သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မင်းတုန်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် အသိပညာပေး (Talk Show)ဟောပြောပွဲ ကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေ ဦးဆောင်သော ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် (၅.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)ပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့်ပူးပေါင်း၍  မင်းတုန်းမြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်များတွင် သုံးစွဲရန်မသင့် ထုတ်ပြန်ထားသော စားသောက်ကုန်များ ရောင်းချမှုရှိ/ မရှိနှင့် ဌာန၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှု ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး  စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်  မြန်မာဘာသာဖြင့်ဖြစ်‌စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန်အသိ ပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၌ နံနက်(၁၁:၃၀)အချိန်တွင် အသိပညာပေး(Talk Show) ဟောပြောပွဲပြုလုပ်ရာတွင် မင်းတုန်းမြို့နယ် တာဝန်ခံဦးကျော်ရွှေက ကုန်စည်/ဝန်ဆောင်မှုနှင့် အာမခံချက်ပေးခြင်း အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာတို့၌ ဆီကုန်သည်များအသင်းမှ စားအုန်းဆီများ ရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၄.၄.၂၀၂၃) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် မကွေးမြို့၊ စျေးလယ်စိုးရပ်၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော စားအုန်းဆီများကို မကွေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကား(၁)စီးဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးနေမှုအား မကွေးခရိုင် ဦးစီးမှူးရုံးမှ ဦးအောင်ဖြိုးဝေ (ဒု-ဦးစီးမှူး)၊ ဦးဟာခေါဂေ (ဒု-ဦးစီးမှူး)နှင့် ဦးလင်းကိုကိုဖြိုး (ရုံးအကူမှူး)တို့မှ သွားရောက်ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။(၄.၄.၂၀၂၃) ရက်နေ့တွင် စျေးကား(၈)စီးဖြင့် စစ်မှုထမ်းဟောင်းအိမ်ရာ၊ ကင်းရပ်၊ အုတ်ဖိုရပ်၊ စျေးလယ်စိုးရပ်၊ ဝါးတောချောင်း ကျေးရွာ၊ ကံလှ ကျေးရွာ၊ ကံပြားအရှေ့ကျေးရွာနှင့် ဝက်သိုက်ကျေးရွာတို့၌ သွားရောက်ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

  ထို့သို့ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး စားအုန်းဆီစျေးနှုန်းများ မှန်ကန်ရေး အလေးချိန်ပြည်ဝမှန်ကန်မှုရှိစေရေး စားအုန်းဆီဝယ်ယူရာတွင် တန်းစီစနစ်ဖြင့် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

 

မကွေးမြို့၊ ကောင်းမွန်အရောင်းစင်တာနှင့် Magway Shopping Mall ၌ အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ (၄.၄.၂၀၂၃) ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် မကွေးမြို့၊ ကောင်းမွန်အရောင်းစင်တာတွင်လည်းကောင်း၊ (၅.၄.၂၀၂၃)ရက်နေ့ နံနက် (၁၀:၃၀) နာရီတွင် Magway Shopping  Mall လည်းကောင်း စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ၊ မကွေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာ၌ စျေးကွက်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်၊ သုံးစွဲရန်မသင့် တားမြစ်ထားသော စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ သက်တမ်းလွန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမထားသော ကုန်စည်များမရှိစေရေး စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။

        မကွေးခရိုင်ဦးစီးမှူးမှ ကောင်းမွန်အရောင်းစင်တာနှင့် Magway Shopping  Mall ရှိ အရောင်းစင်တာတစ်ခုချင်းအလိုက် တာဝန်ယူထားသော ဝန်ထမ်းများအား မိမိတို့တာဝန်ယူထားသည့် ကုန်စည်အလိုက် ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်စည်များ၊ သက်တမ်းကျော်လွန် မှုမရှိစေရေး အထူးသတိထားဆောင်ရွက်ပေးရန် အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉) လက်ကမ်းစာစောင်များအား  ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

 

 

ပဲခူးဈေးကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်နှင့် ဆေးဝါးများရောင်းချစေရေးအတွက် ဈေးကွက်‌စောင့်ကြည့်စစ်ဆေး

     ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မဈေးအတွင်း ရောင်းချနေသော အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်ပစ္စည်းများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် တိုင်း ဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ၅.၄.၂၀၂၃ ရက်နေ့တွင် ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ပဲခူးဈေးကြီးအတွင်း ရောင်းချ‌နေသော ဒေါ်ဆွေဆွေခိုင်ဈေးဆိုင်မှ ပဲသွေးများကို ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ နမူနာကောက်ယူ စစ်ဆေးခဲ့ရာတွင်  ဖော်မလင်ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါ ပဲသွေး(၅၀) ကျပ်သားပါ (၁၄) ခုအား အဖွဲ့မှ သိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ၌ဆန်စပါးဥပဒေ (မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

       စားသုံးသူရေးရာဦးစီးဌာန ၊ နတ်တလင်းခရိုင်၌ ဆန်စပါး ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နတ်တလင်းမြို့နယ် ၊ ရန်ကုန်-ပြည်ကားလမ်းမဘေးရှိ သာစည်ရပ်ကွက် ၊ ရွှေထင်းဘိုးဘွားရိပ်သာခန်းမ၌ (၃.၄.၂၀၂၃) ရက်နေ့ ၊ နံနက် (၇ : ၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနဲ့ လယ်ယာစီးပွားရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှာလည်း “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည် ” ဟူ၍ ဦးတည်ချက်ချမှတ်၍ ဆောင်ရွက် လျက်ရှိကြောင်း ၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဆန်စပါကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်  မိမိတို့ လုပ်ငန်းများရဲ့ လက်ရှိ ပကတိအခြေအနေများနှင့် အခက်အခဲများရှိပါက မည်ကဲ့သို့ ကျော်လွှားရမည်ကို ပွင့်ပွင့်လင်းလင်း ချစ်ကြည်ရင်းနှီးစွာ အကြံပြုဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၊ ဦးဇေယျာဆွေက ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တက်‌ရောက်လာသူများက ဥပဒေ(မူကြမ်း)အား အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)

 

ရေတာရှည် မြို့နယ်တွင် MSMEs လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

         စားသုံးသူရေးရာဉီးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် (၆.၄.၂၀၂၃)ရက်နေ့၊ နံနက်တွင် ရေတာရှည်မြို့နယ်မှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပုဒ်မ ၄၁ နှင့် ပုဒ်မ ၄၃ တို့တွင် ကုန်စည်များ၌ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ပြဌာန်းချက်များ စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် လုပ်ငန်းရှင်များ လွယ်ကူစွာဆောင်ရွက်နိုင်စေရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက်အမှတ် ၁/၂၀၂၁  တို့ ထုတ်ပြန်ခဲ့ခြင်းကို လိုက်နာရမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများအနေဖြင့် ကုန်စည်များအပေါ် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စိစစ်အရေးယူမည့် ဦးစားပေးအလိုက် ရွေးချယ်ထားသည့် ကုန်စည်အမျိုးအစားများအား စျေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ၊  သို့ဖြစ်ပါ၍  မိမိခရိုင်အတွင်းရှိ  အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSMEs) လုပ်ငန်းရှင်များက မိမိလုပ်ငန်းမှ ထုတ်လုပ်သည့် စားသောက်ကုန်အပါအဝင် ကုန်စည်များ၌ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများအား ထည့်သွင်းဖော်ပြရန် တိုက်တွန်းလိုပါကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူခရိုင်အတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

       စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်နှင့် တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူတို့သည် (၅.၄.၂၀၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ နတ်သျှင်နောင်ရပ်ကွက်ရှိ မြတ်မုန့်မျိုးစုံ လုပ်ငန်းသို့ သွားရောက်၍ ထုတ်လုပ်သူ ဦးမြတ်သီဟနှင့် ‌တွေ့ဆုံဆွေးနွေးပြီး ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      မြတ်မုန့်မျိုးစုံလုပ်ငန်းသည် မြတ်အမှတ်တံဆိပ်ဖြင့် ပဲဖယုံမုန့်၊ ဖယုံမုန့်၊ ဒူးရင်းပဲလမုန့်၊ နာနတ်လမုန့်၊ ပဲမုန့်၊ ပဲအံစာမုန့်နှင့် ပဲလမုန့်စသည့် အသင့်စားမုန့်(၇)မျိုးကို ထုတ်လုပ်ပြီး ဒေသတွင်း အတော်အသင့်အောင်မြင်နေသည့် MSMEs လုပ်ငန်းဖြစ်ပါသည်။ ခရိုင်ဦးစီးမှူးက ဈေးကွက်သို့ ဖြန့်ဖြူးခြင်းမပြုမီ စားသုံးသူများ ထိခိုက်နစ်နာမှုများမရှိအောင် စနစ်တကျဆောင်ရွက်ရန်၊ စားသုံး သူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

    ထို့အတူ ယင်းနေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တစိုးသည် ဖြူးမြို့၊ ဘူတာမြောက်ရပ်ကွက်၊ ထန်းကုန်းလမ်းရှိ ပါရမီ ထင်းအစားထိုး လောင်စာတောင့်ထုတ်လုပ်ရေးလုပ်ငန်းသို့ သွားရောက်လေ့လာပြီး လုပ်ငန်းရှင်ဦးအောင်ဖြိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြသပါ သည်။

   ပါရမီ ထင်းအစားထိုးလောင်စာတောင့် ထုတ်လုပ်ရေးလုပ်ငန်းသည် ၎င်းတို့မိသားစုပိုင် ပါရမီဆန်စက်မှစပါးခွံများဖြင့် လောင်စာတောင့်များကိုထုတ်လုပ်ခြင်းဖြစ်ပြီး တစ်နေ့လျှင် လုပ်သား ၆ ဦးဖြင့် လောင်စာတောင့် ပိဿာ ၆၀၀ ခန့်ထုတ်လုပ်နိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

တောင်ငူခရိုင် ရေတာရှည်မြို့တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေးသည် (၅.၄.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာပေဝါသနာရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပါသည်။

       မြို့နယ်တာဝန်ခံသည် စာပေဝါသနာရှင်များအား စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်ခြင်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ရှင်းလင်းဖြေကြားပါသည်။

          ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်နှင့် စာပေဝါသနာရှင် ၈ ဦးတက်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူမြို့အတွင်းရှိ ကုန်စုံဆိုင်များနှင့်မုန့်မျိုးစုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် တွဲဘက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး ၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရေး အတွက်ရည်ရွယ်၍ (၄.၄.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပခုက္ကူမြို့၊  အမှတ်(၁၅) ရပ် ကွက်အတွင်းရှိ မုန့်မျိုးစုံဆိုင်များနှင့် ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာ ဖော်ပြထားမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။       

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မုန့်မျိုးစုံရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့်ကုန်စည်များကိုသာရောင်းချရန်နှင့်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့်မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

                                                                  

တောင်ငူခရိုင်အတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို Talk Show အစီအစဉ်ဖြင့်ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်သကဲ့သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပူးပေါင်း၍ Talk Show အစီအစဉ်ဖြင့်လည်း ဆောင်ရွက်လျက်ရှိပါသည်။

      (၃.၄.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိုနယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်အတူ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန၌ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများ ကို Talk Show အစီအစဉ်ဖြင့်အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

     ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူ သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းနှင့်အတူ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမ၌  ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့်အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါနေ့ နံနက်ပိုင်းတွင်ပင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူးဦးစောသန်းထိုက်ကျော်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဦးစီးမှူး ဒေါ်ခင်မူမူဝင်းနှင့်အတူ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခန်းမတွင် စားသုံးသူများနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် ဦးစီးဌာနမှ စစ်ဆေးရေး အရာရှိ များခန့်အပ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းများကို Talk Show အစီအစဉ် ဖြင့် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

                                                         

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ