သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” ဒုတိယနေ့ အား ဆက်လက်ကျင်းပ

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ငွေစာရင်းဘာသာရပ် နှင့် ပြင်ပဌာနများမှ ဘာသာရပ်များဖြစ်သည့် စည်ပင်သာယာရေး ဘာသာရပ်၊ FDA ဘာသာရပ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်များကို ဒုတိယနေ့တွင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

   ဟောပြောပို့ချရာတွင် ငွေစာရင်းဘာသာရပ်ကို ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ငွေစာရင်း ဌာန ခွဲမှ  တာဝန်ခံကလည်းကောင်း၊ စည်ပင်သာယာရေး ဘာသာရပ်ကို တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့က ၎င်း၊ FDAဘာသာရပ်ကို တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ၎င်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဘာသာရပ်ကို တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၎င်း၊ အသေးစိတ် ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေး မေးမြန်းခဲ့ပါသည်။ အဆိုပါ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦး သည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသော “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” အား ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၅.၉.၂၀၂၅ ရက်နေ့တွင် စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ဘာသာရပ်၊ စားသုံးသူရေးရာဘာသာရပ်နှင့် ပြင်ပဌာနများမှ ဘာသာရပ် များဖြစ်သည့် စက်မှုကြီးကြပ်စစ်ဆေးရေး ဘာသာရပ်များကို  (၂) ရက်တိုင်တိုင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

   ဟောပြောပို့ချရာတွင် စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဘာသာရပ်၊ စားသုံး သူရေးရာ ဘာသာရပ်များကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှ လည်းကောင်း၊ စက်မှုကြီးကြပ် စစ်ဆေးရေး ဘာသာရပ်များကို  စက်မှုဝန်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက လည်းကောင်း အသေးစိတ်ရှင်းလင်းဟော ပြော ခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း (၃)သည် Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည် မြှင့်တင် ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦးသည် In person စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ “ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း (၁/ ၂၀၂၅)” အား ကျင်းပ

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၂၅.၉.၂၀၂၅ ရက်နေ့တွင် စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှု ဘာသာရပ်၊ စားသုံးသူရေးရာဘာသာရပ်နှင့် ပြင်ပဌာနများမှ ဘာသာရပ် များဖြစ်သည့် စက်မှုကြီးကြပ်စစ်ဆေးရေး ဘာသာရပ်များကို (၂) ရက်တိုင်တိုင် သင်ကြား ပို့ချပေးခဲ့ ကြောင်း သတင်း ရရှိပါသည်။

  ဟောပြောပို့ချရာတွင် စီမံရေးရာဘာသာရပ်၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဘာသာရပ်၊ စားသုံးသူရေးရာ ဘာသာရပ်များကို စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ သက်ဆိုင်ရာ ဌာနခွဲတာဝန်ခံများမှ လည်းကောင်း၊ စက်မှုကြီးကြပ် စစ်ဆေးရေး ဘာသာရပ်များကို  စက်မှုဝန်ကြီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့်           စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များက လည်းကောင်း အသေး စိတ်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက်လာသော ဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေး မေးမြန်းခဲ့ပါသည်။ အဆိုပါ (၁/ ၂၀၂၅) ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းသို့ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၁၀) ဦးသည် Imperson စနစ်ဖြင့် လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်း (၁၅)ဦး က Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

DOCA(ပဲခူး)

ဆန်စက်လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်း

   ( ၁၅.၁၀.၂၀၂၅ ) ရက်နေ့တွင် မအူပင်ခရိုင်၊ ညောင်တူန်းမြို့နယ်၊ စားသုံးသူရေးရာ ဦးစီး ဌာန၊  အစည်းအဝေးခန်းမ တွင်  ညောင်တုန်း ဆန်စက်တာဝန်ခံ ၂၀ ဦးနှင့် တွေ့ဆုံ၍ မြို့နယ်စက်မှု ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း ၍ အသိပညာ ပေးဟော ပြောဆောင် ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     မြို့နယ်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ( မြို့နယ်ဦးစီးမှူး )မှ  မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးပြီး ဆန်စက်၊ ဆီစက်များအား လိုင်စင် သက်တမ်းများ တိုးကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

    စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိ  မှ စားသုံးသူကာကွယ် ရေး ဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားများအကြောင်း အကျယ် တဝံ့ပြောကြားခဲ့ပြီး MyRo စနစ်ဖြင့် ဆန်စပါးသိုလှောင်ရုံပိုင်ဆိုင်သူများအနေဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေးနှင့် သက်တမ်းတိုးဆောင်ရွက်ခြင်း၊ စပါးဆန် သိုလှောင်မှု လက်ကျန်အခြေအနေများကို လစဉ် ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကိုဆောင်ရွက်ရန်၊ စစ်ဆေးရေးအဖွဲ့မှ မြေပြင်သိုလှောင်မှုကို ရှောင်တခင်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ စာရင်းများကိုက်ညီ မှန်ကန်စွာ လုပ်ငန်းရှင်များမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရှင်းလင်းဟော ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်များသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဆန်စက်ကောင်းမြတ်သုခ ဆန်စက်သို့  အောက်တိုဘာလ ၁၅ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

  ကွင်းဆင်းစစ်ဆေးမှုကို ညောင်တုန်းမြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်လွင် ဦးစီးအရာရှိ နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ငှက်ထုံးကျေးရွာ၊ မိုးဟုတ် ရှိ ကောင်းမြတ်သုခဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ပိုင်ရှင်နှင့် တွေ့ဆုံ၍ တွင် စပါးတင်းရေ(၂၀၀၀၀)၊ ဆန် (၅၀၀)အိတ်သိုလှောင်ထားရှိကြောင်း၊ သိုလှောင်ထားရှိကြောင်းနှင့် ယနေ့ထွက်ရှိနေသော စပါးများကို အစိုဓါတ်ဖြင့် ဝယ်ယူနေမှုူ စပါးဈေးနှုန်းအခြေအနေများ၊ ၇န်ကုန်တင်ပို့မှုအခြေအနေများ၊ သိုလှောင်ရုံ စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကို စစ်ဆေးခြင်း ပိုင်ရှင်မှ ရန်ကုန်သို့ အဓိကထား၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ ဆန်ဆိုင်များ စျေးကွက် အတွင်း  စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိအား အောက်တိုဘာလ (၁၄)ရက်နေ့ နံနက် ၁၀ နာရီက  မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးသည်။

   ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် မြို့နယ်ဦးစီးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့သည် ညောင်တုန်းမြို့ရှိ ဆန်ဆိုင်များမှ မြောင်းမြပေါ်ဆန်း‌၊ ပုသိမ်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းအနည်းငယ်နှင့် ဖျာပုံ တောင်ပျံ၊ ဒေသထွက်ဧည့်မထ ဆန်များအား ရောင်းချလျက်ရှိပြီး မြို့နယ်အတွင်း စားသုံးရန် ဆန်ပြတ်လပ်မှု မရှိနိုင်ကြောင်း၊ ဆန်အိတ်သိုလှောင်ထားရှိမှု ဆန်လက်ကျန်၊ နေ့စဉ်ရောင်းချမှု ဆန်ရောင်းအားနှင့် ရောင်းချနေသည့် ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ ရာခိုင်နှုန်း၊ အခြားဒေသဆန်အနေဖြင့် ၇ရာခိုင်နှုန်း ဖြင့်သာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကုန်ဈေးနှုန်းများကို မြှင့်တင်ရောင်းချခြင်းများရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆန်ဈေးနှုန်းများ မြင်သာအောင်ဈေးနှုန်း ဖော်ပြရောင်းချရန် ဆန်ဆိုင် ၁၂ဆိုင်ကို အသိပညာပေး လမ်းညွှန်မှာကြားခဲ့သည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာများမှ စားအုန်းဆီရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း

    (၁၃.၁၀.၂၀၂၅)ရက်နေ့၊ (၀၈:၀၀)ချိန်မှ(၁၀:၃၀)ချိန်ထိ မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအဖွဲ့များဖြစ်သော မြို့နယ်စားသုံးသူရေးရာဦးစီးဌာ၊ မြန်မာနိုင်ငံမြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေ/အုပ်ဦးစီးဌာန၊ ခရိုင်စစစ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာနတို့မှ ညောင်တုန်းမြို့နယ်ရှိ မြို့မဈေးနှင့် ကျုံတမာကျေးရွာ အုပ်စု၊ တာကွေ့ဈေး အတွင်းစားဆီ အရောင်းဆိုင်များ၊ ကညင်ကောက်ကျေးရွာ၊ လက်ပံချောင်ကျေးရွာ၊ ပဲရုံဆိပ်ကျေးရွာ၊ ရိုးကြီးကျေးရွာ အုပ်စုရှိ စားဆီရောင်းချသော လက်ာလီအရောင်းဆိုင်များသို့  ရှောင်တခင်သွားရောက်၍ အမြတ်၂ % ထက်မပိုသောနှုန်းဖြင့်ရောင်းရန်နှင့် သတ်မှတ်စည်ကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ မရှိကို ရှောင်တခင်စစ်ဆေးခဲ့ပြီး နေ့စဉ်ရရှိသေ, ဆီပိဿာများကို စားသုံးသူများထံအကုန်ရောင်းချရန်၊ ဈေးကွက်အတွင်း တဆင့်ခံ ဝယ်ယူ၍ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန်၊ နေ့စဉ်ရောင်းချသည့်စာရင်းအား စနစ်တကျထိန်းသိမ်းထားရှိရန် ပြောကြား၍ လုပ်ငန်းရှင်များက သိရှိလိုက်နာဆောင်ရွက်မည့်အကြောင်း ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေခဲ့ပြီးစစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။

 DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လွင် သည် (၁၄.၁၀.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ညောင်တုန်းမြို့နယ်ပေါ်ရှိ (ရေသန့်စက်ရုံ) ၅ ရုံ သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ မြို့နယ်အတွင်း အမှတ်တံဆိပ်ပါ သောက်ရေသန့်သည် သောက်ရေသန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာ ဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာနများက ဖော်ပြရန် သတ်မှတ်ထားသောအချက်အလက်များ ပါဝင်မှု ရှိ မရှိကိုစစ်ဆေးခြင်း၊ ကောင်းမွန်သော ထုတ်ပ်မှု ကျင်ေစဉ်နှင့်အညီ စက်ပစ္စည်း ရေသန့်ဗူးထုတ်ယူမှုနှင့် ရေသန့်ဗူးဆေးကျော သည့်နေရာများကို  ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ် အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ဧရာဝတီ)

ကွင်းကလေး အ.မ.က ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ‌ညောင်တုန်းမြို့နယ်၊ ကွင်းကလေးကျေးရွာရှိ အ.မ.က ကျောင်းများတွင် ရောင်းချနေသည့် ကျောင်းမုန့်စျေးတန်းများစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိ ပညာပေး ခြင်းများကို ၁၃-၁၀-၂၀၂၅ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခြေခံပညာ ကျောင်းများရှိ ကျောင်းမုန့်စျေးတန်းများတွင် ရောင်းချနေသည့် မုန့်များတွင် FDA မှ ခွင့်ပြုချက်ရှိ/မရှိ စစ်ဆေးကာ ရက်လွန်မုန့်များရောင်းချခြင်း၊ မသန့်ရှင်းသောပစ္စည်း၊ ဓာတုဆိုးဆေးနှင့် ယင်နားစာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း မရှိသော မုန့်များရောင်းချမှု ရှိ မရှိနှင့် မုန့်များကို စနစ်တကျထား သိုရောင်းချခြင်းရှိ/မရှိတို့ကို ကျောင်းတာဝန်ခံဆရာ/ဆရာမများနှင့် ပူးပေါင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

DOCA(ဧရာဝတီ)

အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေ ဗဟုသုတများ ကြွယ်ဝစေရန် ၊ လူငယ် လူရွယ်ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန် စားသုံးသူအခွင့် အရေးတို့ကို သိရှိနားလည်စေရန် ရည်ရွယ်၍  အသိပညာပေး ဟောပြောပွဲကို​ အောက်တိုဘာလ (၁)ရက်နေ့ နေ့လည် နာရီတွင် ညောင်တုန်းမြို့နယ် ၊ ကွင်းကလေး(အ.မ.က)ကျောင်းတွင်  ကျင်းပပြု လုပ်ခဲ့သည်။

   အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှတာဝန်ရှိသူ က  ဟောပြောရာ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် ဆေးလိပ်သောက်ခြင်း ဆိုးကျိုးများ အသိပညာ ရရှိစေရန် ကျန်းမာရေးဦးစီးဌာနက က  ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ် ရေး အကြောင်းအရာများ ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်ဒုဦးစီးမှူးမှ  ကျောင်းစျေး တန်းများ နှင့် ပြင်ပဈေးဆိုင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်  စားသုံးရန်မသင့် သော အစားအစာ များနှင့် ရရှိလာမည့် ဆိုးကျိုးများ အကြောင်း၊ ကျောင်းသား/ကျောင်းသူများအား အသင့်စား အစားအစာ အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံး သည့်ရက်စွဲများ အဓိက ထားဖတ်ရှုရမည်ဖြစ်ကြောင်း ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်များဝယ်ယူရာတွင် ကြည်ရှုဆက်စေရန် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဆရာ/ ဆရာမ များနှင့်အတူ ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသည့် အစားအစာများ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ အသိပညာပေး ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၊ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ