သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ

     မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ၂၈.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

      ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၇၂၅၇) ကျပ်၊ ကြက်ဥ (၄) လုံး (၂၀၀၀) စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည် သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေး‌ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများ သက်သာချောင်ချိရေးအတွက် ရောင်းချနေမှုများအား ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊မေလ (၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးသန့်ဇင်(ဦးစီးအရာရှိ)သည်  မြို့နယ်စည်ပင် သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ဂျင်း၊ အာလူးနှင့် ခရမ်းချဉ်သီးတို့ ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး  ကြက်သွန်ဖြူ(ကြူကုတ်)၊ နနွင်း၊ ကြက်သား(ဒေသ)နှင့် ပဲတောင့်ရှည် ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက်များ လက်ကျန် လျော့နည်းလာသောကြောင့် ဖြစ်ပါသည်။ ကြက်သွန်ဖြူ(ကြူကုတ်)နှင့်နနွင်းဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်းသို့ အဝင်များ သောကြောင့် လည်းကောင်း၊ ကြက်သား(ဒေသ) ဈေးနှုန်းကျဆင်းရခြင်းမှာ ဝယ်လိုအားနည်း သောကြောင့်လည်းကောင်း၊ ပဲတောင့်ရှည် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ် သောကြောင့်ဖြစ်ပါသည်။

     ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

 

တာချီလိတ်မြို့ရှိ ဆန်စက်များအားကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမျိုးအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုနှင့် ဖန်မင်အုပ်စုအတွင်းရှိ ဆန်စက်များတွင် စပါးသိုလှောင်ထားရှိမှု၊ ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်၊ စပါးလက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် ဆန်စပါးဈေးကွက်အခြေအနေများအား  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုး အုပ်စုနှင့်ဖန်မင်အုပ်စုအတွင်းရှိ ဆန်စက်များတွင် ကောက်ညှင်း(ဒေသ)၊ ဒေသဆန်မွှေး၊ ဧည့်မထ (ဒေသ)ဆန်များကိုသာ အဓိကရောင်းဝယ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော “ဆန်တန်ချိန်(၂၅)သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက်သိုလှောင် သည့်ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် MyRoတွင်မှတ်ပုံတင်ပြုလုပ်ကြရန်”နှင့် ဆန်စပါး ပိုင်ရှင်များအား ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုူန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

 

မန္တလေးတိုင်းဒေသကြီးမှ မေလတွင် စားသုံးဆီအမျိုးမျိုးအားဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေများကို ထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက် စောင့်ကြည့့်် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ မေလ တွင် ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော စားသုံးဆီ အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်နှင့် တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များပြည့်စုံစွာ ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး လက်ရှိ စားသုံးဆီပစ္စည်းအမယ် စုစုပေါင်း(၂၅) မျိုးအား စောင့်ကြည့်စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း လအလိုက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှဦးစီးမှူး၊ဒေါ်မြင့်မာလာဝင်းသည်၂၂-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် “ရွှေသုခ” အမှတ်တံဆိပ်ဖြင့် အာလူးချောင်းကြော် (၂၀)ဂရမ်၊ အသားတုကြော်(၂၀)ဂရမ်၊ မာလာအာလူးပေါင်းကြော် (၂၀)ဂရမ်၊အာလူးပေါင်းကြော်(၂၀)ဂရမ်နှင့် ငါးမုန့်ကြော် (၂၀)ဂရမ် စားသောက်ကုန်ပစ္စည်း (၅)မျိုး ထုတ်လုပ်ရောင်းချသော လုပ်ငန်းရှင်အား စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲ ရုံးခန်းအတွင်း၌ အသိပညာပေးဆွေးနွေးခဲ့ပါသည်။    

 ထိုသို့ အသိပညာပေးဆွေးနွေးဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် အခန်း(၁၈)ပါကုန်ပစ္စည်း ထုပ်ပိုးမှုပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအချက်အလက်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပါပြဋ္ဌာန်းချက်များကိုလည်း သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

တောင်ကြီးမြို့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲ

     စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ မေလ(၂၈) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းဆင်းပွဲ၌ စားသုံးသူကာကွယ်ရေးအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲသို့  သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပါသည်။စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်အချက်များ၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းပြောကြားဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ပြည်သူများသို့ အခြေခံစားကုန်များဈေးနှုန်းချိုသာစွာရောင်းချပေး

   မန္တလေးမြို့တွင် မတ်လ ၂၈ရက်နေ့တွင် လှုပ်ခပ်ခဲ့သည့် မန္တလေးငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပြည်သူများအား အခြေခံစားကုန် များကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များ နှင့်ချိတ်ဆက်ပြီး ဆန်၊ ဆီ၊ ကြက်သွန်၊ ငပိ၊ ငါးခြောက်၊ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥများနှင့် ဟင်းသီးဟင်းရွက်များအား မန္တလေးမြို့ပေါ်ရပ်ကွက်များရှိ သတ်မှတ်နေရာများသို့ နေ့စဉ်ဈေးကား(၂)စီးဖြင့် သွားရောက်ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီဌာနရှိ ဝန်ထမ်း များမှ ပူးပေါင်းကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်။

 ယခုအပတ်အတွင်း အခြေခံစားကုန်များအား အများပြည်သူသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချရန်အတွက် သတ်မှတ်ဈေးကားများမှ ၂၆.၅.၂၀၂၅ ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ သီရိ ဟေမာအရှေ့ရပ်ကွက်၊ သင်္ဂဇာပတ်လမ်း၊၂၉x၃၀လမ်းကြားနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၇လမ်း၊ ၅၉x၆၀လမ်း ကြား၊ (ဃ)ရပ်ကွက်သို့လည်းကောင်း၊၂၇.၅.၂၀၂၅ရက်နေ့တွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၉၁လမ်း၊ ၃၇x၃၈ လမ်းကြားနှင့် အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်၊ အမှိုက်စုတောင်၊ မယ်ဇယ်တန်းတွင်လည်းကောင်း၊ ၂၈.၅.၂၀၂၅ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ၈၉လမ်း၊ ၁၀x၁၁လမ်းကြားနှင့် ချမ်းမြသာစည်မြို့နယ်၊ အကွက်(ဃ-၄)၊ ၆၄လမ်း၊၁၁၁လမ်းထောင့်၊ မြို့သစ်(၄) ရပ်ကွက်တွင်လည်းကောင်း၊ ၂၉.၅.၂၀၂၅ရက်နေ့တွင် အောင်မြေသာစံမြို့နယ်၊ ၆၄လမ်း၊ ၂၃x၂၄လမ်းကြား၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၅၄လမ်း၊ ၁၃၃လမ်းထောင့်၊ (ဇ)ရပ်ကွက်တွင်လည်းကောင်း၊ ၃၀.၅.၂၀၂၅ရက်နေ့တွင် ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်၊ ၂၇လမ်း၊ ၇၁x၇၂လမ်းကြားနှင့် အမရပူရမြို့နယ်၊ဆင်စွယ်ပွတ်ရပ်ကွက်၊ ပန်းပဲတန်း ဆေးရုံမြောက်ဘက်၊ မဟာဂန္ဓာရုံအနောက်ဘက်တွင်လည်းကောင်း၊ ၃၁.၅.၂၀၂၅ရက်နေ့တွင် မဟာ အောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃လမ်း၊တက္ကသိုလ် လေ့ကျင့်ရေးတပ်ရှေ့နှင့် ချမ်းမြသာစည် မြို့နယ်၊ အကွက်(ဖ-၈/၉)၊ ၅၉လမ်း၊ ၁၁၂x၁၁၃လမ်းကြား၊ ကန်သာယာရပ်ကွက်တွင်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း  သက်ဆိုင်ရာဌာနမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)

“နွား” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့်ပူးပေါင်း၍   တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ “နွား” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲလုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် “နွား” အမှတ်တံဆိပ် ဂျုံခေါက်ဆွဲသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့်ပတ်သက်၍ ပြည့်စုံစွာ ဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြုလုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍   တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ရွှေတိဂုံဘုရာလမ်းရှိ MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် MYATအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်အမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်းရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျသိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ”ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

YNEအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

        ၂၀၂၅ ခုနှစ်၊ မေလ (၂၁) ရက်နေ့၊ နေလယ် (၁၄:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး) ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍   တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ YNEအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချ ရမှုရှိစေရန်အတွက် ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် YNEအမှတ်တံဆိပ် Cake & Bakery ကိတ်မုန့်နှင့်ပေါင်မုန့်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုသန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို  စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် လုပ်ငန်း ရှင်အား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်းများ စနစ်တကျ သိုလှောင်ရန်၊  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ” ကိုလိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ
a