Thy Nol Trading ဆေး ကုမ္ပဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက် အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှနှင့် ပူးပေါင်း၍ (၁9.၂.202၅)ရက်နေ့၊ နေ့လည်(13:၃0) နာရီတွင်  အမှတ် (၁၈၇)/ဘီ၊အင်းဝ (၂၀)လမ်း၊(၆)ရပ်ကွက် ရှိ Thy Nol Trading ဆေး ကုမ္ပဏီ မှ  ဆိုင်တာဝန်ခံ‌ ဦးတင်မောင်လတ်နှင့် တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေ စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီသည် လက်ရှိကာလတွင် ဆေးပစ္စည်းနှစ်မျိုးတည်း ကိုသာ တင်သွင်းဖြန့်ချိကြောင်း၊ ပစ္စည်းပြတ်လပ်မှု မရှိပါကြောင်းဖြေကြားပြီး ၊ စားသုံးသူရေးရာဦးစီး ဌာနမှ ဝန်ထမ်းများက ကုန်အညွှန်းအမှတ်အသားပြည့်စုံသောဆေးများကိုသာ‌ရောင်းချပေးရန်၊ ဖြစ်သင့် ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း   အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ရန်ကုန်)