
စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပြည်တွင်း ဆေးဝါး ပြတ်လပ်မှုမရှိ စေရေး (၁၉.၂.202၅ )ရက်နေ့၊ နေ့လည်(13:30) နာရီတွင် အမှတ် (၁၂၃၉)၊ ၃/အေ၊ဝေဇယန္တာလမ်း၊ (၆)ရပ်ကွက်၊တောင်ဥက္ကလာမြို့နယ်ရှိ Shwe Kyein Yeik ဆေးကုမ္ပဏီမှ တာဝန်ခံနှင့် တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများ စစ်ဆေးမေးမြန်းမ ှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီတွင် ဝယ်ယူသည့် ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)