သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက်နိဗ္ဗာန်လမ်းရှိ မိသားစုမုန့်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန လပွတ္တာခရိုင် လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေး သည် (၂၂.၈.၂၀၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက် နိဗ္ဗာန်လမ်းရှိ မိသားစု မုန့်မျိုးစုံလုပ်ငန်းအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင်လပွတ္တာမြို့နယ်တာဝန်ခံမှ အမှတ်(၂)ရပ်ကွက်နိဗ္ဗာန်လမ်းရှိ မိသားစု မုန့်မျိုးစုံ လုပ်ငန်းတွင် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုနှင့် ကုန်ကြမ်းရရှိမှု ဈေးနှုန်းဈေးကွက်အခြေအနေများ၊ သန့်ရှင်းမှုရှိစေရေး၊ အစရှိသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ စွာဖော်ပြထားနိုင်ခြင်းအတွက် ၂၀၁၉ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပုဒ်မ(၄၁)ပါ ပုဒ်မခွဲ(၈) ချက်အား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သောလုပ်ငန်းရှင် ပြည်သူများသိသင့် သိထိုက်သည့် အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

24 Hour စားသောက်ဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို စီးပွား‌‌ရေးလုပ်ငန်းများ အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအတွက် ဆက်သွယ်ဝယ်ယူနိုင်ရေး လစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၁-၈-၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊အမှတ်(၇)ရပ်ကွက်ရှိ 24 Hour စားသောက်ဆိုင် လုပ်ငန်းရှင်မှ စက်မှုလုပ်ငန်းသုံးဆီ လာရောက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက အစားအသောက်ထုတ်လုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူများအတွက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာရောင်းချစေရေး၊ စားသုံးသူထိခိုက်နစ်နာမှုမရှိစေရေးတို့ကို အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊   စားဖိုဆောင်တွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများ၊ အစားအသောက်တွင် ထည့်သွင်းသည့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ စားသောက်ဆိုင်မှ သုံးစွဲပြီးအမှိုက်များအား အမှိုက်ပုံးထဲသို့ စနစ်တကျစွန့်ပစ်ရန်၊ ဆိုင်ဝန်ထမ်းအားလုံး တစ်ကိုယ်ရည်သန့်ရှင်းမှုအား အလေးထားရန်၊ ရောင်းချသည့် စားဖွယ်ရာများအားလုံးကို ဈေးနှုန်းများကပ်ပေးခြင်းဖြင့် ကြိုတင်ဖတ်ရှု့ သိရှိနိုင်စေရေးဆောင်ရွက်ပေးရန်တို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့်      ဝန်ထမ်းများသည်(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

            ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀)ကျပ် အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူ များအား မည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၂၂.၈.၂၀၂၅)ရက်နေ့၊ နံနက်(၇:၃၀)အချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ အသင်းရုံးရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥတို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

      ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စိစစ်ခြင်း

       ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့၊ နေ့လယ်(၁၄:၃၀) နာရီအချိန်တွင် (၃) ရပ်ကွက်ရှိ ဒေါ်ချိုချို ပိုင် “ငွေရတနာအောင်” ဘိလပ်မြေအရောင်းဆိုင်သို့ ဈေးနှုန်းဈေးကွက်အခြေအနေ မေးမြန်း၍ ကွင်းဆင်း စိစစ်ခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ဘိလပ်မြေ ဆိုင်များအနေဖြင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေအိတ် များကို ဝယ်ရင်းဈေးထက် အမြတ်(၁၀%) ထက်ပို၍ ရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အဆိုပါ အရောင်းဆိုင်အနေဖြင့် ဝယ်ရင်းဈေးထက် အမြတ် (၂%) သာ ယူ၍ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စိစစ်ခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)

 (၄)ရပ်ကွက်(အ.မ.က-လွန်) အလယ်ပိုင်းကျောင်းရှိ ကျောင်းသူ/သားများအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့ သည် ()ရပ်ကွက်၊ (..က- လွန်) အလယ်ပိုင်းကျောင်းရှိ ကျောင်းသူ/သားများအား ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၀) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်/ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် သတိပြုလိုက်နာရမည့် အချက်များနှင့် စားသုံးသူများ တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊  ကုန်အညွန်း အမှတ်အသား ဖော်ပြခြင်း ဆိုင်ရာများ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများ ရှိပါက လူကိုယ်တိုင် တိုင်ကြားနိုင်ကြောင်းနှင့် Call Center (1535) မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေး ပြောကြားခဲ့သည်ဟု သိရှိရသည်။

(Doca ဧရာဝတီ)

ကျိုက်လတ်မြို့ (၆)ရပ်ကွက်ရှိ၊ ဒေါ်အေးမြိုင်ဆန်စက်သို့ MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် (၆)ရပ်ကွက်ရှိ ဒေါ်အေးမြိုင်ဆန်စက်သို့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့တွင် ထုတ်ကုန် လုံခြုံစိတ်ချရမှု့ ရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် online မှတ်ပုံတင်ထားရှိမှု၊ ဆန်စက် ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆန်စပါးအရည်အသွေး ပြည့်မီစေရေး၊ စက်ကိရိယာနှင့် ပတ်သက်၍ နည်းစနစ်သစ်များ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ် ကြိတ်ခွဲမှု ရှိ/မရှိ၊ ဆန်၊စပါးဈေးနှုန်း/ဈေးကွက်  တည်ငြိမ်စေရေး၊ ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မီစေရေး၊ ထုပ်ပိုးမှု အခြေအနေများ၊ ဆန်/စပါးသက်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစိစစ်ခဲ့ပြီး ဆန်စက်ရှိသိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

(Doca ဧရာဝတီ)

ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖော်ပြနိုင်ရေး လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

         စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးတို့အတွက် လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။

          ၂၁.၈.၂၀၂၅ ရက်နေ့တွင် မြင်းခြံမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ စတား ပေါင်မုန့်လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်မှ ၎င်းထုတ်လုပ်သော ကုန်စည်နှင့် ပတ်သက်၍ စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိစေရေးအတွက် မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်လျှောက်ထားမှုတွင် စားသုံး/ ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က ကုန်စည်နှင့်ပတ်သက်၍ ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော ကုန်စည်များကို သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိ၊ ဘေးအန္တရာယ် ရှိ/မရှိကို ဈေးကွက်မရောက်မီနှင့် ဈေးကွက် ရောက်ပြီးအခြေအနေများ၌လည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိပါကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် အာမခံချက်ရှိပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များဖော်ဆောင်ဖြည့်ဆည်းပေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက်လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်၊ သတ်မှတ်ချက်များအတိုင်း လိုက်နာ၍ စားသုံးသူများဘေးအန္တရာယ်သည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍများ တိုးတက်ကောင်းမွန်လာမှာဖြစ်ပါကြောင်း ဆွေးနွေးအသိပညာပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

MyRO တွင်မှတ်ပုံတင်ထားသည့် တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးလာရောက်လျှောက်ထား

          မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

          မြင်းခြံမြို့နယ်တွင် လက်ရှိအချိန်ထိ (MyRO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၂၀)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (MyRO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့်မြောက်ပြီးသည့်အတွက် ခရိုင်ဦးစီးမှူးရုံးသို့ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား လာရောက်မေးမြန်းဆောင်ရွက်လျက်ရှိရာ(၂၂.၈.၂၀၂၅)ရက်နေ့တွင် အမှတ်(၈)ရပ်ကွက်ရှိ ဆန်သိုလှောင် ပိုင်ရှင်ဦးဝင်းမောင်သည် ၎င်း၏သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက် တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးက သက်တမ်းတိုး လျှောက်ထားမှုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဖျာပုံမြို့ (အ.လ.က -၂ ) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှ ဒေါ်အေးသီတာဇော်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၉)ရက်နေ့တွင် (အ.လ.က-၂)ကျောင်းရှိ ကျောင်းသူ/ကျောင်းသား(၄၃၁)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခြင်း၊ ကျောင်းသူ/သားများသည်  ဘေးအန္တရာယ် ကင်းရှင်းစေရေး၊  ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် စိတ်ကျေနပ်မှု ရရှိစေရေးအတွက်  ကုန်အညွှန်းအမှတ်အသား  ဖော်ပြချက်များ ကြည့်၍ ဝယ်ယူရမည် ဖြစ်ကြောင်း၊  ဝယ်ယူသည့် ကုန်စည်/ဝန်ဆောင်မှု့ အတွက်  လက်ခံပြေစာ ယူဆောင်ရမည်ဖြစ်ကြောင်း၊ စားသုံးသူများ အနေဖြင့် စိတ်ကျေနပ်မှုမရှိပါက စားသုံးသူရေးရာဦးစီးဌာနရုံးသို့ လူကိုယ်တိုင်ဖြစ်စေ၊၁၅၃၅သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။

(Doca ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ