Manawhari Pharma Limited ဆေးကုမ္ပဏီအား ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက် အရ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ (၁9.၂.202၅)ရက်နေ့၊ နေ့လယ်(13:၃0) နာရီတွင်အမှတ် (၉၃၃) ၊ သစ္စာလမ်း ၊ (၇) ရပ်ကွက်ရှိ Manawhari Pharma Limitedဆေး ကုမ္ပဏီ မှ  ဆိုင်တာဝန်ခံ‌ ဒေါ်ထက်ထက်အောင် နှင့် တွေ့ဆုံ၍ ဆေးကုမ္ပဏီအတွင်းရှိ ဆေးဝါးများအခြေအနေ စစ်ဆေးမေးမြန်း မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။

ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္ပဏီသည် လက်ရှိကာလတွင် ဆေးပစ္စည်းနှစ်မျိုးတည်း ကိုသာ မလေးရှားနိုင်ငံမှ တင်သွင်းဖြန့်ချိကြောင်း ၊ ပစ္စည်းပြတ်လပ်မှုမရှိပါကြောင်း ဖြေကြားခဲ့ပြီး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့်‌ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုကို စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း   အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)