ကျိုက်လတ်မြို့နယ်တွင် စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် စားသုံးဆီ(ဘူးဆီ)များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးဆီ(ဘူးဆီ) များတွင် ကုန်အညွှန်းအမှတ်အသား များကို မြန်မာဘာသာဖြင့် ဖော်ပြထားရှိမှု၊ ပါဝင်ပစ္စည်း၊ အလေးချိန် ကို ပိဿာ/ကျပ်သားဖြင့် ဖော်ပြထားရှိမှု ၊ ထုတ်လုပ်သည့် ရက်စွဲ ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ဓာတ်မတည့်ကြောင်း ဖော်ပြထားရှိမှု အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)