သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မကွေးမြို့၊ ကန်သာဈေး၌ ကုန်စည်နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းသည် ( ၃.၉. ၂၀၂၅)ရက်နေ့၊ နံနက်(၀၇:၃၀)အချိန်တွင် မကွေးမြို့၊ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ကုန်စည် များအား နမူနာဝယ်ယူ၍ Mobile Lab Van ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နမူနာဝယ်ယူစစ်ဆေးခဲ့သော ပိတ်ဆွယ်၊ ပဲသွေး၊ ငပိ၊ မျှစ်(အနီရောင်၊ အဖြူရောင်၊ အဝါရောင်)၊ ပဲပြား (S/ K)၊ ငါးဘတ်ခြောက်၊ အသားတု၊ ခေါက်ဆွဲ၊ ကြက်အူချောင်း၊ ချင်းပေါက်၊ လက်ဖက်၊ အမဲသွေးခဲတို့၌ အစားအစာများတွင်သုံးစွဲရန်မသင့်သော ချွတ်ဆေးများ၊ တာရှည်ခံဆေးများ သုံးစွဲထားခြင်း ရှိ/ မရှိ  Mobile Lab Van     ဖြင့် ချက်ချင်းစစ်ဆေးခဲ့ရာ ပဲသွေး၌ ခွင့်မပြုတာရှည်ခံဆေး သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်  ပဲသွေးရောင်းချသည့်စျေးသည်အား စျေးတာဝန်ခံရုံးသို့ ‌ခေါ်ယူ၍ ဆက်လက်ရောင်းချခြင်းမပြုရန် အဖွဲ့စုံရှေ့တွင် ဝန်ခံကတိလက်မှတ် ရေးထိုးစေခြင်းနှင့် သုံးစွဲရန်ခွင့်မပြုတာရှည်ခံဆေးသုံးစွဲထားသော ပဲသွေးအား ဖျက်ဆီး၍ စျေးတာဝန်ခံရုံးရှိ အမှိုက်ပုံးထဲသို့ စွန့်ပစ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

နတ်တလင်းခရိုင်တွင်စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

    နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ (၂-၉-၂၀၂၅) ရက်နေ့     နေ့လယ် (၃:၀၀) နာရီအချိန်တွင် နတ်တလင်းခရိုင်တာဝန်ခံနှင့် ဒု-ခရိုင်တာဝန်ခံတို့က နတ်တလင်း မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်တာဝန်ခံ ဦးခင်မောင်ထွန်းက နတ်တလင်း မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များကို ပြည်သူများသို့ ဆီရောင်းချရာတွင် Capital Connect ကုမ္ပဏီမှ Softwar စနစ်ထည့်သွင်း၍ ရောင်းချမည့် အစီအစဉ်အား ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ ခရိုင်တာဝန်ခံ ဒေါ်အေးအေးသင်းက စားအုန်းဆီ ရောင်းချဖြန့်ဖြူးနေသော လက်လီ၊ လက္ကား လုပ်ငန်းရှင်များအား လိုက်ပါပူးပေါင်း ဆောင်ရွက်ပေးပါရန်နှင့် ခွဲတမ်းရရှိသောဆီများအား ပြည်သူလက်ဝယ်သို့ ရောက်ရှိရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ နေရာမှန်ကန်စေရေး၊ လက်လီ/လက္ကား စာရင်း မှန်ကန်စေရေး၊ အချိန်မှန်စေရေး၊ အရေအတွက်မှန်စေရေး၊ အချိန်အတွယ်နှင့် အရည်အသွေးမှန် စေရေးစသောမှန် (၆) မှန်နှင့် အညီဆောင်ရွက်ပေးရန် ဆွေနွေးခဲ့ရာ ကိုယ်စားလှယ်များမှ လည်းသိလို သည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင် (၁၅)ဦးတက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

၂၀၂၅ခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

   ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် အရည်အသွေးပြည့်မီသော အင်တာနက် ဝန်ဆောင်မှုများ ရရှိစေရန် စားသုံးသူများ၏ လူနေမှုဘဝများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ပြည်ခရိုင်အတွင်းရှိ မြို့နယ်တာဝန်ခံများမှ ပြည်မြို့နယ်တွင် “MYTEL ၊ ခေတ္တရာဘရော့ဘမ်” လုပ်ငန်းများ သို့လည်းကောင်း၊ ရွှေတောင်မြို့တွင် “မိုဘိုင်းနန်းတော်”ဖုန်းဆိုင်သို့လည်းကောင်း ဆက်သွယ်ရေး အင်တာနက် ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကွင်းဆင်းစစ်ဆေး၍ ဆက်သွယ်ရေး (ဝန်ဆောင်မှု)(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား  အများပြည်သူ များလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက ကြိုတင်အသိပေးရန်နှင့် ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာ ငွေကြေးဖြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများမှ ငွေပြန်အမ်းသည့် Refound Policy များထားရှိဆောင်ရွက်နိုင်ရေး အင်တာနက်လိုင်းများ ပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများ အနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

  စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့မှ (၃၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် အမှတ်(၁၆/၅) ပြည်တော်သာရပ်ကွက်ရှိ“စုံစီ” ပြည်ကော်ရည်၊ ပြည်ပလာတာလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁၆၄)လမ်းမတော်လမ်း၊ ဘဏ်အနီးရှိ“ခင်ခင်လင်း” ချဉ်ပေါင်ဖူးယိုလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁၇၃)၊ ပန်းထိမ်တန်း လမ်းရှိ “လုပ်သား”ဟင်းချိုမှုန့်လုပ်ငန်း သို့လည်းကောင်း၊ ဈေးရုံရှေ့၊ ပန်းထိမ်တန်းလမ်းရှိ “ရွက်စိမ်း” လက်ဖက်ခြောက်လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၈) မက္ခရာ မင်းသားကြီးလမ်း၊ စက်မှုဇုန်ရှိ “နေဝန်း”ဟင်းချိုမှုန့် လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၃) ရွှေဘုန်းပွင့်ဘုရားလမ်းရှိ “နေလ”ဟင်းချိုမှုန့်လုပ်ငန်းသို့လည်းကောင်း၊ ကျောင်း/အိုးရပ်ကွက်၊ ကုန်သည် လမ်းရှိ “ကြယ်စင်သစ်” ခေါင်းလျှော်ရည်လုပ်ငန်း သို့လည်းကောင်း၊ ဆေးရုံလမ်းတိုလမ်း၊ ရွှေကူရပ်ကွက်ရှိ “ခြင်္သေ့မင်း” ဆေးသနပ်ခါးခုလုပ်ငန်းသို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက်၊ ကျောင်းအိုးလမ်းရှိ “La Pyae” သောက်ရေသန့်လုပ်ငန်း သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်း များသည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာ ဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိ ပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်တွင်Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် (၁၈.၈.၂၀၂၅)နေ့ ဝက်ထီးကန်တိုက်နယ်၊ ဝါးရုံဆိပ်အုပ်စု၊ လျှော်ထုံးရွာရှိ ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၈.၈.၂၀၂၅)ရက်နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းရှိ ရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ (၂၅.၈.၂၀၂၅) ရက်နေ့တွင် မြို့ပေါ်ရှိကုန်စုံဆိုင်ပိုင်ရှင်များ အားလည်းကောင်း ၊ ပန်းတောင်းမြို့နယ်၌ (၂၅.၈.၂၀၂၅)ရက်နေ့တွင် နတ်မောက်အုပ်စု၊ ရွှေတောင်ကုန်းကျေးရွာရှိ ပြည်သူများအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်ခရိုင်အတွင်း ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

  စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့မှ (၃၁) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက်ရှိကုန်စုံဆိုင်များနှင့် သရက်တောရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးနှင့် အရန်အသင့်အစားအစာ အမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့ပေါ်ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးနှင့် အရန်အသင့်အစားအစာ အမျိုးမျိုးကို လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါ ကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်မှ(၃၁)ရက်အထိ ပြည်ခရိုင်အတွင်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင် လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(၁၆)ရက်မှ(၃၁)ရက်အတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် ပြည်တက္ကသိုလ်၊ အ.ထ.က(မူယာပင်)ကျောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ညောင်ပင်သာအုပ်စု၊ သစ်စိမ်ပင်ကျေးရွာရှိပြည်သူများ၊ မူလွန်(နတ်မောက်) ကျောင်းသို့လည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူ အသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကို လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများ သည်စားသုံးသူကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင်စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ် တာဝန်ခံရုံးတွင်  (၃၁.၈.၂၀၂၅) ရက်နေ့ ၊နေ့လည် (၁၃:၀၀) နာရီ အချိန်တွင် စားအုန်းဆီ  လက်လီ ၊  လက်ကားရောင်းချနေသော ကိုယ်စားလှယ်များအား စားအုန်းဆီကြီးကြပ် ရောင်းချနိုင်ရေး (Software) စနစ်ဖြင့်အသုံးပြုနိုင်ရေးနှင့် စာရင်းထည့်သွင်းနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင် (၄၇)ဦးအား ညွှန်ကြားချက်နှင့်အညီ ရောင်းချနိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် အုတ်ဖိုမြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက်မှ စားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆) မှန်ဖြင့်(၁) လက်လီလက်ကားစာရင်းမှန်၊ (၂) နေရာမှန်၊ (၃) အချိန်မှန်၊ (၄)ဈေးနှုန်းမှန်၊ (၅) အရေ အတွက်မှန်၊ (၆) အချိန်အတွယ်နှင့်အရည်အသွေးမှန်ရမည်ဖြစ်ကြောင်း၊ စနစ်တကျ ရောင်းချ စေရန်နှင့် Software စနစ်ဖြင့် အသုံးပြုဖြန့်ဖြူးနိုင်ရေး အားလုံးပူးပေါင်းပါဝင်ကြရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့နယ်ဆီလက်လီ၊လက်ကားကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ (၁.၉.၂၀၂၅) ရက်နေ့ နေလည်(၁၃း ၃၀) နာရီအချိန်တွင်ဆီလက်လီ၊လက်ကား ရောင်းချသည့်ကိုယ်စားလှယ် (၁၈)ဦးအား မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှ ဆွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းများနှင့်တွေ့ဆုံခဲ့ရာတွင် ဌာန၏လမ်းညွှန်ချက်အရ စားအုန်းဆီကြီးကြပ်ရေးစနစ် (Software) စနစ်အသုံးပြုနိုင်ရန် ကြို့ပင်ကောက်မြို့နယ် ဆီထုတ်ကိုယ်စားလှယ်မှ လက်ကား ကိုယ်စားလှယ်ဖြန့်ဖြူးသည့် စာရင်း၊လက်ကားကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့  ဖြန့်ဖြူး သည့်အရင်း၊လက်ကားကိုယ်စားလှယ်မှ လက်လီကိုယ်စားလှယ်သို့ ဖြန့်ဖြူးသည့်စာရင်း၊လက်လီ ကိုယ်စားလှယ်မှ ရပ်ကွက်ကျေးရွာရှိ စားသုံးသူပြည်သူများသို့ ဖြန့်ဝေရောင်းချမှု့ ဆောင်ရွက်ခြင်း စနစ်ကို မိမိလက်ကိုင်ဖုန်းထဲတွင် (Software) အသုံးပြုဆောင်ရွက်နိုင်ရေးအား မြို့နယ်တာဝန်ခံနှင့် လက်ကားကိုယ်စားလှယ်တို့မှ ရှင်းပြခဲ့ပြီးစားအုန်းဆီဖြန့်ဖြူးရာတွင် မှန်(၆)မှန်ဖြင့်ဆောင်ရွက်ရန် (၁) လက်လီလက်ကားစာရင်းမှန်၊ (၂) နေရာမှန်၊ (၃) အချိန်မှန်၊ (၄) ဈေးနှုန်းမှန်၊ (၅) အရေ အတွက်မှန်၊ (၆) အချိန်အတွယ်နှင့်အရည်အသွေးမှန်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအား ချပြ ဆွေးနွေးဆောင်ရွက်ခဲ့ပြီး၊ တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း၍ အပြန်အလှန် ပြောကြားခဲ့ပြီး (၄:၃၀)အချိန်တွင်တွေ့ဆုံဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ပါသည်။

DOCA(ပဲခူး)

ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးစနစ် (Software) အသုံးချနိုင်ရေးအတွက် အစည်းအဝေးအား တက်ရောက်

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ၂၈.၈.၂၀၂၅ ရက်နေ့၌ စားအုန်း ဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးစနစ် (Software) အသုံးချနိုင်ရေးအတွက် Capital Connect Co, Ltd မှ တာဝန်ရှိသူများ၊ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် လက်လီလက်ကား ကိုယ်စားလှယ်များနှင့် အစည်းအဝေး ကျင်းပခဲ့ရာ ညောင်လေးပင်ခရိုင်ဦးစီးမှူးမှ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး Capital Connect Co, Ltd မှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဦးစီးမှူးများ၊ ခရိုင်အလိုက် စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များအား စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ် ရေးစနစ် (Software) တွင် ထည့်သွင်းနိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ညောင်လေးပင်ခရိုင်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များ သည် Virtual စနစ်ဖြင့် တက်ရောက်ရာ (၁၈)ဦး ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ