သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ စားသောက်ဆိုင်များအား အစားသောက်ရောင်းချသည့် ဝန်ဆောင်မှုပေးမှုနှင့်ပတ်သတ်၍ စောင့်ကြည့်စစ်ဆေးခြင်း ”

      ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်အောင်ဟိန်း စားသောက်ဆိုင်တွင် အစားအသောက်ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ ကျန်းမာရေးနှင့်ညီညွတ်စွာ ချက်ပြုတ်ပြင်ဆင်ခြင်းရှိ/မရှိနှင့် စားသုံးသူများအား ပွင့်လင်းမြင်သာစွာ ဝန်ဆောင်မှုပေးခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးကျော်မင်းနိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဝေယံဖြိုး အကြီးတန်းစာရေးတို့ ပူးပေါင်းအဖွဲ့သည် ၂၀၂၆ ခုနှစ် ဧပြီလ(၂၈)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးမှုူတွင် စားသုံးသူရေးရာဦးစီးဌာနမှ အစားအသောက်ချက်ပြုတ် ပြင်ဆင်သည့်နေရာများအား သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ချက်ပြုတ်ရန်၊ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိရန်နှင့် အစားအသောက်ချက်ပြုတ်သူများအနေဖြင့် (ဝန်ဆောင်မှုပေးရာတွင် စားသုံးသူများအား တိုက်ရိုက်ဝန်ဆောင်မှုပေးရသူများဖြစ်သည့်အတွက် စားသုံးသူများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်၊ သန့်ရှင်းလက်ဆတ်သည့် အသား/ငါး၊ သီးနှံများအား ပြင်ဆင်ချက်ပြုတ်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးမှူးမှ ကျန်းမာရေးမှူးမှလည်း အစားအသောက်ချက်ပြုတ်သူများအား ကျန်းမာရေးကောင်းမွန်သူများဖြစ်ရန် လိုအပ်သဖြင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကာကွယ်ထားရှိရန်နှင့် ရေမြောင်းများအား အမှိုက်များဖြင့် ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စွာပြုလုပ်ထားရန် လိုအပ် ကြောင်း၊ လေထုညစ်ညမ်းမှုမရှိစေရေးအတွက် Air Fanများ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          စားသောက်ဆိုင်များအား အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသည့် စားသုံးသူများ ဝယ်ယူစားသုံးမည့် အစားအသောက်နှင့်စပ်လျဉ်း၍ လုံလောက်သော သတင်းအချက်အလက်ပေးမှုနှင့် ဝန်ဆောင်မှုပေးသည်နေရာများ၊ ဝန်ထမ်းများ သန့်ရှင်းမှုမှာ အားနည်းနေခြင်းကြောင့် တိုင်ကြားမှု/တိုင်ကြားခြင်းခံရပါက အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ ပြည်သူ့ကျန်းမာရေးဥပဒေ၊ စည်ပင်သာယာရေးဥပဒေတို့အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ဇဗ္ဗူသီရိမြို့နယ်ရှိ အသင့်စားမုန့်အမျိုးမျိုးလုပ်ငန်းအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၆ခုနှစ်၊ မေလ  ရက်နေ့ ၊ နေ့လယ် (၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးနေဝေယံဦး(လ/ထ ညွှန်ကြားရေးမှူး) နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်း၍ ဇဗ္ဗူသီရိမြို့နယ်ရှိ အသင့်စားမုန့်အမျိူးမျိူးလုပ်ငန်းအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

          အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအား စျေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်း(Pre Market Surveillance)အရ စားသုံးသူ ကာကွယ်ရေးဥပဒေအရ ထုတ်ပြန်ထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ညွှန်ကြားချက် (၂/၂၀၁၉)၊ (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များ နှင့်ကိုက်ညီစွာဖြန့်ဖြူးရောင်းချနေမှု ရှိ/မရှိများအားစစ်ဆေးခြင်း၊ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် အမှတ်တံဆိပ်အမျိုးမျိုး တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိမှု ရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ ၏သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        DOCA (ပြည်ထောင်စုနယ်မြေ)

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၇.၄.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေစံဝင်းစားသောက်ဆိုင်နှင့် အမှတ်(၂)ရပ်ကွက်ရှိ A&Tစားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါစားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆင်းခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(စစ်ဆေးရေးအရာရှိ)နှင့် အဖွဲ့ သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆)ရက်နေ့ တွင် မြစိမ်း စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်း‌ချသည့်ဆိုင်၊ရွှေတံခွန်အိမ်ခြံမြေအကျိုးဆောင်၊ အခြားဝန်ဆောင်မှုများ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများနှင့် ဆောက်လုပ်ရေးဝန်ဆောင်မှု လုပ်ငန်းများ၊ လပြည့်ဝန်းအီလက်ထေရာနစ် ” ဆိုင်၊K Fashion & Beauty Corner” ကေဖက်ရှင်နှင့် အလှကုန်အရောင်းဆိုင်လုပ်ငန်းနှင့် တိုင်းချစ် အီလက်ထရောနစ် ပစ္စည်းများရောင်း‌ချခြင်းလုပ်ငန်း သို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားလာမှုအား မြေပြင်စစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး()ဦးသည် ၂၀၂၆ခုနှစ်၊ ဧပြီလ ၂၂ရက်နေ့တွင် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ရှိ အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုး လျှောက်ထားလာသည့် Ma Aye Aye Toe (Cosmetic Online) အလှကုန်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းသို့ ကွင်းဆင်း၍ မြေပြင်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ မြေပြင်စစ်ဆေးခဲ့ရာတွင် အွန်လိုင်းမှတ်ပုံတင် သက်တမ်းတိုးလျှောက်ထားစဉ်က တင်ပြထားသည့် အချက်အလက်များနှင့် မြေပြင်အချက်အလက်များ ကိုက်ညီမှု့ရှိ/ မရှိ DOCA Mobile Application ဖြင့် စစ်ဆေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက  “Ma Aye Aye Toe (Cosmetic Online)အလှကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အား ၅၀/၂၀၂၃နှင့် ၅၁/၂၀၂၃ အမိန့်ကြော်ငြာစာပါ အကြောင်းအရာများ၊ မှတ်ပုံတင်၊ သက်တမ်းတိုး၊ ပြင်ဆင်ကြေးတို့အတွက် သတ်မှတ်နှုန်းထားများအကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ခံ ဦးဝင်းသိန်းဦး(ရုံးအုပ်)ဦးဆောင်၍ ဒေါ်ခိုင်သဇင်(အငယ်တန်းစာရေး)တို့သည် (၇-၅-၂၀၂၆) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် မိုးညှင်းခရိုင် ဦးစီးမှူးရုံး၌ အလှကုန်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁)၊ ပုဒ်မ(၂)၊ ပုဒ်မခွဲ(ဂ) အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူခြင်း၊ သို‌လှောင်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ထောက်ပံ့ခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ကြော်ငြာခြင်း ကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကို ဆိုလို ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ထပ်မံပေးချေရမည့် တန်ဖိုးကို စားသုံးသူ က ဝယ်ယူအသုံးမပြုမီ  သိရှိစေရန် အတိအလင်းဖော်ပြပေးခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းကို ရှောင် ကြဥ်ခြင်း၊အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဥ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြား နည်းလမ်းများဖြင့်ဖြစ်စေ စားသုံးသူ အပေါ်ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန် ပြောဆို ခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဥ်ခြင်း စသည့်အချက်များ၊  ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု၊ တားမြစ်ချက်များ အကြောင်း၊ ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာ ထင်ရှားစွာဖော်ပြရမည့်အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအကြောင်း တို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်ခြင်း

    ကချင်ပြည်နယ်၊   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)သည် မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၅-၅-၂၀၂၆ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက် ရှိ စားသုံးသူပြည်သူ (၁၅)ဦးနှင့်တွေ့ဆုံ၍ မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင်‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်များ အကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ် ထားရှိမှုအခြေအနေများအကြောင်း၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ အကြောင်း၊ အွန်လိုင်းမှဈေးဝယ်ယူရာတွင် တွေ့ရှိရသည့်အားသာချက်၊ အားနည်းချက်များ၊ အွန်လိုင်း မှလိမ်လည်မှုပုံစံအမျိုးမျိုး၊ စားသုံးသူများအနေဖြင့် အွန်လိုင်းမှတဆင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု ကိုဝယ်ယူရာတွင်  စိစစ်သင့်သည့် အချက်အလက်များအကြောင်း၊ မှတ်ပုံတင်ထားသော အွန်လိုင်း ရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်/ဝန်ဆောင်မှုများကို ဝယ်ယူရာ၌  နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်‌ နေရာများ၊ တိုင်ကြားမှုများအပေါ် စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်ပေးမည့် အခြေအနေများ အကြောင်း၊ တရားမဝင်တင်သွင်းလာသည့် ကုန်စည်များအား Online မှတဆင့်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာဝယ်ယူရန်အကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အသိပညာ‌ပေး‌ဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး) နှင့် ဒေါ်စန်းရုံ (အကြီးတန်းစာရေး)တို့သည်၅ -၅-၂၀၂၆ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ စားသုံးသူပြည်သူ(၁၅)ဦးအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး ၊ စိတ်ကျေနပ်မှု ရရှိစေရေးအတွက် အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များကို ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်ရန်ရည်ရွယ်လျက် အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ အသိပညာပေးဟောပြောရာတွင် ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စားသုံးသူ၏ အခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှု အဓိပ္ပာယ် ဖွင့်ဆိုချက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များအကြောင်း၊ အီလက်ထရောအငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ်ရှီရှား၊ ယင်းအီလက်ထရောနစ်ကဲ့သို့ အလားတူ ပစ္စည်းများအကြောင်း၊ Online Shoppingများမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက် သင့်သည့်အချက်များအကြောင်း၊ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ရယူသုံးစွဲခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများ ‌ပေါ်ပေါက်လာပါကလည်း တိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှု၊ ဖြေရှင်း ပေးနေမှုအခြေအနေများ၊ Call Center 1535 သို့ တိုက်ရိုက် ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်သည့် အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင် ၍ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်တို့သည် --၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ဦးမြစိန် (ကုန်စုံဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Coca Cola အမှတ်တံဆိပ်ပါ ကိုလာအရသာ အချိုရည် သည် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်စည်အမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန်နှင့် ဆင်တူရိုးမား အတုအပအမှတ်တံဆိပ် များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ချောင်းဆုံမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

     ၄.၅.၂၀၂၆ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး (Talk Show) ကို ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     ထိုဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစားရေး ဒေါ်သက်ထားဆွေက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးမှ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူ သုံးစွဲရာတွင် မိမိတို့၏ အခွင့်အရေးများ သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များ၊ ဌာနမှ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများ ရှိခဲ့ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ