သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဂွမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် အသိပညာပေး‌‌‌ဟောပြောခြင်း

           ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဂွမြို့နယ်တာဝန်ခံ ဒေါ်မာမာလေး(ဒု-ဦးစီးမှူး)သည် (၁၈-၁၁-၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် ဗဟုသုတများရရှိသောစာအုပ်၊ စာပေများခင်းကျင်းပြသသည့်အခမ်းအနားသို့ တက်ရောက်၍ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။

          အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ရွှေရည်ဝင်းကျော်ာ်(ဦးစီးအရာရှိ)က အမျိူးသားနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ စားသုံးရန်မသင့်သည့် အစားအစာများနှင့် စားသုံးသူကာကွယ်ရေးဉပဒေအခန်း (၁၈)၊ ပုဒ်မ (၄၁) ပြဌာန်းချက်ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး‌ဟောပြောခြင်းများ ‌ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်‌‌ရေးအသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)

 

 

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ဆေးနှင့်အဟာရဖြည့်စွက်စာများ ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင် ဦးစီးမှူး ဦးမိုးမင်းသန်းနှင့် မြို့နယ်ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် ပြည်သူ့ကျန်းမာ၊ မြို့နယ်စည် ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  (၁၄.၁၁.၂၀၂၂)ရက်နေ့  နံနက်(၁၀;၃၀) နာရီကမြောင်းမြမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်တင်သွင်းရောင်းချနေသော ကလေးချောင်းဆိုးပျောက်ဆေး နှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ အိမ်သုံးဆေးအရောင်းဆိုင်(၆)ဆိုင်မှဆိုင် ရှင်များအား စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေး ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ် လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင်တင်သွင်းလာသော  ကလေးချောင်းဆိုးပျောက်ဆေးနှင့် ကလေးအဟာရဖြည့်စွက်စာများ ရောင်းချခြင်းမပြုကြရန် သက် တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန် ဈေးကွက်အတွင်းစစ်ဆေး‌ တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိ ပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“စားသုံးသူအခွင့်အရေး ဦးစားပေး” သိရှိစေဖို့ အသိပညာပေး ဟောပြောစို့

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူ မြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂၀) ရက်နေ့ နံနက် (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက် ခန်းမတွင် ကျောင်းသား/ ကျောင်းသူများအား စာဖတ်စေခြင်းနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ပြုလုပ်ခဲ့ကြပါသည်။

          အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူ(၅)ဦးအား အိမ်တွင်းသက်မွေးမှုလုပ်ငန်းများ၊ လူငယ်များ စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်းများ၊ ဈေးကွက်ရောက် ကုန်စည်များကို လူငယ်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်သော ကုန်စည်ကို သာ ရွေးချယ်ဝယ်ယူတက်စေရန် သိရှိထားသင့်သော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏ အချက်အလက်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးကို သိရှိရန်အချက်များအကြောင်း၊ အခွင့်အရေးသိရှိသလို လိုက်နာရမည် တာဝန်များရှိသောကြောင့် လိုက်နာတက်စေရန်နှင့် စားသုံးသူအခွင့်အရေး နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ( ၃/၂၀၂၂ ) ကျင်းပပြုလုပ်ခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညီလာခံခန်းမတွင် ယနေ့နံနက် (၀၉:၀၀)အချိန်၌ စစ်ဆေးရေးအရာရှိများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၃/၂၀၂၂)ဖွင့်ပွဲကျင်းပရာ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်၍ အဖွင့်အမှာစကား  ပြောကြားသည်။

      ဒုတိယဝန်ကြီးက ပြောကြားရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများသည် စားသုံးသူ ပြည်သူများ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ဘေးကင်းလုံခြုံရေးအတွက် ရည်မှန်းထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊  ဤသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိများသည် ကုန်ပစ္စည်းများကို ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူနစ်နာ တိုင်ကြားမှုများ ဖြေရှင်းခြင်းနှင့် ပြည်တွင်းထုတ်ကုန်အရည်အသွေးများ မြှင့်တင်နိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

      ဒါ့ကြောင့် စစ်ဆေးရေးအရာရှိများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ဤကဲ့သို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနက ရွေးချယ် ခန့်ထား သော စစ်ဆေးရေးအရာရှိ(၃၉၅)ဦးဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက် ရှိပါကြောင်း၊  ယနေ့ကျင်းပပြုလုပ်သောအလုပ်ရုံဆွေးနွေးပွဲသည် ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ပေးသည့် ဆွေးနွေးပွဲလည်းဖြစ်ပါကြောင်း၊ တစ်ဖက်တစ်လမ်းတွင်လည်း စားသုံးသူအခွင့်အရေးများ အကာအကွယ် အပြည့်အဝပေးနိုင်ရေးအတွက် အင်အားဖြည့်တင်းသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊

      အလုပ်ရုံဆွေးနွေးပွဲတွင် စားသုံးသူဥပဒေကိုအခြေခံသော စားသုံးသူကာကွယ်ရေးနည်းဗျူဟာများ လေ့ကျင့်ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ဌာနတွင်းဘာသာရပ်(၈)ခုနှင့် အခြားဆက်စပ်ဝန်ကြီးဌာန(၇)ခု တို့၏ သိမှတ်ဖွယ်ရာ သင်ခန်းစာများကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲ      အတွင်းမှာ စစ်ဆေးရေးအရာရှိများအနေဖြင့် ဘေးကင်းလုံခြုံမှုမရှိသော ကုန်ပစ္စည်းများအနက် သိမ်းဆည်း သင့်သည့်ကုန်စည်များနှင့် တားမြစ်သင့်သည့် ကုန်စည်များအကြောင်းကို ခွဲခြားနိုင်ရေး ဆွေးနွေး သွားမည်ဟု သိရကြောင်း၊ စားသုံးသူနစ်နာမှု တိုင်ကြားခြင်းကိစ္စတွင်လည်း Mediationကို မှန်မှန်ကန်ကန် လုပ်နိုင်ရေး သင်ကြား ဆွေးနွေးသွားမည်ဖြစ်ကြောင်း။

      ပြင်ပဘာသာရပ်များတွင်လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းနှင့် စားသုံးသူအငြင်း ပွားမှု ဖြေရှင်းသည့်အခါ အထောက်အကူရရှိစေခြင်းအလို့ငှာ ဆက်စပ်ဝန်ကြီးဌာနများက ကျွမ်းကျင်နည်းပြ များကို ဖိတ်ခေါ်ဆွေးနွေးစေခြင်းဖြစ်ကြောင်း၊ မိမိမကျွမ်းကျင်သည့် ဘာသာရပ်များတွင် ပြင်ပနည်းပြ များက သင်ကြားဆွေးနွေးပေးမည်ဖြစ်သဖြင့် အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း။

      စားသုံးသူကာကွယ်ရေးပညာရပ်သည် ဘာသာရပ်အသစ်တစ်ခုဖြစ်သည့်အတွက် အာဆီယံနှင့် အခြားနိုင်ငံများ၏ နည်းစနစ်များလေ့လာ၍ မိမိနိုင်ငံအတွက် လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ မျက်ခြေမပြတ် လေ့လာကြရန်နှင့် နယ်စပ်ဖြတ်ကျော် စားသုံးသူအငြင်းပွားမှုကိစ္စများ ဖြေရှင်းသည့်အခါ အိမ်နီးချင်းနိုင်ငံ များနှင့် လိုက်ပါဆောင်ရွက်နိုင်ရန် လေ့လာရန်လိုအပ်ကြောင်း၊ နိုင်ငံတကာတွင် စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းကို အလေးအနက်ထား ဆောင်ရွက်နေသည့်အချိန်တွင် မြန်မာနိုင်ငံအနေဖြင့်လည်း ရင်ဘောင်တန်း လိုက်ပါဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။

      စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် အချိန်တိုတောင်း သော်လည်း ဘာသာရပ်များက အလွန်ကျယ်ပြန့်များပြားသည်ဟု သိရကြောင်း၊ ထို့ကြောင့် အလုပ်ရုံဆွေး နွေးပွဲ ပြီးဆုံးပြီးနောက်ပိုင်းတွင်လည်း စဉ်ဆက်မပြတ်လေ့လာကြရန် လိုအပ်ကြောင်း၊ စစ်ဆေးရေး မှူးများအနေဖြင့် မိမိတို့ရောက်ရှိနေသည့် နယ်မြေရှိ စားသုံးသူများ၏ လိုအပ်ချက်နှင့်အလေ့အထများ လေ့လာပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များ ပညာပေးခြင်း၊ စားသုံးသူများပညာပေး ခြင်းနှင့် စားသုံးသူအငြင်းပွားမှုများ နေရာဒေသလိုက်ပြီး ချဉ်းကပ်ပုံချဉ်းကပ်နည်း ပြောင်းလဲဆောင်ရွက် တတ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စုစည်းခေါ်ယူဆွေးနွေး သင်ကြားပေးလိုသည့် ရည်ရွယ်ချက်ကို ယခုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

      နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် ဆွေးနွေးပွဲတက်ရောက်လာကြသည့် စစ်ဆေးရေးအရာရှိများသည် ဥပဒေ၊ နည်းဥပဒေများအပေါ် အခြေခံသော စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲမှရရှိသည့် ရလဒ်များကိုအသုံးပြု၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းသွားပါသည်။

      စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးအရာရှိ (၅၃)ဦး တက်ရောက်ကြပြီး နိုဝင်ဘာလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့ထိ ဆွေးနွေး ကြမည်ဖြစ်ကြောင်း သိရသည်။

DOCA(Product Safety)

ပေါင်မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

        ၁၄.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံထံသို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ စားသောက်ကုန်၊ အလှကုန်နှင့် ကုန်မျိုးစုံ ရောင်းချဖြန့်ဖြူးနေသော လုပ်ငန်းရှင်မှ ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်များအား သိရှိလိုပါကြောင်း လာရောင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

       ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ၂/၂၀၁၉ ပါ ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်များနှင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့်ကိုက်ညီသည့် ကုန်စည်များ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက် ပါရှိသည့် ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးသင့်ကြောင်း စသည့် အချက်များအား ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ပါ လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

မော်လမြိုင်မြို့၊ အမှတ် (၅)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ၁၆.၁၁.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့၊ အမှတ် (၅)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမြင့်ခိုင် က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ အစားအသောက်များဝယ်ယူစားသောက်ရာတွင် ဘေးဥပဒ်အန္တရာယ်ကင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်သင့်သည့် အကြောင်းအရာများ၊ ဓာတုဆိုးဆေးများ၏ အန္တရာယ်များအကြောင်း၊ စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၅၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

အထက (၅) မော်လမြိုင်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

         ၁၆.၁၁.၂၀၂၂ ရက်နေ့ ၁၃၀၀ နာရီတွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထက (၅) ၊ မော်လမြိုင် ကျောင်း၌ စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နယ်လီဝင်းက အဖွင့်အမှာစကားပြောကြား ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေး ဒေါ်သဇင်ဖြိုးမြတ်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ ကုန်စည်/ဝန်ဆောင်မှုများရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူ သုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြား နိုင်သည့်အကြောင်း အရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းများအား ဝယ်ယူ‌လေ့လာနိုင်

          အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် အထောက် အကူပြုသော စံချိန်စံညွှန်းများ ဖော်ထုတ်ချမှတ်နိုင်ရေးနှင့် မြန်မာစံချိန်စံညွှန်းများ ပေါ်ထွက်လာ စေရေးအတွက် အမျိုးသားစံချိန်စံညွှန်းကောင်စီက သက်ဆိုင်ရာကဏ္ဍအလိုက် စံချိန်စံညွှန်းရေးဆွဲ ရေးနည်းပညာဆပ်ကော်မတီပေါင်း (၂၅)ခု ဖွဲ့စည်းထားရှိပါသည်။

            စံချိန်စံညွှန်းရေးဆွဲရေးနည်းပညာဆပ်ကော်မတီများ အနေဖြင့် စံချိန်စံညွှန်းရေးဆွဲရာတွင် အောက်‌ဖော်ပြပါ အဆင့် (၆) ဆင့်ဖြင့် ရေးဆွဲပြုစုဆောင်ရွက်လျက်ရှိပါသည်-

(က)  အဆိုပြုခြင်းအဆင့်

(ခ)    ကြိုတင်ပြင်ဆင်ခြင်းအဆင့်

(ဂ)    နည်းပညာဆပ်ကော်မတီအဆင့်

(ဃ)  အများပြည်သူသဘောထားမှတ်ချက်တောင်းခံခြင်းအဆင့်

(င)    အတည်ပြုခြင်းအဆင့်

(စ)    ပုံနှိပ်ထုတ်ဝေခြင်းအဆင့်

       နည်းပညာဆပ်ကော်မတီ(၂၅)ခု အနက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ပို့ကုန် အလား အလာရှိသည့် လယ်ယာထွက်ကုန်သီးနှံများအား ဦးစားပေးအလိုက် မြန်မာစံချိန်စံညွှန်းများ ရေးဆွဲ လျက်ရှိပါသည်။

         စိုက်ပျိုးရေး အခြေခံထုတ်ကုန် စံချိန်စံညွှန်းရေးဆွဲရေး နည်းပညာဆပ်ကော်မတီ အဆင့် တွင်  ရေးဆွဲအတည်ပြုပြီးဖြစ်သည့် ပူးတွဲပါ လယ်ယာထွက်ကုန်သီးနှံအမယ် ၃၂ မျိုးအား အမျိုးသား စံချိန်စံညွှန်းကောင်စီက မြန်မာစံချိန်စံညွှန်းများအဖြစ်ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

         အဆိုပါ စိုက်ပျိုးရေးအခြေခံထုတ်ကုန်ဆိုင်ရာ မြန်မာစံချိန်စံညွှန်းစာအုပ်များအား လေ့လာဖတ်ရှုလိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (ဖုန်း ၀၉ -၉၅၅၀၃၀၆၀၉) နှင့်ချိတ်ဆက် ဝယ်ယူလေ့လာနိုင်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

DOCA(ITQM)

ဒေးဒရဲမြို့ ရုံးကြီးကွက်သစ်(၆)လမ်းဈေးရှိ ကုန်မျိုးစုံအရောင်းဆိုင်များအားဈေးကွက် စောင့်ကြည့်စစ်‌ဆေး

          ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမြို့နယ်စစ်ဆေးရေးမှူး ဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် (၁၆.၁၁.၂၀၂၂)ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီ အချိန်တွင် ဒေးဒရဲမြို့၊ ရုံးကြီးကွက်သစ်(၆) လမ်းဈေးရှိ ကုန်မျိုးစုံဆိုင်များအား ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ကုန်စည်များကို ဘေးအန္တရာယ်မရှိစေရေး စောင့်ကြည့်စစ်ဆေးခြင်းနှင့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

   ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့်ဖော်ပြထားမှုမရှိ သောကုန်စည်များရောင်းချခြင်းမပြုရန် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ (၁၆)ရက်၊ နေ့လယ်  ( ၁၄ : ၀၀)နာရီတွင် ကန့်ဘလူခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူရေးရာ ဦးစီးဌာန၏ မျှော်မှန်းချက်နှင့်ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့် အရေးများ ၊ စားသုံးသူရေးရာဦးစီးဌာန၏ www.doca.gov.mm Websiteသို့ဝင်ရောက် ကြည့်ရှုလေ့လာ၍ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

       အဆိုပါအသိပညာပေးဟောပြောပွဲသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၉) ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ