
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့ စားသုံးသူရေးရာ ဦးစီးဌာနရုံး၌ ဆန်စက် အလုပ်သမား (၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ ကာကွယ်ရေး အကြောင်း စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ဓာတုဆေးဝါးများအကြောင်း၊ အစားအစာများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော အစားအစာများကို ဝယ်ယူသုံးစွဲကြရန်နှင့် စားသုံးသူ အခွင့်အရေးများအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများရှိပါက (၁၅၃၅)သို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)