များကို သက်ဆိုင်ရာ လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရေး ဆောင်ရွက်ရမည့်အစီအမံများကို ဆွေးနွေးဖော် ထုတ်ရန်ဖြစ်ပါကြောင်း၊ ထိန်းကျောင်းဆောင်ရွက်ရသည့် ဌာနဆိုင်ရာများအနေဖြင့် မိမိတို့တာဝန်ယူဆောင်ရွက်ရသည့်ကဏ္ဍများနှင့်ပတ်သက်သည့် ဥပဒေ၊အမိန့်နှင့်ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းရှင်များကလည်း ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန်ဖြစ်ပါကြောင်း၊ ဖော်ထုတ်ချက်များကို စားသုံးသူရေးရာ ကော်မတီ အစည်းအဝေးတွင် ချပြဆွေးနွေးပြီး အစီအမံများချမှတ်မည်ဖြစ်ကြောင်း ပြောကြားပါသည်။ 

      အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ အာမခံရ ပေးရမည့်အချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန တိုင်းဒေကြီးဦးစီးဌာနမှူး ဒေါ်ကြွယ်ကြွယ်ယုက အစားအသောက်၊ အလှကုန်နှင့်ဆေးဝါး တင်သွင်း၊တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ဖြန့်ဖြူးခြင်း၊ရောင်းချခြင်းတို့အပေါ် ထိန်း​ကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာနမှ ဒုတိယတိုင်း ဦးစီးမှူး ဦးအောင်ကြည်ဝင်းက  စိုက်ပျိုးရေးသုံးဆေးနှင့် ဓာတ်မြေသြဇာ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများအပေါ် ထိန်းကျောင်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ဒေါ်သန်းသန်းနွယ်က ဟိုတယ်နှင့်တည်းခိုခန်းများအပေါ် ထိန်းကျောင်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် လုပ်ငန်းရှင်များ၏ မေးခွန်းများ၊ အကြံပြုချက်များအပေါ် ပြန်လည် ရှင်းလင်း ဆွေးနွေး ကြပါသည်။

    အလုပ်ရုံဆွေးနွေးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချကြသည့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၆၀ ဦးတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ၄:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူ-စစ်ကိုင်း

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ