သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်း

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ စားသုံးသူအသိပညာပေးဆင့်ပွားသင်တန်းကို ၂၀.၁၀.၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ (၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ သင်တန်းတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်ပြည့်ဝရန် လိုအပ်ကြောင်း၊ မိမိဘာသာရပ်များကို ကျွမ်းကျင်ရန် လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးကဏ္ဍသာမက ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုကဏ္ဍကိုပါ ဝန်ထမ်းများ သိရှိထားရန် လိုအပ်ကြောင်း၊ ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာသင်တန်းများကို ဖွင့်လှစ်ရန် စီစဉ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဘာသာရပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအကြောင်းအရာများ၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) နှင့် ပတ်သက်၍ သိကောင်းစရာများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

သထုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် သထုံမြို့နယ်၊ အမက(လွန်)ရွာဦးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောဆွေးနွေးပွဲတွင် အမက(လွန်)ရွာဦးကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသားကို အဓိကထား ဖတ်ရှု့သင့်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှုများကိုဝယ်ယူ သုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ပြည်နယ်ဦးစီးမှူးမှ နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးသည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် မွန်ပြည်နယ်၊ နိုင်ငံစီးပွားမြှင့်တင်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်ရန်အတွက် မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ သမဝါယမဦးစီးဌာနမှ ပြန်လည်အပ်နှံထားသည့် တာပသွန်ကျေးရွာရှိ မြေနေရာတွင် Export အဆင့်မီ တန် (၆၀)ကျ ဆန်စက်တည်ဆောက်ရေးမြေနေရာရွေးချယ်စိစစ်ရေး ကော်မတီနှင့်ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် လုံလောက်သော မြေဧရိယာပြည့်မီရန်၊ စက်ရုံမြေနေရာအား အရှုပ်အရှင်းကင်းရှင်းစေရန်၊ လျှပ်စစ်မီးသွယ်တန်းနိုင်ရေး၊ တန် (၆၀) ကျ ဆန်စက်တစ်ခုဖြစ်ပေါ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါ ဆန်စက်တည်ဆောက်ပြီးစီးပါက အလုပ်အကိုင် အခွင့်အလန်းများဖန်တီးနိုင်ပြီး တောင်သူလယ်သမားများအတွက်လည်း များစွာအထောက်အကူ ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ဇင်းကျိုက်မြို့၊ ဗိုလ်ချုပ်ဈေး၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် (၁၀:၀၀) ချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဇင်းကျိုက်မြို့၊ ဗိုလ်ချုပ်ဈေး၌ စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ထိုသို့စစ်ဆေးရာတွင် အဆိုပါပစ္စည်းများမှာ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ/မရှိ၊ မြန်မာနိုင်ငံ စားသုံးသူရေးရာကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့်အချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသောက်ကုန်နှင့် အလှကုန်ရောင်းချသော ဆိုင်ခန်း (၉)ခန်း ဆိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

အထက (ဇင်းကျိုက်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း

     မွန်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် အထက (ဇင်းကျိုက်) ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ဟောပြောဆွေးနွေး ခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်ဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မော်လမြိုင်ရဲစခန်းမှ ရဲအုပ်မြင့်အောင်က လူကုန်ကူးမှုနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်းနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ စုစုပေါင်း (၃၂၃)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ၂၀.၁၀.၂၀၂၂ ရက်နေ့တွင် ပြည်နယ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ K-Market၊ Ocean Super Center ၊ ဝံဈေးတို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စားသုံးရန်မသင့်ကြောင်း ကြော်ငြာထားသည့် အင်ဒိုနီးရှားနိုင်ငံထုတ် ခေါက်ဆွဲခြောက် Sedaap အမှတ်တံဆိပ် Expire Date (27/March/2023), (24/April/2023), (21/May/2023) ပစ္စည်း (၃) မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ စစ်ဆေးရာတွင် အဆိုပါ ပစ္စည်းများမှာ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တာဝန်ခံများအား မြန်မာနိုင်ငံစားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

သမဝါယမ သင်တန်းကျောင်း၌စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၁၉.၁၀.၂၀၂၂ ရက်နေ့တွင် မော်လမြိုင်မြို့၊ သမဝါယမသင်တန်းကျောင်းမှ သင်တန်းသား/သင်တန်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါဟောပြောဆွေးနွေးပွဲတွင် သမဝါယမသင်တန်းကျောင်းမှ ပြည်နယ်ဦးစီးမှူး ဒေါ်ခင်မာအေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

      ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသား/သင်တန်းသူ (၁၅၀) ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)

 

စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်

        မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ် တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၉-၁၀-၂၀၂၂) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်အခြေခံပညာဦးစီးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန စသည့်ဌာနများမှ စုစုပေါင်းဝန်ထမ်း(၃၅)ဦး တက်ရောက်ခဲ့ပါသည်။

         ဆွေးနွေးပွဲသို့တက်ရောက်လာသူများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊မြို့နယ်ရဲမှူးမှ လူကုန်ကူးမှုတိုက် ဖျက်ဖို့ နည်းပညာအခန်းကဏ္ဍမြှင့်တင်လုပ်ဆောင်စို့ အကြောင်းအရာနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် -၁၉ ရောဂါသတိပြုစေလိုသည့်အချက်များ၊ အဟာရနှင့်ပတ် သက်သည်များကို ဟောပြောဆွေးနွေးခဲ့ကြပြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းမှ စာသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်နှင့်တားမြစ်ချက်များ ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံးများတွင် အရေးဆိုတိုင်ကြားနိုင်ပါကြောင်း ၊ ထို့အပြင် Call Center ဝန်ဆောင်မှုအားလည်း ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ Consumer Call Center နံပါတ် 1535 သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပြီဖြစ်ပါကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ပုဒ်မ (၄၁)ပါ အချက်များ စသည်ဖြင့်အသိပညာပေးရှင်းလင်းခြင်းနှင့် စားသုံးဆီနှင့် စက်သုံးဆီ များ ချွေတာသုံးစွဲ ကြမယ်ဆိုရင် ရရှိနိုင်သောအကျိုးကျေးဇူးများအား အကျယ်တဝင့်ဟောပြော ဆွေးနွေးခဲ့ပြီး အဆိုပါ ဟောပြောဆွေးနွေးပွဲကို (၁၁:၃၀) နာရီအချိန်တွင် ပြီးစီးခဲ့ကြောင်းသိရပါသည်။

DOCA(မန္တလေး)

 

“ အရည်သွေးကောင်းတဲ့ မလှိုင်ပဲနောက် ”

              စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်း (၁၇-၁၀-၂၀၂၂) ရက်နေ့ (၁၀၀၀) နာရီအချိန်တွင် ကံကြီးကျေးရွာ ပဲနောက်ဧက (၈) ဧက စိုက်ပျိုးထားသူနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးရာတွင် ပဲနောက်ကို စိုက်ပျိုးရာတွင် မိုးဦး၌ နှမ်း၊ ပဲစဉ်းငုံတို့ဖြင့် သီးညှပ်စိုက်ပျိုး ကြောင်း ဒေသအခေါ် (ပဲနောက်) သည် ပဲတီစိမ်းအုပ်စုမျိုးဖြစ်ပြီး ပဲတီစိမ်းအသေးဟုလဲ ခေါ်ဝေါ် ကြောင်း၊ ပဲနောက်နှင့်ပဲတီစိမ်း စိုက်ပျိုးပုံကွာခြားသည်မှာ ပဲတီစိမ်းသည် လယ်မြေအစိုဓါတ်ရှိသော နေရာတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ၊ ပဲနောက်သည် ကုန်းမြေ ၊ ယာမြေတွင် မိုးကောင်းစောင့် စိုက်ပျိုးဖြစ် ထွန်းပြီး သီးညှပ်စိုက်ပျိုးသည့်အတွက် ထွန်ယက်စိုက်ပျိုးစရိတ်သက်သာပြီး၊ သွင်းအားစုမှာလည်း မျိုး စေ့ဘိုးသာ ကုန်ကျကြောင်း၊ ရိတ်သိမ်းခူးဆွတ်ရာမှာ (၄) ကြိမ်မှ (၅) ကြိမ်ခူးဆွတ်ရပြီး၊ ရိတ်သိမ်းပုံ စနစ်မှာ မလှိုင်ဒေသတွင် ပဲနောက်ကို ရိတ်သိမ်းခူးဆွတ်သည့်အခါ ရင့်မှဲ့သည့် အသီးတောင့်များကို ရွေးချယ်ခူးဆွတ်ခြင်း၊ ပဲသီးတောင့်များကို နေလှန်းနွားနင်းနယ် တုတ်နှင့်ရိုက်ပြီးပြာပီး သန့်စင်ကာ ပဲနောက်ကို ရရှိကြောင်း၊ အချို့ဒေသတွင် ပဲနောက်အပင်ရင့်မှည့်ချိန် အပင်လိုက်ရိတ်သိမ်းသည့် အတွက် မရင့်မှည့်သေးသည့် လုံးပိန်လုံးညှပ်များ ပါ ပါရှိနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ဘီးလင်းမြို့နယ် ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီလင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ဘိုးလှကြီးရပ်ကွက် (အ.မ.က) မြို့သစ်ကျောင်း၌  ၂၀.၁၀.၂၀၂၂ ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ရာ ဒုဦးစီးမှူး ဦးစည်သူက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းပြောကြားပြီး ကျောင်းသူ၊ ကျောင်းသားများအား ဘေးအန္တရာယ်ကင်းသော အစားအသောက်များကို ရွေးချယ်ဝယ်ယူစားသုံးတတ်စေရန် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ပါသည်။

      ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမ (၈) ဦး ကျောင်းသား၊ ကျောင်းသူ (၁၇၉) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲအပြီးတွင် ဌာန၏လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရှိရသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ