ဒဂုံမြို့သစ်ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့နှင့်ပူးပေါင်းစစ်ဆေးခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံဆိပ်ကမ်း မြို့နယ်၊ သရက်ပင်ချောင်း ကျေးရွာ၊ ပဲခူးမြစ်ပတ်လမ်းတွင် လိုင်စင်မဲ့စက်သုံးဆီများ တရားမဝင်ရောင်းချနေကြောင်း သတင်းအရ ဒဂုံမြို့ သစ်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဒုတိယရဲ မှူးကြီးမျိုးဝင်း ဦး‌ဆောင်၍(၁၇.၂.၂၀၂၅)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် သွားရောက် စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။

          စစ်ဆေးတွ့ရှိချက်အရ ဒီဇယ် (၄၈) ဂါလန်ပါ၊ အပြာရောင်ဆီပေပါ (၁)လုံး၊ ဒီဇယ်(၄၈) ဂါ လန်ပါ၊ အဖြူရောင်ဆီပေပါ(၁)လုံး စုစုပေါင်း ဒီဇယ်ပေပါ(၂)လုံး၊ ဆီဂါလန်ခွက်(၁)ခု၊ ဆီကန်တော့ (၁)ခု တို့အား လုပ်ငန်းရှင်ဦးဉာဏ်လင်းအောင်မှ ရောင်းချနေကြောင်း စစ်‌ဆေးတွေ့ရှိရသဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပ‌ဒေပုဒ်မ ၃၇ အရပ/၅/၂၀၂၅ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ သရက်ပင်ချောင်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိပြီး အမှုအား ရဲလုပ်ငန်းများနှင့်အညီ ပြီးပြည့်စုံစွာ‌ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)