
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ မြန်မာ့ စီးပွားရေးဘဏ်ဘေး၊ အထက(၁) ကျောင်းဝင်းအတွင်းတွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် စားအုန်းဆီ ၁ ပိဿာနှုန်းဖြင့် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချပေးခဲ့ပါကြောင်း သိရှိရပါ သည်။
DOCA(တနင်္သာရီ)