သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်မြို့၊ City Baby Mart အား အန္တရာယ်ဖြစ်စေနိုင်သော အစားအသောက်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ City Baby Mart အား (၂၂.၄.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးဆောင်၍ ပုသိမ်မြို့နယ် အစားအသောက် နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေးကော်မတီ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် သွင်းကုန်ထောက်ခံချက် (IR)မရှိဘဲ Online Media မှ ရောင်းချ နေသော အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်၊ အလှကုန်၊ လူသုံးကုန်ပစ္စည်းများ ရောင်းချ ခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့နယ်အတွင်း ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော အရောင်းဆိုင်များသို့ (၁၃-၅-၂၀၂၅))ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရောတွင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့သည် ဓနုဖြူမြို့ ရပ်ကွက် ၃-၄-၅ရပ်ကွက်တွင် ရောင်းချနေသော  ကြက်ဥ၊ ဘဲဥ လက်လီ၊ လက်ကားအရောင်းဆိုင် (၆)ဆိုင်အား ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကြက်ဥ၊ ဘဲဥ ဝယ်ယူရရှိမှုအခြေအနေ ဈေးကွက်အတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချ နေမှုအခြေအနေများအား မေးမြန်းစုံစမ်းခဲ့ရာတွင် ညောင်တုန်းမြို့နယ်အတွင်းရှိ ကြက်မွေးမြူးရေးခြံနှင့် ဘဲမွေးမြူရေးခြံများမှလည်းကောင်း နီးစပ်ရာမြို့နယ်များမှ ကြက်ဥ၊ ဘဲဥဒိုင်များမှလည်းကောင်း ဝယ်ယူရရှိခဲ့ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း လက်ရှိဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ကြက်ဥ၊ ဘဲဥ အကြီး၊ အလတ်၊ အသေး ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး ဈေးကွက်အတွင်း ကြက်ဥ၊ ဘဲဥရောင်းချနေမှု ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဈေးနှုန်းမှန်ကန်စွာရောင်းချရန် အသိပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောင်းကုန်းမြို့နယ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍အိမ်ဆောက်ပစ္စည်း ရောင်းချ သော ဆိုင်များသို့ သွားရောက်၍ ရောင်းဝယ်မှုအခြေအနေ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ပစ္စည်းလက်ကျန်အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ် MV  ၅၂၇ အားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် ၁၅.၅. ၂၀၂၅ ရက်နေ့ ၊ (၁၁:၀၀ မှ ၁၂:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့်  သာကေတဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  MV ၅၂၇ သင်္ဘော ရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက် သယ်ဆောင်ခြင်းများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့်  ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် (ရန်ကုန် မှ ဘုတ်ပြင်း )သို့ ထွက်ခွာမည့် သင်္ဘောတွင် အထွေထွေကုန်မျိုးစုံပစ္စည်းများ တန်ချိန် ( ၁၅၇ )တန်ကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေ ကြောင်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ ဦးကံ ဆီစက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရေကြည်မြို့နယ်တာဝန်ခံသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အောင်ဆန်းရပ်ကွက်၊ စိန်မြလမ်းရှိ ဦးကံ ဆီစက်လုပ်ငန်းသို့သွားရောက်၍ ဆီကြိတ်ခွဲထွက်ရှိမှု၊ ဈေးကွက်ဈေးနှုန်းအခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေ များကို ဦးကံဆီစက်လုပ်ငန်းပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ် MV ရွှေနဒီ သာကေတဆိပ်ကမ်းအားတရားမဝင်ကုန်ပစ္စည်းများ တင် ဆောင်ခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် ၁၅.၅. ၂၀၂၅ ရက်နေ့ (၁၁:၀၀ မှ ၁၃:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့်  သာကေတဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော MV ရွှေနဒီ သင်္ဘောရေယာဉ် အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက်သယ် ဆောင်ခြင်းများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက် စစ်ဆေးခဲ့ကြပါ သည်။

    ထိုသို့စစ်ဆေးရာတွင်  (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့်      သင်္ဘောတွင် တောင်ဒဂုံဆီအုန်းစက်ရုံတွင် ဆီကြိတ်ရန်အတွက် ဆီအုန်းနှင့်ဆီကြမ်းဖတ်စသည့် ကုန်ပစ္စည်းများ တန်ချိန် (၁၃၆၀)တန် ကိုတင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမဝင် ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းမှားပုံမှန် ဝင်/ထွက်မှုရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကော့သောင်းမြို့ မှ ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် ရာဇာမင်း သင်္ဘောအား အဖွဲ့စုံဖြင့်စစ်ဆေးခြင်း

    (၁၄-၅-၂၀၂၅) ရက်နေ့တွင် ကော့သောင်းမြို့နယ်မှ ရန်ကုန်မြို့၊ ရွှေမဲဆိပ်ကမ်းသို့ ရောက်ရှိလာသော MV ရာဇာမင်း သင်္ဘောအား အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ စစ်ဆေးမှုများကို အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးချမ်းမြေ့အောင်၊  အရှေ့ ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်မှူးဦးလှစိုး၊ မူးယစ်ရဲတပ်ဖွဲ့မှဒုရဲအုပ်ကျော်ဇင်မင်း၊ အမှတ်(၃) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ့မှ ရဲမှူး အောင်ကျော်ထူး ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ထောက် မန်နေဂျာ အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန့်ဇင်၊ စသည့်ပူးပေါင်းအဖွဲ့များမှ စစ်ဆေးခဲ့ကြရာ ကုန်ပစ္စည်းမျိုးစုံကို သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း၊ အထောက်အထားမပြနိုင်သော ကုန်စည်များကိုတွေ့ရှိပါက ပင်လယ်ရေ ကြောင်းအကောက်ခွန်အက်ဥပဒေတို့အရ အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းနှင့် နိုင်ငံတော်မှ တားဆီးပိတ်ပင်ထားသော ကုန်စည်များကို စစ်ဆေးတွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာန၏ အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ညောင်တုန်းမြို့နယ်တွင်း ကြက်ဥ၊ ဘဲဥ ဈေးနှုန်း ဈေးကွက် ကွင်းဆင်းဆောင်ရွက်ခြင်း

     ၁၄-၅-၂၀၂၅နေ့ နံနက် (၀၈၃၀) နာရီအချိန်က မအူပင်ခရိုင် ညောင်တုန်းမြို့နယ်ရှိ ဝန်ထမ်းများသည် မြို့နယ်တွင်း ကြက်ဥ၊ဘဲဥရောင်းချနေသည့် အရောင်းဆိုင်များအား လက်လီ၊လက်ကား ဈေးနှုန်း ဈေးကွက်အခြေအနေများကို‌မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နြို့နယ်စည်ပင်သာယာအဖွဲ့ တိုနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချီမီဇင် ဒု-ဦးစီးမှူးက ဈေးကွက်အတွင် ကြက်ဥ၊ ဘဲဥ လက်ကားအရောင်းဆိုင်(၇)ဆိုင်မှ လုပ်ငန်းရှင်တို့၏ ရောင်းချနေမှူကို မေးမြန်းဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင် ကြက်ခြံများမှ မှာယူရောင်းချကြပြီး ဈေးနှုန်း ကြီးမြင့်စွာရောင်းချခြင်းမပြုရန်၊ လက်ရှိ ရောင်းဝယ်နေသည့် ဈေးနှုန်းတို့ကို စာရင်းကောက်ယူခဲ့ပြီး စားသုံးသူပြည်သူများကို သင့်တင်မျှတသော ဈေးဖြင့် ရောင်းချရန်နှင့် ဈေးနှုန်း နှိုင်းယှဉ်ချက် အခြေအနေများကို စိစစ်ဆောင်ရွက်လျှက်ရှိသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှ ဝိသမ လောဘဖြင့် ရောင်းချမှု မပြုရန် သတ်မှတ်ချက်များအတိုင်း အများပြည်သူများကို ရောင်းချရန်တို့ကို ပြောကြား ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များအားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ၁၄.၅.၂၀၂၅ ရက်နေ့ (၁၀:၀၀ မှ ၁၁:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွား ရေယာဉ်များဆိုက်ကပ်သည့်  မုတ္တမဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော Mvရွှေကိန္နရီသင်္ဘော ရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက် သယ်ဆောင်ခြင်းများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့် ဝင်ရောက်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စစ်ဆေးရာတွင်  (ကော့သောင်းမှ ရန်ကုန် )သို့ ထွက်ခွာလာသည့်      သင်္ဘောတွင် ကုန်ပစ္စည်းမျိုးစုံ တန်ချိန် (၁၃၁၃)တန်ကို တင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမ ဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ ပုံမှန် ဝင်/ထွက်မှုရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

ညောင်တုန်းမြို့နယ်အတွင်း အစားအသောက်နှင့် ဝန်ဆောင်မှု လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ တို့ပါဝင်သော အဖွဲ့သည် မြို့နယ်တွင် စားသုံးသူပြည်သးများ ကျန်းမာစေရန် သန့်ရှင်သော စားသောက်ကုန်များကို စားသုံးနိုင်ရန် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် စားသောက်ကုန်လုပ်ငန်း အေးမြတ် လက်ဖက်ရည်နှင့် အအေးဆိုင်၊ ရွှေဧည့်သည် စားသောက်ဆိုင်လုပ်ငန်း၊ My Day လက်ဖက်ရည်နှင့် စားသောက်ဆိုင် (၃)ဆိုင်ကို ၁၄-၅-၂၀၂၅ နံနက် (၁၁၀၀) နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် (ဒု-ဦးစီးမှူး)က ဝန်ဆောင်မှုနှင့် စပ်လျဉ်းသော စားသောက်ကုန်လုပ်ငန်း ပိုင်ရှင်များ ရောင်းချနေမှုကို ကြည်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်တို့အား စားသုံးသူအပေါ် ဝန်ဆောင်မှု ပေးခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူ သိရှိနားလည်းစေရန် ကြိုတင် အသိပေးခြင်း၊ ဝန်ဆောင်မှု အဆင့်အတန်းအညီ ပြည်ဝစွာရောင်းချရန်၊ စားသုံးသူလိုအ်ပချက်နှင့်ကိုက်ညီမှု ရှိစေရန်၊ အာမခံထားသော အချိန်ကာလအတွင်း ဆောင်ရွက်ပေးခြင်း၊ သဘောတူညီသော ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေရန် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃) အချက်အလက်များကို ရှင်းလင်းခဲ့ပြီး စားသုံးသူတောင်းဆိုနိင် သည့်အခွင့်အရေးအကြောင်း တို့ကိုလည်းကောင်း အသိပေးပြောကြားခဲ့ပြီး သတ်မှတ်ချက်ကိုလိုက်နာ ဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ပြီး လုပ်ငန်းရှင်တို့အား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ