သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများအား ကွင်းဆင်းစစ်ဆေးခဲ့

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၆.၅.၂၀၂၅ ရက်နေ့ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော နိုင်ဂရုဆိပ်ကမ်းနှင့် ဘုရင့်နောင်ဆိပ်ကမ်းအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့စသည့် ပူးပေါင်းအဖွဲ့များဖြင့် ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင် ထားသော တင်ဆောင်ကုန်များအား ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး လက်နက်ခဲယမ်းများ တင်ဆောင်မှုမရှိစေရေးအတွက် ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကော့သောင်းမြို့ ပေါ်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ကော့ သောင်း ခရိုင်ဦးစီးမှူးရုံးသည် ၈.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ စိုက်ပျိုးရေးသုံး ဓါတ်မြေသြဇာနှင့်ပိုးသတ်ဆေးအ‌ရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးရာတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သိုလှောင်ရောင်းချခြင်း ရှိ/မရှိ၊ သတ်တမ်းလွန်ခြင်းရှိ/မရှိ၊ လေဝင်လေထွက်ကောင်းမွန်ခြင်း ရှိ/မရှိ၊ လက်အိတ်နှင့် Mask တပ်ဆင်ထားခြင်းရှိ/မရှိ၊ ဆိုင်အတွင်း အစားအသောက်များစားခြင်း ရှိ/မရှိ စသည်တို့အား စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြစ်ကြီးနားမြို့၊စက်မှုဇုံရပ်ကွက်ရှိ Luckyမုန့်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းမှ လုပ်သားများအား အသိပညာပေး‌‌ဟောပြောခြင်း

 စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးတင်မောင်ထွန်း (ရုံးအုပ်) သည် ၄.၄.၂၀၂၅ ရက်နေ့ ၁၄:၀၀ နာရီအချိန်တွင် မြစ်ကြီနားမြို့၊စက်မှုဇုံရပ်ကွက်ရှိ Lucky မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းမှ လုပ်သား(၁၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့ ဟောပြောရာတွင် ဦးတင်မောင်ထွန်း (ရုံးအုပ်) က ၂၀၁၉ခုနှစ်၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ အခွင့်အရေး (၈)ချက် နှင့်တာဝန်(၄)ချက်၊ ကုန်စည် / ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအပေါ် စားသုံးသူက တောင်း ဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ အတွက်   လည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင်သို့မဟုတ်ဖုန်းဖြင့်တိုင်ကြားနိုင်ပါကြောင်း၊ Call Center  1535 သို့လည်း တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များ နှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ နေ့လည် ၁၇:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိတရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

          အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်းစစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ဦးအောင်ဇေယျ(၅)လမ်း ရှိ ကမ်းနားဆိပ်တွင် စုပုံထားသည့် တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော ‌ဦးညီညီစိုး (အဘ ဦး‌စိုးကြည်) မှတ်ပုံတင်အမှတ် ၇/ရကန(နိုင်)၀၄၉၃၀၅ ပိုင်ဆိုင်သည့် Tyer (8.25-20)Brand:DRC, CO:Vietnam-60UTyer(8.25-16) Brand:DRC, CO:Vietnam-50U၊ Tyer(7.50-16) Brand:DRC, CO: Vietn am-70U၊ Iron Mesh CO:China-4200KgRubber Pipe(6"×16'½) CO:China-1520Kg ခန့်မှန်းတန်ဖိုး ငွေကျပ် (၅၇,၈၂၀,၀၀၀/-)ခန့် ပစ္စည်းများအားတွေ့ရှိသဖြင့် အမှုဖွင့်လှစ်၍ ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန် အက်ဥပဒေ၊ ကုန်လမ်းအကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြစ်ကြီးနားမြို့၊ရမ်ပူရပ်ကွက်ရှိ Luckyမုန့်မျိုးစုံထုတ်လုပ်သည့်လုပ်ငန်းမှ လုပ်သားများအား အသိပညာပေး‌‌ဟောပြောခြင်း

  စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဇေယျာအာင် (ခရိုင်ဦးစီးမှူး) သည် ၂၁.၄.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မြစ်ကြီနားမြို့၊ရမ်ပူရပ်ကွက်ရှိ Lucky မုန့်မျိုးစုံထုတ်လုပ်သည့် လုပ်ငန်းမှ လုပ်သား(၁၄)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ဟောပြောရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်‌‌ရေးဥပဒေပါ စားသုံးသူကာကွယ်ရေး နှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်စည် နှင့် ဝန်ဆောင်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာဝယ်ယူအသုံးပြုရန်၊ အွန်လိုင်းမှတဆင့်ဈေးဝယ်ရာတွင် သတိထားရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက်တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိပြီး လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့်တိုင်ကြားနိုင်ပါကြောင်း၊ ၊ Call  Center 1535  သို့လည်း တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည်  ၂၁.၄.၂၀၂၅ရက်နေ့အချိန်၌ မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ “မောက်စည်” လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု ၊ ကုန်စည် /ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့်၏စပ်လျဉ်း၍ စားသုံးသူကတောင်းဆို နိုင်သည့် အခွင့်အရေးများ ၊ ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

“ ကော့မှူးမြို့နယ် ဝါးဘလောက်သောက်ကျေးရွာရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အရှေ့ခြမ်း ဝါးဘလောက် သောက်ကျေးရွာရှိ ဆန်ဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မဖြစ်ပေါ်စေရေးနှင့် စားသုံး သူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းအား မေလ(၁၇)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရုသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ညီညီထွန်း၊ ကျေးလက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဟိန်းလတ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်ရှိ အရှေ့ခြမ်း ဝါးဘလောက်သောက် ကျေးရွာရှိ ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်များအား ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရေး၊ ဆန်ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေးတို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆန်ဈေးနှုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် လစဉ်ထုတ်ပေးလျက်ရှိရာ အဆိုပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်း မရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆန်ဆိုင်ပိုင်ရှင်များအား ပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးနှင့် ဝန်ထမ်းထု ဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနားကျင်းပပြုလုပ်

   ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးနှင့် ဝန်းထမ်းထုဆန္ဒ ဖော်ထုတ်ပွဲ(ဒါဘာ) အစည်းအဝေးအား (Virtual) စနစ်ဖြင့် ပြုလုပ်ခဲ့ရာ တိုင်းဦးစီးမှူးရုံးဝန်ထမ်းများ၊ မြိတ်ခရိုင်ရုံးဝန်ထမ်းများ၊  ကော့သောင်းခရိုင် ဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

   လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဦးစီးမှူးဦးစိုးဦးမှ ဝန်ထမ်းများအား ရုံးချုပ်၏ လမ်းညွှန်ချက်များအား ပြောကြား၍ သက်ဆိုင်ရာခရိုင်မှူးများက မိမိတို့ဆောင်ရွက်နေသော လုပ်ငန်း များ၏ ဆောင်ရွက်ချက်များ အားတင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ ခရိုင်များတွင် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

   ဆက်လက်၍ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)အစည်းအဝေးအား ကျင်းပခဲ့ပြီး သက်ဆိုင်ရာ ခရိုင်များမှ မိမိတို့ခရိုင်များ၏ လိုအပ်ချက်များအား တင်ပြခဲ့ရာ တိုင်းဦးစီးမှူးမှ လိုအပ်သည်များကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအ‌‌ဝေးအား နေ့ခင်း (၁၂း၀၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြည်တော်သာရပ်ကွက်ရှိ ဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ရွှေဘိုပေါ်ဆန်းနှင့် ဧရာဝတီပေါ်ဆန်း ဆန်များအား သတ်မှတ် ရည်ညွှန်းဈေးများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးကို ပူးပေါင်းအဖွဲ့ဖြင့်  မေလ(၁၆)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့သည် ကော့မှူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ ဦးထွန်း လွင်ဆန်ဆိုင်နှင့် မကျီးတန်းရပ်ကွက်ရှိ ဒေါ်ဇင်မာဦး ဆန်ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  ၎င်းဆန်ဆိုင်များတွင် ရောင်းချနေသော ဧည့်မထဆန်၊ ဧရာဝတီပေါ်ဆန်းဆန်၊ ကြားပျံ၊ ရွှေဘိုပေါ်ဆန်းဆန်များ၏ ရောင်းဈေးနှုန်းများ ကောက်ခံခြင်း၊   သိုလှောင်ထားရှိသော ဆန်အိတ်အရေအတွက် လက်ကျန်စာရင်းများ ကောက်ခံခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိမရှိတို့အား စစ်ဆေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းနှင့် ရောင်းလျက်ရှိကြောင်း တွေ့ရှိရပြီး ဆိုင်ပိုင်ရှင်များအား ဆန်များရောင်းချရာတွင် စီးပွားရေးကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လစဉ်သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းများအား ထုတ်ပြန်ပေးလျက်ရှိရာ သယ်ယူ၊ သိုလှောင်စရိတ်များအပါ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချကြရန်နှင့် ဈေးနှုန်း မြှင့်တင်ရောင်းချပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

          ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၀)ပေပါနှင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၂၄) ပေပါ၊ စုစုပေါင်း (၉၄) ပေပါကို ယာဥ်မောင်း ဦးစိုင်းသက် ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZYU မော်‌တော်ယာဉ်နှင့် အလားတူ မွန်းတည့် (၁၂း၃၀)အချိန်တွင် အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New AsiaCo,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၈)ပေပါနှင့် Myanmar Oil Alliance Co,Ltd မှ တင်ပို့ရောင်းချ သည့် စားအုန်းဆီ (၁၄) ပေပါ၊ စုစုပေါင်း (၉၂) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044/ Nissan မော်‌တော်ယာဉ်ဖြင့် တင်ဆောင်၍ အသီးသီးရောက်ရှိလာရာ စားသုံး သူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း (၁၈၆) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်း ကိုယ်စား လှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင် အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ