
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရအကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ အရှေ့ပိုင်း ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနတို့ပါဝင်သော အဖွဲ့များသည် သာကေတမြို့နယ် (သာကေတ) ဆိပ်ကမ်း အား သွားရောက်စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် (ရန်ကုန်မှကော့သောင်း)သို့ ထွက်ခွာမည့် ကမ်းရိုးတန်း သင်္ဘောဖြစ် သော MV.MCL(3) ရေယာဉ်ပေါ်တွင် ကုန်ပစ္စည်းမျိုးစုံ (1၆၃၆.၈၈၃)တန်ကို ပူးပေါင်း စစ်ဆေးရေး အဖွဲ့ဖြင့်(၁၈.1.2025)ရက်နေ့ နံနက်(11:15)နာရီမှ စတင်စစ်ဆေးခဲ့ပြီးတရားမဝင် ကုန်ပစ္စည်း များနှင့် လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်ခြင်းမရှိစေရေးနှင့်မူးယစ်ဆေးဝါးများသယ်ဆောင် ခြင်းများမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)