
ဖေဖော်ဝါရီ လ - ၂၀
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင်ဦးစီးမှူး ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၀-၂-၂၀၂၅ ရက်၊ ကြာသပတေးနေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဘားအံခရိုင် ဦးစီးမှူး ဦးမျိုးဝင်းနိုင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်အတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကုန်စည်များကို စနစ်တကျထုတ်လုပ်နိုင်ရန်အတွက် ကုန်အညွှန်းအမှတ်အသားအကြောင်းကို Power Point ဖြင့် စီးပွာရေးလုပ်ငန်းရှင်များအား လွယ်ကူစွာသိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ကာ စီးပွားရေးလုပ်ငန်းရှင် (၂၅)ဦး တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကရင်)