သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၁.၄.၂၀၂၅ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မိုးညှင်းမြို့၊ စိမ်းတောင်ရပ်ကွက် အတွင်းရှိ ဒေါ်ချိုမာ (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ NOT HOUSE (သီဟိုဠ်စေ့ ဘယ်ရီမုန့်ကြွပ်) အမှတ်တံဆိပ်ပါ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာ ဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက် တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်စည်အမျိုးမျိုး ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်စည်များကို ဝယ်ယူရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

“ တစ်ပတ်အတွင်းစားအုန်းဆီထုတ်ပေးမှုအခြေအနေ (၁၂.၅.၂၀၂၅)ရက်နေ့ မှ (၁၇.၅.၂၀၂၅) ”

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်  သီလဝါစက်မှုဇုန်အတွင်းရှိ Wilmar ဆီကန်မှထုတ်လုပ်ပေးလျက်ရှိသော စားအုန်းဆီများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ဆီကိုယ်စားလှယ်များသို့ စားအုန်းဆီ နေ့စဉ်ထုတ်ပေးလျှက် ရှိပါသည်။ ထိုသို့ ထုတ်ပေးလျှက်ရှိသော စားအုန်းဆီများအား ပြည်တွင်း ဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်ထားသော အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းအပေါ် လက်ကား ပြန်လည်ဖြန့်ဖြူး  ရောင်းချသူများ အနေဖြင့် ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်း အမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်သာ ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချစေရေး နှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်စေရေး တို့အတွက်လည်း တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ (၁၂.၅.၂၀၂၅)ရက်နေ့ မှ (၁၇.၅.၂၀၂၅)ရက်နေ့အထိ ဆီကုမ္ပဏီ (၂၅)ခုနှင့် စားအုန်းဆီ တန်ချိန် (၆၀၃၀.၀၄၄)တန်ကို ထုတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိသော တံမြက်စည်း အလုပ်ရုံပိုင်ရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

         ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိသော တံမြက်စည်းအလုပ်ရုံပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ပြည်ပတင်ပို့နေ့သည့် တံမြက်စည်းအလုပ်ရုံအတွင်း လိုအပ်သော ငွေရေးကြေးရေးကိစ္စ၊ ပြည်ပသို့တင်ပို့ရာတွင် တွေ့ကြုံနေရသော အခက်အခဲများအား ပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှလည်း ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်တင်ပို့မှု၊ လုပ်သားအင်အား၊ ရင်းနှီးမြှုပ်နှံမှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား မေးမြန်း၍ လိုအပ်သည့်ကိစ္စများအား မိမိတို့ဌာနမှ တတ်နိုင်သလောက် ကူညီဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

“ကော့မှူးမြို့နယ်အတွင်းရှိဆန်စက်အားဌာနဆိုင်ရာများဖြင့်ကွင်းဆင်းစစ်ဆေးခြင်း”

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ဆန်စက်များအား မေလ(၁၅)ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးတင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှ ဦးစီးမှူး ဦးပြည့်ဖြိုးအောင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းတို့ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်၊ တောင်ပိုင်းရပ်ကွက်ရှိ ရွှေနဂါးဆန်စက်အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အတွင်းရှိ စပါးသိုလှောင်ကြိတ်ခွဲသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သော အဟန့်အတားများ ကြန့်ကြာမှုများမဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုသို့ ဆန်စပါး သယ်ယူပို့ဆောင်ရာတွင် ဆန်စပါး လုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့် ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းများ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး၊ စပါးသယ်ဆောင်ခွင့်အား ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် ရေး၊ သိုလှောင်ရုံများသည် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ MyRoတွင် သိုလှောင်ရုံ မှတ်ပုံတင် ဆောင်ရွက်ထားမှုရှိ/မရှိ၊ ဆန်သိုလှောင် ရုံများတွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း ဆန်များ သိုလှောင်ထားခြင်းရှိ/မရှိ ကိစ္စများအား ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆန်စက် ပိုင်ရှင်များအား ၎င်းဆန်များအား ဈေးကစားရန်ရည်ရွယ် သိုလှောင်ထားခြင်း မပြုလုပ်ကြရန်နှင့် သိုလှောင်ရုံများရှိ စပါးတင်းနှင့် ဆန်အိတ်လက်ကျန်များအား စာရင်းကောက်ယူခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၂၂.၄.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ မြို့မရပ်ကွက် အတွင်းရှိ ဂျာနူး (ဆေးဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Oramin-F (အားဆေး) အမှတ်တံဆိပ်ပါ ဆရာဝန်ညွှန်ကြားချက် မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုး နှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင် ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ကချင်)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ပို့ကုန်သွင်းကုန်လုပ်ငန်း၌ မှတ်ပုံတင်အသစ်လျှောက်ထားလာသော ကုမ္ပဏီအား ကွင်းဆင်းစစ်ဆေး

          ၂၀၂၅ ခုနှစ်၊ မေလ၊ ၁၇ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်း၌ မှတ်ပုံတင်လက်မှတ် လျှောက်ထားလာသော အမှတ်(၄၁၈)၊ သီတာ(၃)လမ်း၊ ကညုံရပ်၊ ထားဝယ်မြို့မှ DAWEI AHLINYAUNG THIT(Ko Nyi)CO;LTD အား တိုင်းဒေသကြီးဦးစီးမှူးမှ ကုမ္ပဏီတည်ထောင်ထားမှုနှင့်ပတ်သက်သည့် အမှန်တကယ်လုပ်ငန်းတည်ရှိမှု ရှိ/မရှိအား သတ်မှတ်ပုံစံအတိုင်း စနစ်တကျ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“ကွမ်းခြံကုန်းမြို့နယ်အတွင်း Mobile Phone ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ် ဆောင်ရွက်လျက်ရှိရာ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ  မေလ(၁၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ Mobile Phone ရောင်းချ သည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ခေတ္တဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး ကွမ်းခြံကုန်းမြို့နယ် ဈေးပိုင်းရပ်ကွက်အတွင်း Mobile Phone များရောင်းချသော ဆိုင် များဖြစ်သည့် လင်းထက် (Mobile Phone) ဖုန်းအပိုပစ္စည်းနှင့် ဖုန်းအမျိုးမျိုးပြုပြင်ရေး၊ လက်ကီဖုန်းဆိုင်(၂) ဖုန်းနှင့်ဖုန်းအပိုပစ္စည်းပြုပြင် ရောင်းဝယ်ရေး၊ Mobile Sale & Service နှင့် စွမ်းအား ဖုန်းပြုပြင်ရေးနှင့် ဖုန်းအမျိုးမျိုးအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ရောင်းချသည့် ဖုန်းအမျိုးအမည်အား စာရင်းကောက်ယူခြင်း၊ ဖုန်းနှင့်ဖုန်းအပိုပစ္စည်းများ ရောင်းချရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၈) ပုဒ်မ(၄၁) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအရ ကုန်စည်တွင် ပါရှိရသည့် အချက်အလက် များ Mobile Phone (လက်ကိုင်ဖုန်း)များတွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိရေး အသိပညာပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ သောကုန်စည်များကို ရောင်းချမှသာ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းမည်ဖြစ်ကြောင်း တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

    ၂၃-၄-၂၀၂၅ ရက်နေ့ နေ့လည် ၁၃:၀၀ နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအူပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွကပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်း၍ အိမ်သုံးကျန်းမာရေးအထောက်အကူပြု ဆေးအမျိုးမျိုးနှင့် အိမ်ဆောက် ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု ရှိ/မရှိနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဆေးအမျိုးမျိုးအရောင်းဆိုင် ဦးကျားဗိုလ်၊ မြမဉ္ဇူ၊ စောဒေဝီ ဆေးဆိုင်များနှင့် ရတနာထွန်း အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဦးစစ်ငွေ အိမ်ထောက်ပစ္စည်းအရောင်းဆိုင် တို့မှ ရောင်းချသောဈေးကွက်ဈေးနှုန်းအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်း ဆေးဝါးများ ပုံမှန်ရောင်းချလျှက်ရှိပြီး ပစ္စည်းပြတ်လပ်မှု မရှိကြောင်း၊ တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာ ဘိလပ်မြေအမျိုးအစား၊ ရောင်းဈေး၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် သိုလှောင်ထား ရှိမှု ရှိ/မရှိကိုစစ်ဆေးခြင်း၊ မအူပင်ဈေးကွက်အတွင်း အခြားသောအိမ်ဆောက်ပစ္စည်းများ ပုံမှန်ဈေးဖြင့် ရောင်းချနေပြီး၊ ဘိလပ်မြေများများ လက်ကျန်မရှိ ရန်ကုန်မှာ မှာယူ၍ မရကြောင်း ဈေးနှုန်းတည်ငြိမ်စွာဖြင့်ရောင်းချနေကြောင်း စစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

“သန်လျင်မြို့နယ်၊ မြို့မဈေးရှိလက်ကိုင်ဖုန်းရောင်းချသည့်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း”

    ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့မှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ မေလ(၁၆)ရက်နေ့၊ ညနေ(၁၅:၃၀) နာရီအချိန်တွင် သန်လျင်မြို့မဈေးအပြင်ရှိ လက်ကိုင်ဖုန်း ရောင်းချသည့် အရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ စစ်ဆေးရာတွင် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးက ဆိုင်အတွင်း၌ ရောင်းချလျက်ရှိသော လက်ကိုင်ဖုန်းများတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ အတိုင်း ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြ ထားခြင်း မရှိသည့် လက်ကိုင်ဖုန်းများအား ပြည့်စုံစွာဖော်ပြနိုင်ရေး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မအူပင်မြို့နယ် ဆန်ဆိုင်နှင့် အခြေခံစားသောက်ကုန် ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်

   ၂၃-၄-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ဆန်အရောင်းဆိုင်များ ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် ဆန်ဈေးနှုန်း, ဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်၊

   စစ်ဆေးဆောင်ရွက်ရာတွင် ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးက ကမ်းနာလမ်းပေါ်ရှိ ဆန်ဆိုင် ၅၅၅၊ မစုစုနိုင် ကုန်စုံဆိုင်၊ နှင်းသစ္စာ-၂ကုန်စုံဆိုင်၊ ဦးမွန်ဟန်’ ကုန်စုံဆိုင် (၄)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ဆန်ဆိုင်တွင် သတ်မှတ်ရည်ညွှန်ဈေးနှုန်းအပေါ် ၂ရာခိုင်နှုန်းဖြင့်သာ ဈေးတင်ရောင်းချပြီး ဈေးနှုန်းဖော်ပြရောင်းချ ကြောင်း၊ ဒေသတွင်ထွက်ရှိသော ဆန်များဖြစ်၍ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဆွေ့၇ှိရသည်။ အခြေခံစားသောက်ကုန်များကို ဆက်လက်စစ်ဆေးရာ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်လျှက်ရှိပြီး ဈေးနှုန်းမြင့်တက်မှု မရှိကြောင်း၊ အခြားဒေသထွက် ကုန်ခြောက်များ ပုံမှန်ဝင်ရောက်လျက်ရှိပြီး ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပြီး ဆိုင်ရှင်များကို ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချနိုင်ရေးကို ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များက သိရှိလိုက်နာမည်ဖြစ်ကြောင်း မှတ်တမ်းပြုစု၍ မြေပြင်အခြေအနေမှန်ကို သက်ဆိုင်ရာအဖွဲ့များထံ တင်ပြနိုင်ရန်ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ