သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကလေးမြို့၊ ကလေးဝမြို့များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ( ၂၀ ) ရက်နေ့တွင် နယ်မြေအတွင်းရှိ ကလေးမြို့နှင့် ကလေးဝမြို့ စည်ပင်သာယာဈေးတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိနှင့် စားသုံးရန်မသင့်သည့် အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိကို စည်ပင်သာယာ ဈေးနှင့် ရပ်ကွက်များသို့ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရ ပါသည်။

     သွားရောက်စစ်ဆေးရာတွင် အသင့်စား ငါးပိထောင်းနှင့် ဟင်းသီးဟင်းရွက်ဆီများကို စစ်ဆေးခဲ့ပြီး လစဉ် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မြို့နယ်များအလိုက် ဆောင်ရွက် လျက်ရှိပြီး  ကွင်းဆင်းဆောင်ရွက်ရာတွင် လူအများစုအသုံးပြုသော စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့် ကုန်စည်များအနေဖြင့်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ် ( ၂/၂၀၁၉ )နှင့်အညီ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်ညွှန်းအမှတ်အသားများကို ပြည့်စုံစွာဖော်ပြပါရှိပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှုများ ရှိလာ သည်ကို တွေ့ရှိရပါကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

             

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

    ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့၊ ဇေတဝန်ဘုန်းတော်ကြီးအတတ်သင်ကျောင်း၊ အ.မ.က (မူလွန်)ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၄၀)ဦး တက်ရောက်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး (ဒုတိယဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပါသည်။ စားသုံးသူကာ ကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆို ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေး ကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများ နှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး (၈)ချက်ကို ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA(ရှမ်း)

“ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၁၁-၁၀-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၁၄-၁၀-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွင်း   မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း တစ်ပိဿာလျှင် (၅၃၅၀ိ/-) (၅၃၀၀ိ/-)နှုန်းဖြင့် ပီပါ(၈၀)ပီပါ ရောင်းချခဲ့ရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ဆေးဈေးနှုန်းများ ဈေးကွက်စောင့်ကြည့် စာရင်းကောက်ယူခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၂၁/၂၀၂၀ အရ ဆေးဝါးများကို အ‌ရေးကြီးကုန်စည်အဖြစ်သတ်မှတ်လိုက်သဖြင့် ဆေးဝါးများကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ စျေးကစားရန်ရည်ရွယ််၍ သိုလှောင်ခြင်းမပြုရန်ကို လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ တရားမဝင်ဆေးဝါးများ၊ အတုအပနှင့် အရည် အသွေး နိမ့်ဆေးဝါများ ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေ‌ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် စစ်ဆေးရေးအရာရှိ ဦးဆောင်သောဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည်၂၀၂၂ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ ၊ နံနက် (၁၀း၀၀) အချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ ဆေးဆိုင်များတွင် ဆေးဝါးပြတ်လပ်မှုမရှိခြင်း၊ ဆေးစျေးနှုန်းမှာ အခြားကုန်စည်များ နည်းတူ အတိုင်းအတာတစ်ခုထိ မြင့်တတ်လာသော်လည်း စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပါသည်။ အရောင်ဆိုင်ရှင်များအား ကုန်စည်များကို စျေးကွက်အတွင်း စျေးနှုန့်မြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မ ဟုတ်) စျေးကစားရန်ရည်ရွယ်ချက်ဖြင့်  သိုလှောင်ခြင်းများ ဆောင်ရွက်နေသည်ကို စိစစ်တွေ့ရှိပါက အ‌ရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အ‌ရေးယူခြင်းခံရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

 

 

“မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း”

     မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ စျေးကွက်တွင်းရောင်းချနေသော ဓါတ်ဆီ၊ဒီဇယ်များ စျေးနှုန်း မြင့်တင်ရောင်းချမှု ရှိ/မရှိ၊ အချိန်အတွယ် လီတာ၊ဂါလံများ ပြည့်မီမှုရှိ/မရှိကို သာစည်မြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချနေသော  ရွှေသင်းသူ၊ ပန်းစံပယ်၊ ကျော်စံ၊ ‌ရှမ်းရွှေတောင်၊ ကောင်းဇော်ဟိန်း နှင့်  ဟိန်းရာဇာ စက်သုံးဆီဆိုင်များအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင် ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှု ရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိ/မရှိ ၊  အရည်အသွေးပြည့်မီမှန်ကန် သည့် သတ်မှတ်ချက်နှင့် ကိုက်ညီသော စက်ဆီ၊ချောဆီ များကိုသာတင်သွင်း ၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေး လုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ််သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှု ရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိ ပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကော်မတီမှ သတ်မှတ်ထားသော နှုန်းထားများအတိုင်းသာ ရောင်းချမှုရှိပြီး၊ အချိန်အတွယ် လီတာ ၊ ဂါလံများ ပြည့်ဝမှုရှိ/မရှိ (၂၀) လီတာစံဝင်ခွက် ဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ပြည့်မီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“မလှိုင်မြို့နယ်အတွင်း အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

       မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန ၊ (မိတ္ထီလာ/ ရမည်းသင်း)ခရိုင်၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ   ၁၇  ရက်နေ့ (၁၀း၀၀) အချိန်တွင် မလှိုင်မြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းရောင်းချသော အလှကုန်ဆိုင် (၈) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်း အလှကုန်ပစ္စည်းရောင်းချသူများအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ၊ မည်သည့်လုပ်ငန်းရှင်မဆို ကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူကာကွယ်‌ရေးဥပဒေ ပြဌာန်းချက်နှင့်အညီ ဖော်ပြ၍ တင်သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချရန်လိုအပ်ကြောင်း ၊ မြန်မာစာ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိပြီး တရားဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်၊ တရားမဝင်တင်သွင်းထားသည့် အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း”နှင့် အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး’ အကယ်၍ လိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေအရ အ‌ရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထောက်ခံချက်အမှတ်များပါရှိပြီး ကုန်အညွှန်း အမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

       အလှကုန်ပစ္စည်းရောင်းဆိုင်များအနေဖြင့် အလှကုန်များကို တရားဝင်ကုမ္ပဏီများမှ ဝယ်ယူ‌ ရောင်းချပါကြောင်းနှင့် ထောက်ခံချက်အမှတ်များပါရှိပြီး ကုန်အညွှန်း အမှတ်သားများအား မြန်မာဘာသာဖြင့် ဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ ရောင်းချနေကြကြောင်းနှင့် အလှကုန်များတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling များ ကပ်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း”

    မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၃) ရက် နေ့  နံနက်(၁၀း၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ ကျောက်ဖူးရပ်ကွက်ရှိ ကုန်စုံဆိုင်များအတွင်း ရောင်းချလျှက်ရှိသောကုန်စည်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရန်မျိုးအောင်ရပ်ကွက်၍ ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးသူ ကာကွယ်‌ရေးဥပ‌ဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအရ ဥပဒေ အခန်း(၉)ပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ အခန်း(၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ဥပဒေအခန်း (၂၃) ပါ တားမြစ် ချက်များ၊ ဥပဒေအခန်း (၂၄)ပါ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့် ဆက်စပ်း၍ ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင် (ဆ)တို့ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားရမည်ဖြစ်ပြီး၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(မန္တလေး)

 

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံ မှန်ကန်စေရေး တွေ့ဆုံဆွေးနွေးခြင်း”

    မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးသို့ မိတ္ထီလာမြို့နယ်အတွင်းမှ “ပိုင်”အကြော်စုံလုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ဖော်ပြရ မည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို (၁၇-၁၀-၂၀၂၂) ရက်နေ့ (၁၃၀၀) နာရီချိန်တွင်   ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။  

     လုပ်ငန်းရှင်သည် မိတ္ထီလာမြို့နယ်ဒေသအတွင်း ငါးမုန့်ကြော်နှင့် ငါးရေခွံကြော်များကို ထုတ်လုပ်နေသူတစ်ဦး ဖြစ်ပါကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းအပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ် အသားများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် လာရောက်တွေ့ဆုံရခြင်းဖြစ် ကြောင်း ပြောကြားရာ ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်‌ရေး ဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း (၁၅)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံ စိတ်ချရမှုအကြောင်း၊ အခန်း (၁၇) ပါ ကုန်စည်နှင့် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှအချက်များ အကြောင်း၊ အခန်း (၁၉) ပါ တိုင်ကြား ခြင်းနှင့် စိစစ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ခြင်းများအကြောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေ (၁၈) ပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်း ရှင်မဆို ပုဒ်မ (၄၁) ပုဒ်မခွဲ (ခ)နှင့် (ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု (သို့) တစ်ခုထက် ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ စားသုံးသူများ ဘေးကင်းလုံခြုံ မှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရ မည်ဖြစ်ကြောင်း၊ ကုန်စည်ကြောင့် စားသုံးသူများ ထိခိုက်နစ်နာ မှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရမည်ဖြစ်ပြီး အာမခံမှုနှင့်အညီ ဆောင်ရွက်ပေးမှုမရှိပါက စားသုံးသူမှ တိုင်ကြားနိုင်သည့် အခွင့်အရေးရှိပြီးဌာနနှင့် စားသုံးသူကာကွယ် ရေးကော်မတီတို့၏ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူနိုင်သည့်အချက်အလက်များကိုအသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင် ထုတ်လုပ်သည့် ကုန်ပစ္စည်း နမူနာပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို ဖြည့်စွက်ပြောကြား ခဲ့ပါ သည်။

DOCA(မန္တလေး)

                                               

ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၁၁/၂၀၂၂ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ ၁၁/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကို အောက်တိုဘာလ ၁၉ရက် မွန်းလွဲ ၁၄:၀၀နာရီ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန တိုင်းဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ပုဂ္ဂလိကစက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ရာ အောက်တိုဘာလအတွင်း စက်မှုမှတ်ပုံတင်ရန် လျှောက်ထားလာသော ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်း ၄၁-ခုအား မှတ်ပုံတင်ခွင့်ပြုရန် ဆွေးနွေးခြင်းနှင့် သက်တမ်းမတိုးသော ပုဂ္ဂလိကစက်မှု လုပ်ငန်း(၃၂)ခု အား လုပ်ထုံးလုပ်နည်း အပိုင်း(၃၂)အရ ခေတ္တရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြခြင်း၊ ၎င်းအပြင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် လက်ပံချောင်းကျေးရွာရှိငါးပုံဆန်စက်ပိုင်ရှင် ဦးကျော်ကျော် ကွယ်လွန်သွားသောကြောင့် ဇနီးဖြစ်သူမှပိုင်ရှင် အမည်ပြောင်းလဲခွင့်ပြုပါရန် လျှောက်ထားခြင်းနှင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ဘုရားချောင်းမြရတနာရပ်ကွက်ရှိ အောင်ပန်းဆားစက်အား မူလပိုင်ရှင် ဦးဟုတ်စိန် ကွယ်လွန်သွားသောကြောင့် ဒေါ်ဌေးဌေးပါ သားသမီး၃ဦး ပိုင်ရှင်အမည် ပြောင်းလဲခွင့်တင်ပြလာခြင်းတို့အား တက်ရောက်လာသောအဖွဲ့ဝင် ဌာနကိုယ်စားလှယ် စားသုံးသူရေးရာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွက်ကဲရေးဦးစီး ဌာန၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန်းခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးပြီး ပုဂ္ဂလိကစက်မှုမှတ်ပုံ တင်ခွင့်ပြုရန် တင်ပြလာသောလုပ်ငန်း-၄၁ခုအား သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုရန်နှင့် ပိုင်ရှင်အမည်ပြောင်းလဲခွင့်ပြုရန် ထောက်ခံတင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၂)ရပ်ကွက်၊ မူလွန်ကျောင်း စားသုံးသူ အသိပညာပေးဟောပြောပွဲပြုလုပ်

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၉.၁၀.၂၀၂၂) ရက်နေ့ နေ့လယ်(၁၂:၃၀)နာရီက လပွတ္တာမြို့၊ အမှတ်(၂)ရပ်ကွက်၊ မူလွန်ကျောင်း၌ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ မိမိတို့ဌာနအနေဖြင့် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန် များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဂ)တို့ပါ ဥပဒေညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများသိရှိ နားလည်နိုင်စေရန်အတွက် အစားအသောက်များတွင် ဓါတုဆိုးဆေးများပါဝင်မှုအကြောင်း၊ သက် တမ်းလွန်အစားအသောက်များအကြောင်း၊ အသေးစိတ်ပြောကြားပြီး ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော မုန့်ဆိုင်များအား ကျောင်းမုန့်ဈေးတန်းစားသုံးသူရေးရာအဖွဲ့ဖြင့် သွားရောက် စစ်ဆေးပြီး ဆိုင်ပိုင်ရှင်များအား ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား သိရှိလိုက်နာဆောင်ရွက်ကြရန် သက်တမ်းလွန်မုန့်များရောင်းချခြင်းမပြုကြရန် မုန့်ဆိုင်ပိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ