“ (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်း စားအုန်းဆီများကို စျေးကားဖြင့် လှည့်လည်ရောင်းချနေ”

Powered by Drupal

     စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများဝယ်ယူ သုံးစွဲနိုင်ရေး၊ စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။ထိုသို့ ဆောင်ရွက်လျှက်ရှိရာ ဒေသအလိုက် စျေးကားဖြင့် လှည့်လည်ရောင်းချမည့် အစီအစဉ်ကိုလည်း ထည့်သွင်းဆောင်ရွက်လျက်ရှိရာ (၁၁-၁၀-၂၀၂၂) ရက်နေ့မှစ၍ နေ့စဉ် (၁၄-၁၀-၂၀၂၂) ထိ ယာဉ်(၄)စီးဖြင့် မိတ္ထီလာခရိုင်အတွင်း   မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်များရှိ ရပ်ကွက် ၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း ၊ ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာ၊ စျေးများတွင် လည်းကောင်း တစ်ပိဿာလျှင် (၅၃၅၀ိ/-) (၅၃၀၀ိ/-)နှုန်းဖြင့် ပီပါ(၈၀)ပီပါ ရောင်းချခဲ့ရာ မိတ္ထီလာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)