မိတ္ထီလာမြို့ပေါ်ရှိ ဆေးဆိုင်များရှိ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူ ပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများသုံစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှု မရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်းပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေးလျက်ရှိရာ တစ်ဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ရောင်းချမှုမရှိစေရေး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ် တာဝန်ခံ နှင့်အဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍မိတ္ထီလာခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသောဆိုင်များအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်းရောင်းချသော ဆေးဆိုင်များတွင် ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းများဖြစ်သော သွေးပေါင်ချိန် စက်၊ ဆီးချိုသွေချိုးတိုင်းစက်၊ ကွန်ဒုံး၊ ဆီးစစ်ကိရိယာစသည့် ပစ္စည်းအမျိုးမျိုးနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်ပါဝင်သော ဆေးဝါးများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများနှင့် ကိုက်ညီသော ဆေးဝါးများသာရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင် ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကျန်းမာရေးအထောက်အကူပြု အသုံးအဆောင်ပစ္စည်းအမျိုးမျိုးနှင့် ဆေးဝါးများကိုသာ ရောင်းချမှုရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)