သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ခွေးလေးကြီးရှိကြက်ခြေနီသင်တန်းသားများအားစားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

 ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် တာဝန်ခံဦးလှထွဠ်ဦးသည် (၁၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁ ;၀၀)အချိန်တွင် ခွေးလေးကြီးကျေးရွာရှိ ကြက်ခြေနီ သင်တန်းသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစား အသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့်ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ သင်တန်းသား စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လှည်းကူးမြို့နယ်၊ မြို့မဈေးသို့ သွားတိုက်ဆေးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ လက်အောက်ရှိ လှည်းကူးမြို့နယ် တာဝန်ခံ ဉီးထွန်းထွန်းဉီး၊ ဒုကြီးကြပ်ရေးမှူးသည် (၁၆.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၂၀)အချိန်တွင် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့ သွားတိုက်ဆေးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံ စွာပါဝင်ခြင်းရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် မြို့မဈေးတာဝန်ခံ ဉီးပြည့်ဖိုးမောင် ပူးပေါင်းပါဝင်လျက် ရောင်းချနေ သော သွားတိုက်ဆေးအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထား၍ အလေးချိန်တွင်လည်း ဂရမ်ကို မြန်မာလို ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိဌာနမှလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံ သော ကုန်ပစ္စည်းများကိုသာ ရောင်းချရန် ပြည့်စုံခြင်းမရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပန်းတနော်မြို့နယ်အတွင်း ကော်ဖီမစ်အမျိုးမျိုး နှင့် ကလေးအသုံးအဆောင်များ စစ်ဆေး

     မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း  ကုန်စည် (၁၀)မျိုးထဲမှ ကော်ဖီမစ်အမျိုးမျိုးနှင့် ကလေးအသုံး အဆောင်ပစ္စည်း အမျိုးမျိုးအား  ဘေးအန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိ၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှု ရှိ/မရှိ အခြေ အနေတို့ကို ၁၄.၅.၂၀၂၅ရက်နေ့  ၉နာရီအချိန်က မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။

     ထိုသို့ကွင်းဆင်းရာတွင် ပန်းတနော်မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ ပန်းတနော်ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည် ထုပ်ကုန်ပစ္စည်းများ၊ ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုး ဘေးအန္တရာယ်ရှိ၊ မရှိအခြေအနေများ၊ ရောင်းချနေသည့် ကုန်အညွှန်းအမှတ် အသားများ ပါရှိမှုရှိ၊ မရှိအခြေအနေများကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်များအား  ကလေးအသုံးအဆောင်ပစ္စည်းများနှင့် ပတ်သက်၍ မှာယူရောင်းချ ရာတွင် ကုန်စည်အမျိုးအမည်၊ ထုတ်လုပ်သည့် ကုမ္ပဏီ၊ လိပ်စာပါရှိသော အရည်အသွေးစံချိန်စံညွှန်း ပြည်မှီသော ကုန်စည်များကိုသာ ရောင်းချရန်၊ ကလေူငယ်များအတွက် ထိခိုက်စေမည့်် အန္တရာယ်ရှိကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိသော ကုန်စည်များကိုဦးစားပေး ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့သည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင် ၊ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၂၀.၄.၂၀၂၅)ရက်နေ့၊  ညနေ(၃;၀၀)အချိန်တွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်း တာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အားအသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသောအစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သတ်တမ်းလွန်သော အစားအသောက်များအား မိမိအသိဖြင့် ဆင်ခြင် ဝယ်ယူစားသောက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်။ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင် စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

စားသုံးဆီအမျိုးမျိုးအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိသော ကုန်စည်၊ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ဖြင့် စားသုံးဆီအမျိုးမျိုးအား (၁၆.၅.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် City Mart (ဖော့ကန်)၊ အင်းစိန်မြို့နယ် စားသုံးဆီအမျိုးမျိုး အရောင်းကောင်တာ၌ ရွှေအုံ၊ ဧရာဝတီ၊ ငွေသဇင်မင်း၊ ရန်ကုန်၊ အမေထွား၊ Fortune နှင့် စံချိန်အမှတ် တံဆိပ်နေကြာဆီ၊ မြေပဲဆီ၊ ဟင်းသီးဟင်းရွက်ဆီတို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားပြီး သက်ဆိုင်ရာဌာန၏ ထောက်ခံချက်လည်းရှိကြောင်း တွေ့ရှိရပါသည်။ မိမိတို့ဌာနမှ လည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းများအား ရောင်းချခြင်းမပြုရန် ရောင်းချ ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံအား ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံရုံးတွင် စားသုံးဆီ လက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့် ဝန်ထမ်းများသည်(၂၂.၄.၂၀၂၅) ရက်နေ့၊နံနက်(၁၀:၀၀) အချိန်တွင် မြို့နယ် တာဝန်ခံရုံး၌ စားသုံးဆီလက်လီ/လက္ကား အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး  ဟောပြောပွဲဆောင်ရွက်ခဲ့ပါ သည်။

     ထို့သို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော စားသုံးဆီဈေးနှုန်းကြီးမြင့်ခြင်းနှင့် ပတ်သက်ပြီး စားသုံးဆီရောင်းချသောလုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြု လုပ်ကြရန်၊ ဈေးနှုန်းမြင့်တင်ရောင်းချခြင်းစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာ ရောင်းချကြရန်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ တက်ရောက်လာ သောဆီလုပ်ငန်းရှင်များမှ သိရှိလိုသည့်မေးမြန်းချက်များအား မြို့နယ်ဦးစီးမှူးမှပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ ဟောပြောပွဲသို့ စားသုံးဆီ လက်လီ/ လက္ကား အရောင်းဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင် (၃၀)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဆန်ဆိုင်နှင့်စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

   (၁၅.၅.၂၀၂၅)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်(၄) ဆိုင်နှင့် စားအုန်းဆီဆိုင် (၅)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

     အဆိုပါ ပူးပေါင်းအဖွဲ့များက ဆန်ဆိုင်များတွင် ဆန်အိတ်(၅၀၀)နှင့်အထက် သိုလှောင်မှု ရှိလျှင် (MyRo)တွင် မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် မသမာသော နည်းလမ်းဖြင့် ဈေးကစားရန် အလို့ငှာ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် စားအုန်းဆီဆိုင် များအား ရည်ညွှန်း ဈေးနှုန်းသာ ရောင်းချရန် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးအောင်ဘော်မှ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

လမ်းမတော်မြို့နယ် ကမ်းနားတလျှောက်ရှိ ဆန်ဂိုဒေါင်များအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

   ၁၅.၅.၂၀၂၅ ရက်နေ့၊ ၁၅:၀၀ အချိန်၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကမ်းနားဥပစာလမ်း၊ ကိုင်းတန်းအမှတ်(၁)၊ ကိုင်းတန်း အမှတ်(၂)ရှိ ဆန်သင်္ဘောများနှင့် ယမုံနာလမ်း၊ လမ်းသစ်လမ်းတိုနှင့် ဝါးတန်းလမ်းတိုတို့ရှိ ဆန်ဂို‌ဒေါင်များအား  လမ်းမတော် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး ဦးရန်နိုင်ထွန်း၊ လမ်းမတော်မြို့နယ်စည်ပင်သာယာမှ လက်ထောက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆွေ၊ လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ထွန်း ဦးစီးမှူး၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန၊ မြေနှင့်ဆိပ်ကမ်း(အလယ်ပိုင်း)ဌာနစုမှ မန်နေဂျာ ဦးထွန်း လင်း ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်စောနှင့် ရပ်ကွက်စာရေး ဦးထွန်းလင်း တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ဆန်ပြတ်လပ်ခြင်း၊ ဆန်ဈေးမတည်ငြိမ်မှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ၁၆:၃၀ အချိန်တွင်ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျိုက်လတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် Talk Show ပြုလုပ်ဆောင်ရွက်

   ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းသည် ၂၀၂၅ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ အချိန်တွင် ကျိုက်လတ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ အသိပညာ ပေး Talk Show ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

  အဆိုပါ အသိပညာပေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉) စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၂) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေး အကြောင်း၊ အခန်း(၁၈) ပါ ကုန်အညွှန်းမှတ်အသားဖော်ပြခြင်းများအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ပါသည်။ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ပြီး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် Centre များ ဖွင့်လှစ်ထားရှိကြောင်း ၊ စားသုံးသူရေးရာဦးစီးဌာန၏ Call Centre 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး Talk Show ပြုလုပ်ခဲ့မှုအပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကျိုက်လတ်မြို့နယ် ထွေ/အုပ်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား (၂၃.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

   ထိုသို့ဟောပြောရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေး၊ အစားအသောက်များကို ဝယ်ယူသုံးစွဲရာတွင် အန္တရာယ် ရှိသော ကုန်စည်များ ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် Myro ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရန်နှင့် online စနစ်ရောင်းချမှုများအား မှတ်ပုံတင်ရေး ပြောကြားခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ရှိလျှင် 1535 သို့ ဖုန်းခေါ်ဆို တိုင်ကြားနိုင်ကြောင်း အသိပညာဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ