သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

       စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် 25.10.2022 ရက်နေ့ နံနက် 10:00 နာရီအချိန်၌ ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်၊ ဖိုးဒေဝ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲတွင် ဒေါ်ဆန္ဒမွန်(ဒု-ဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ် ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့်စီးပွား‌ရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက် သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်း ရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သိုမဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ ကျောင်းသူ/ကျောင်းသားများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့်ပြသကာ ရှင်းလင်း‌‌ဟောပြောခဲ့ပါသည်။ ထို့နောက် စာသင်ကျောင်းမုန့်ဆိုင်များအား ဘေးအန္တရာယ်ရှိသောအစားအစာများ‌ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမ(၈)ဦး၊ ကျောင်းသူ/ကျောင်းသား(220)ဦး၊ စုစုပေါင်း(228)ဦးတက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)

စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်လှိုင် လာရောက် ဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသို့ ၂၀-၁၀-၂၀၂၂ရက်နေ့၊ နေ့လည်(၁၂း၃၀)အချိန်တွင်၊ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးခင်မောင်လှိုင် လာရောက်ခဲ့ပါတယ်။ ပထမဦးစွာ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်အား ဝန်ထမ်းတစ်ဦးချင်းမှ နာမည်၊ ရာထူး၊ တာဝန်ယူဆောင်ရွက်နေသောဌာနခွဲများအကြောင်း မိတ်ဆက်ခဲ့ကြပါသည်၊၊ ထို့နောက်ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ ဒုတိယသုံးလပတ် Power Point ဖြင့် စီမံ‌ရေးရာဌာနခွဲအကြောင်း၊ ငွေစာရင်းဌာနခွဲအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲအကြောင်း၊ စားသုံးသူရေးရာဌာနခွဲအကြောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းအင်းဌာနခွဲအကြောင်း၊ သတင်းအချက်အလက် နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲအကြောင်း၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ အကြောင်းတို့ကိုမေးမြန်းပြီး သက်ဆိုင်ရာဌာနခွဲတာဝန်ခံများမှ ရှင်းလင်းဖြေကြားခဲ့ပါတယ်။ ထို့နောက် ဦးခင်မောင်လှိုင်မှ ဝန်ထမ်းများအားလုံး သက်ဆိုင်ရာတာဝန်များကို ကျေပွန်စွာထမ်းဆောင် သွားကြရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး ဆွေးနွေးပွဲကို ညနေ(၁၆း၀၀)နာရီ အချိန်တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါတယ်။   

DOCA(ပြည်ထောင်စုနယ်မြေ)  

အရှုံးအမြတ်များသော မာယာများသည့် ကြက်သွန်နီ

        ယခုကာလအတွင်း ကြက်သွန်နီဈေးပြန်လည်မြင့်တက်လာကြောင်း စက်တင်ဘာလဆန်း ပိုင်းတွင် ကြက်သွန်နီ(၁)ပိဿာ ကျပ်(၃၂၀၀)မှ ကျပ်(၃၅၀၀)ထိဈေးမြင့်တက်လာခဲ့ပြီး လကုန်ပိုင်းတွင် ကျပ်(၂၇၀၀)မှ (၃၀၀၀)အထိ ဈေးပြန်ကျခဲ့ပြီး သီတင်းကျွတ်လပြည့်နောက်ပိုင်း မြဝတီဘက်မှ အဆွဲများလာသည့်အတွက် ကျပ်(၃၂၀၀)မှ ကျပ်(၃၇၀၀)အထိဈေးပြန်လည်မြင့်တက်ခဲ့ကြောင်း ဆိပ်ဖြူကုန်စည်ဒိုင်မှ လှောင်လက်သမားတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

      ၎င်းအနေဖြင့် ကြက်သွန်နီများကို ဧပြီလ(သင်္ကြန်)ပြီးမှစ၍ ကုန်ချိန်သုံးသိန်းခန့် သိုလှောင် ထားခဲ့ကြောင်း ဇူလိုင်လမှစ၍ ပြန်ထုတ်ရောင်းခဲ့ရာ ဩဂုတ်၊ စက်တင်ဘာလများတွင် ကြိုက်ဈေး ရသည့်အတွက် အများဆုံးထုတ်ရောင်းခဲ့ရာ ကုန်ချိန်သုံးသောင်းခန့်သာကျန်ရှိတော့ကြောင်း  ကြက်သွန်နီမှာ ပုံမှန်နှစ်များတွင် အချိန်(၁၀၀)လျှင် တစ်လ(၅)ပိဿာခန့် လျော့နည်းသော်လည်း ယခုနှစ် ကြက်သွန်နီရိတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုရှိသည့်အတွက် (၇)ပိဿာမှ (၈)ပိဿာအထိ လျော့နည်း ကြောင်း လှောင်လက်သမားအနေဖြင့် ဝယ်ဈေးထက် နှစ်ဆခွဲ သုံးဆလျော့လျှင်တွက်ခြေကိုက် ကြောင်း၊ ယခုနှစ်အဖို ကြက်သွန်လှောင်သည့်အချိန်(၄)လ၊ (၅)လနှင့် ဝယ်ဈေးထက်လေးဆမှ ငါးဆ အထိရ၍ ယခင်နှစ်များထက်ပို၍တွက်ခြေကိုက်ကြောင်း၊ ကြက်သွန်လှောင်လက်သမားများအဖို့အရဲ စွန့်၍လုပ်ကိုင်ရကြောင်း၊ အချို့နှစ်များတွင် ကျပ်သိန်းသုံး၊ လေးရာအထိရှုံးခဲ့ရသည့်နှစ်များလည်း ရှိကြောင်း သိရှိရပါသည်။

       မြဝတီသို့တင်ပို့ခြင်းအတွက် (၂၅)ပိဿာတစ်အိတ်လျှင် ကားခကျပ်(၃၄၀၀)ခန့်ပေးရကြောင်း လုပ်သားခမှာ တစ်အိတ်လျှင် ကျပ်(၂၀၀)ပေးရပြီး ကြက်သွန်ရွေးရန်အတွက် အမျိုးသမီးလုပ်သား (၁၀)ဦးခန့်ကို ကြက်သွန်စတင်သိုလှောင်ချိန်မှ တစ်နေ့လျှင်ကျပ်(၅၀၀၀)နှုန်းပေး၍ ငှားရကြောင်း သို့ဖြစ်၍ ကြက်သွန်လှောင်သမားများအဖို့ လောင်းကစားသမားကဲ့သို့ အမြဲစိုးရိမ်နေရကြောင်း ယခုနှစ်ကဲ့သို့ ကြက်သွန်ဈေးကောင်းသည့်အတွက် လာမည့်နှစ်တွင် ကြက်သွန်စိုက်ဧကပိုများ နိုင်မည်ဟုခန့်မှန်းကြောင်း ကုန်သည်ဦးမှတ်ကျော်၏ ပြောကြားချက်အရသိရှိရပါသည်။

DOCA(မကွေး)

 

ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာရှိ ဒေသထွက်ကုန် လယ်ကိုင်းမရွေးလုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည်(၁၈.၁၀.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် လယ်ကိုင်းကျေးရွာ၌ မရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်းနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မရွေးလုပ်ငန်းအား ကွင်းဆင်းလေ့လာ ခဲ့ပါသည်။

        မရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်း(မြတ်မွန်ရတနာ-၂)မှ မရွေးလုပ်ငန်း၏ ကုန်ကြမ်းများဖြစ်သော ထန်းလျက်ကို စဉ့်ကူးမြို့မှလည်းကောင်း ကပ်စေးကို ရန်ကုန်မှလည်းကောင်း၊ ဆီ၊ ဆန်နှင့် ဂျုံတို့အား မကွေး၊ မင်းဘူးမှလည်းကောင်း မှာယူပြီးပြုလုပ်ရပါကြောင်း၊ မရွေးစတင်ပြုလုပ်ရန် မီးဖို(၂)ဖိုထားရကြောင်း၊ တစ်ဖိုက ကပ်စေးနှင့် ထန်းလျက်ရောပြီး အစီးကျအောင်ကျိုပါကြောင်း၊ ကျန်တစ်ဖိုကမုန့်ကြွပ်ကြော်ပါကြောင်း၊ ၎င်းနောက်ဂျုံမှုန့်နှင့် ဆန်မှုန့်ရောပြီး ရေနှင့်နှပ်ထားရပါကြောင်း၊ နှပ်ပြီးသား ဂျုံသားများအား ပြားပြီး မုန့်ပြားကလေးများရအောင် စက်ထဲသို့ထည့်၍ ပြုလုပ်ရပါကြောင်း၊ ထိုနောက် မုန့်ပြားကလေးများအား မုန့်ကြွပ်ရအောင် ဆီကြော်အိုးထဲထည့်ပြီး ကြော်ရပါကြောင်း၊ မုန့်ကြွပ်များရပါက ထန်းလျက်နှင့် ကပ်စေးကျိုထားသော အိုးထဲသို့လောင်း ထည့်ပြီး ယိုထိုးရပါကြောင်း၊ ယိုထိုးပြီးလျှင်   မရွေးမုန့်သားများ ရရှိပါက ဆီစိမ်စက္ကူပါးများခင်းထား သောပုံစံကွက်ထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ညီအောင်ညှိရပါကြောင်း၊ ၎င်းနောက် မုန့်သား များအား တစ်ခုစီဖြစ်အောင် ဓါးဖြင့်လှီးရပါကြောင်း၊ လှီးပြီးသားမရွေးများအား ပလတ်စတစ်ထဲသို့ တံဆိပ်နှင့် ရော၍ ထည့်ပြီးလျှင် မရွေးထုပ်များရရှိပါကြောင်း၊ မရွေးလုပ်ငန်းအား တစ်နေ့လျှင် ယခုအချိန်၌ အထုပ်ရေ (၇၀၀)သာထုတ်နိုင်ပါကြောင်း၊ ယခင်နှစ်များက (၉၀၀-၁၀၀၀) အထိ ထုတ်လုပ်နိုင်ပါကြောင်း၊ တစ်ရက်လျှင်တစ်ဦးကျပ်(၅၀၀၀)ဖြင့် အလုပ်သမား(၇)ဦးငှားရမ်းလုပ်ကိုင် ရပါကြောင်း၊ တစ်ပိဿာလျှင် အလတ် ထုတ်(၇၀)နှင့် အသေးထုတ်(၉၀)ခန့်ရရှိပါကြောင်း၊ ထုတ်လုပ်မှုပုံစံမှာ အလတ်ထုတ်နှင့် အသေး ထုတ်များ ထုတ်လုပ်ပါကြောင်း ၊ လက်လီအနေဖြင့် အလတ်ထုတ် တစ်ထုတ်လျှင်ကျပ်(၅၀၀)နှင့် အထုတ်သေးတစ်ထုတ်လျှင် ကျပ်(၂၅၀)ရောင်းရ ပါကြောင်း၊ လက်ကားဖောက်သည်များအား ကျပ်(၅၀)လျော့၍ပေးရပါကြောင်း၊ ဈေးကွက်အနေ အထားမှာ ပွင့်ဖြူမြို့နယ်ရှိ စားသောက်ကုန် ရောင်းချသော မုန့်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စာသင် ကျောင်းများရှိ မုန့်ဆိုင်များနှင့် မင်းဘူး၊ မကွေး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့အပြင် လယ်ကိုင်းကျေးရွာသည် ကားလမ်းနံဘေးတွင်တည်ရှိသဖြင့် အနယ်နယ်အရပ်ရပ်မှ ကျောင်းတော်ရာသို့ ဘုရားဖူးလာကြသော ခရီးသွားများမှလည်း ဝယ်ယူကြပါသည်။

      ဈေးကွက်အနေအထားနှင့် ထုပ်ပိုးမှုပုံစံ အဆင့်မြှင့်တင်ရောင်းချနိုင်ပါက ဒေသထွက်ကုန်ဖြစ်သော လယ်ကိုင်းမရွေးလုပ်ငန်းမှာ ယခုထက်ပိုမို တွင်ကျယ်လာပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ပါကြောင်းမရွေးလုပ်ငန်းရှင် ဒေါ်နုနုဝင်းထံမှ သိရှိရပါ သည်။

DOCA(မကွေး)

"စားသုံးသူအခွင့်အရေး ဦးစားပေးဖို့ စာသင်ကျောင်းများသို့ အသိပညာပေးကြပါစို့ "

           မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊အောက်တိုဘာလ(၁၈) ရက်နေ့၊ နံနက်(၉:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အ.လ.က(၃)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံ သာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူထိခိုက်နစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ အခွင့်အရေးကို ရယူနိုင်မှသာလျှင် နစ်နာဆုံးရှုံးမှုများ မရှိဘဲ နောင်အနာဂတ်၌ ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏ တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည်များဝယ်ယူ သုံးစွဲရာတွင် သတင်းအချက် အလက်များပြည့်စုံစွာရယူ၍  ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ပြီး စိတ်ကျေ နပ်မှုများရရှိစေလိုကြောင်း၊ အမှန်တကယ်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါက မှန်ကန်ပြည့်စုံသော အထောက်အထားများနှင့်အတူ မိမိတို့ဌာနသို့ တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

          ဒု-ဦးစီးမှူးဒေါ်ပပရွှေမှ ဆွေးနွေးရာတွင် စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ရွေးချယ်ဝယ်ယူစားသောက်တတ်စေရန် ကုန်အညွှန်း အမှတ်အသားများနှင့် စပ်လျဉ်းသည့် သိရှိလိုက်နာရမည့်သတင်းအချက်အလက်များ၊  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များအား အသိတရား၊ သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်အစားအစာများကို သတိလက်လွတ် ဝယ်ယူသုံးစွဲမှုမပြုစေရန်နှင့် သေချာစွာစိစစ် ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ခြင်းနှင့် ပတ်သက်၍ မေးမြန်းခြင်းအပေါ် ဖြေဆိုနိုင်သော ကျောင်း သား/သူများအား ဆုချီးမြှင့်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်‌ရေး အသိပညာပေး Talk Show ပြုလုပ်

   ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ 20.10.2022 ရက်နေ့ နံနက် 11:00 နာရီ အချိန်၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထိုသို့ပြုလုပ်ရာတွင် ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)မှ စားသုံးသူကာကွယ်ရေးဥပဒေ ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေးဥပဒေပါအဓိပ္ပာယ်ဖော်ပြချက်နှင့် ရည်ရွယ်ချက်များ၊ စားသုံးသူအသိ ပညာပေးလုပ်ငန်းများဆောင်ရွက်မှု၊စားသုံးသူများနစ်နာဆုံးရှုံးမှုရှိခဲ့လျှင် တိုင်ကြားရမည့်နည်းလမ်းများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ကချင်)

အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့‌ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

       ကချင်ပြည်နယ်၊စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၈.၁၀.၂၀၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ အစေ့ထုတ်ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့‌ရောင်းချသူ လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပြည်တွင်း/ပြည်ပသို့ ကုန်သွယ်မှုအဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်မှုအခြေအနေများ အား ရုံးချုပ်၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုတေသနဌာနခွဲသို့ တင်ပြလျက်ရှိကြောင်း ဆွေးနွေး ခဲ့ပြီး အစေ့ထုတ်ပြောင်းလုပ်ငန်းရှင်များမှ ယခုလက်ရှိဒေသတွင်း တောင်သူများရောင်းချနေသော အစေ့ထုတ်ပြောင်းတစ်ပိဿာ‌ဈေးနှုန်းမှာ၇၈၀ ကျပ်ရှိပြီး 30.75 ပိဿာ(50kg)ဝင် အစေ့ထုတ်ပြောင်း တစ်အိတ်လျှင်(၂၄၀၀) ကျပ်နှုန်း ပေါက်ဈေးရှိနေပါသည်။ တစ်အိတ်လျှင် ချိန်၊ ချုပ်၊ စီထပ်၊ တင်ခ/ချခ အလုပ်သမားခမှာ (၄၀၀)ကျပ် ကုန်ကျပြီး ဝိုင်းမော်မှမန္တလေးသို့ သယ်ယူပို့ဆောင်သည့် ကားခမှာ တစ်အိတ်လျှင် (၂၅၀၀)ကျပ်ရှိသဖြင့် တစ်အိတ်လျှင် စုစုပေါင်းကုန်ကျစရိတ် (၂၆၉၀၀)ကျပ်ရှိပါသည်။ ယခုလက်ရှိ မန္တလေးဈေးကွက်တွင် အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင် (၉၈၀) ကျပ်ရှိ၍ တစ်အိတ် ဈေးနှုန်းမှာ (၃၀၁၃၅)ကျပ် ရရှိပြီး အကျိုးအမြတ်အနေဖြင့် တစ်အိတ်လျှင် (၃၂၃၅)ကျပ်နှင့် တစ်ပိဿာ လျှင် (၁၀၅)ကျပ်ခန့် ရရှိမှုအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ပျဥ်းမနားမြို့၊ အမှတ်(၁)မြို့မဈေးရှိ လျှပ်စစ်ပစ္စည်းနှင့် အလှကုန်ရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ခဲ့

            စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးမြင့်နိုင်နှင့် ဝန်ထမ်းများဦးဆောင်၍ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်လေ့လာစောင့်ကြည့်စစ်ဆေးခြင်းကို ပျဉ်းမနားမြို့၊ အမှတ်(၁)မြို့မဈေးတွင် (၂၁-၁၀-၂၀၂၂)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်၌ ဆောင်ရွက်ခဲ့ရာ ဈေးအုပ်ချုပ်ရေးမှူး ဦးတင်မောင်ကြည်နှင့်အဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပါသည်။ ဈေးကွက်အတွင်း ရောင်းချနေသော လျှပ်စစ်ပစ္စည်းများ၊ အလှကုန်များပေါ်တွင် စားသုံးသူကာကွယ်ရေးဥပ‌ဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ‌ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား  စိစစ်ဆောင်ရွက်ခဲ့ပြီး   စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် ၂/၂၀၁၉အား သိရှိလိုက်နာဆောင်ရွက်သွားရန် အသိပေးရှင်းလင်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် လျှပ်စစ်ပစ္စည်းရောင်းချသည့်ဆိုင်များနှင့် အလှကုန်ရောင်းချသည့်ဆိုင် များအား ကြည့်ရှုစစ်ဆေးပြီး နံနက် (၁၂း၀၀)  နာရီ အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

 

ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ FDA ၊ စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေး

     ဧရာ၀တီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းနှင့် အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် ပူးပေါင်း၍ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းတွင် ပဲပြား၊ ပဲသွေးနှင့် မုန့်ဟင်းခါးဖတ်များ ရောင်းချလျှက်ရှိသော ပုသိမ်မြို့ပေါ် မြို့မစျေးအတွင်းရှိ ဆိုင် (၇)ဆိုင်နှင့် အောင်ဧရာစျေးအတွင်းရှိ ဆိုင်(၃)ဆိုင်သို့ သွားရောက်ပြီး ပြည်သူများ ၀ယ်ယူစားသုံးလျှက်ရှိ သော ကုန်စည်များတွင် တာရှည်ခံ ဓာတုဆေးဝါးများ ဖော်မလင်သုံးစွဲထားခြင်းရှိမရှိ ကွင်းဆင်း၍ စျေးကွက်နမူနာ ကောက်ယူခဲ့ပါသည်။

      စျေးကွက်အတွင်းမှ ကောက်ယူလာသော နမူနာများကို စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံးတွင် ပူးပေါင်းအဖွဲ့မှ Tesk Kit ဖြင့် စစ်ဆေးခဲ့ရာ Red Liquid မတွေ့ရကြောင်း လု်ပငန်းရှင်များမှ စီးပွားရေး ကျင့်၀တ်များလိုက်နာမှု ရှိစေရန်နှင့် စားသုံးသူယဉ်ကျေးမှု အလေ့ အထများ ထွန်းကားလာစေရန်သာမက စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များ ၀ယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ ယခုလို စျေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြစ် ကြောင်း ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်းက ဆိုင်ပိုင်ရှင်များအား စားသုံးသူ အသိပညာပေး ပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)

ဧရာ၀တီတိုင်းဒေသကြီးအတွင်း လာမည့် ဆောင်းရာသီ နေကြာဧက (၂)သိန်းကျော် စိုက်ပျိုးရန် လျာထား

       ဧရာ၀တီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံစေရေး စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်သာမက ပြည်ပသွင်းကုန် အစားထိုးသီးနှံ နေကြာစိုက်ပျိုးခြင်းဖြင့် နိုင်ငံခြားသုံးငွေ လျော့ကျစေရန် ရည်ရွယ်၍ ယခုလာမည့် ဆောင်းရာသီ ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် နေကြာဧက (၂၂၁၆၈၈) စိုက်ပျိုးရန်လျာထားကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမှ သိရသည်။

      ပုသိမ်ခရိုင်အတွင်း နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာလ (၂) ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် သင်တန်းကျင်းပ ပြုလုပ်ရာ တိုင်းဦးစီးမှူး ဦ:စိန်မောင်မြင့်က နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများနှင့်အညီ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စားသုံးဆီဖူလုံမှုရှိစေရေးနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာရေးအတွက် တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းမှသာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ဖွင့်ပွဲအမှာစကား ပြောကြား၍ အဆိုပါ သင်တန်းသို့ ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများနှင့်၀န်ထမ်းများ စုစုပေါင်း (၅၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ