သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၂) အခြေခံပညာအထက်တန်း‌ကျောင်းတွင် ဟောပြောဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့၊ နံနက်(၀၉း၃၀)နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ဖြင့် မြိတ်မြို့၊ ကြောင်ငယ်ရပ်၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်စျေးတန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါဟောပြောပွဲတွင် ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဆိုင်ရာပြဿနာများ၊ ရာသီပေါ် ရောဂါများအကြောင်းဆွေးနွေးပြောကြားခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက မိမိတို့သည် စားသုံးသူများဖြစ်သည့်အတွက် စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့  တိုင်ကြားနိုင်ကြောင်း၊ ထုတ်ကုန်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရခြင်းအကြောင်း၊ အစားအစာ စားသောက်ရာတွင် လိုက်နာသင့်သည့် အချက်များအား ပြောကြားခဲ့ပြီး ‌လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ကျောင်းသူ/ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျောင်းမုန့်စျေးတန်း ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် ဆန်နှင့် ဆီ ရောင်းချသည့် ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အခြေခံစားကုန်များဖြစ်သော ဆန်နှင့် စားသုံးဆီစျေးနှုန်းများကို စျေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင်  မြိတ်ခရိုင် ကုန်စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်  မြိတ်မြို့ပေါ်ရှိ ဆန်နှင့် ဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး၊ ပြည်သူများလွယ်ကူလွတ်လပ်စွာဝယ်ယူစားသုံးနိုင်ရန်နှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရန်အတွက် ဆောင်ရွက်ရန်၊ ဆန်များပုံမှန်တင်ပို့စေရေးနှင့်ဆန်ဆိုင်များ ပုံမှန်ဖွင့်လှစ်၍ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရန်၊ စားအုန်းဆီများ သိုလှောင်၍ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် အချိန်အတွယ်မှန်ကန်စွာ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းဖို့ အသိပညာဟောပြောဆွေးနွေးကြပါစို့

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၉-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဌာန၏စားသုံးသူအခွင့်အရေးဦးစားပေး ဆောင်ပုဒ်နှင့်အညီ စားသုံးသူများအနေဖြင့် အခွင့်အရေး(၈)ချက်ကိုသိရှိစေရန်နှင့် တောင်းဆိုတတ်စေရန်ရည်ရွယ်၍ အမှတ်(၁)၊ အခြေခံပညာအလယ်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

       ဒုတိယခရိုင်ဦးစီးမှူးက ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များအကြောင်းကိုလည်းကောင်း၊ ပခုက္ကူမြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်းကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ၊ စီမံ(ဝန်ထမ်း)တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များနှင့် ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်း၊ တိုင်ကြားနိုင်သူနှင့် တိုင်ကြားနိုင်သည့်နေရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ရေစကြိုမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူများအသိပညာတိုးပွားစေရေး၊ စားသုံးသူအခွင့်အရေးကိုသိရှိပြီး ရယူတောင်းဆိုတတ်စေရေး၊ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားခွင့်များရရှိမှုကိုသိရှိနိုင်စေရေးရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။

     ရေစကြိုမြို့နယ်တာဝန်ခံက စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှု၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ရှင်းလင်းချက်များကိုလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးတာဝန်ခံက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံအကြောင်းနှင့် Online ဖြင့် ဈေးဝယ်ယူရာတွင် စားသုံးသူများသိထားသင့်သည့်အချက်များ အကြောင်းကိုလည်းကောင်း၊ မူဝါဒလေ့လာရေးနှင့်စီမံကိန်းစာရင်းဌာနခွဲမှဝန်ထမ်းက ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေးအသိပညာများရရှိရေး အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်အသိပညာပေး

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၆-၉-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာများရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဌာန၏သမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပြည်သူများ စားသုံးမှုအသိပညာမြင့်မာလာစေရေးအထိမ်းအမှတ်အဖြစ် အသိပညာပေးဆောင်ရွက်မှုများအကြောင်းကိုလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းက စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်(၄)ချက်ကိုလည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် သုသေတနဌာနခွဲဝန်ထမ်းက စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပါ်ပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်အကြောင်းအရာများ၊ တိုင်ကြားနိုင်သည့်နေရာများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များထံသို့ အသိပညာပေး

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၇-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၅း၀၀)နာရီအချိန်တွင် ကံမမြို့နယ်၊ ကြို့ပင်ကျေးရွာရှိ ‘မဒေး’ အမှတ်တံဆိပ်နှင့် ရေနံ့သာကျေးရွာရှိ YY’ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းရှင်(၂)ဦးထံသို့သွားရောက်၍ ခွဲဝေရရှိသည့် လုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိတို့အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         ပဲကြော်လုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲကြောင်းကိုစစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား ခွဲဝေရရှိသည့်လုပ်ငန်းသုံးဆီများကို လုပ်ငန်းအတွက် မှန်မှန်ကန်ကန်အသုံးပြုသွားရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

ကံမမြို့နယ်တွင် စားအုန်းဆီ လက်ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းသည် (၉-၉-၂၀၂၄) ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကားအရောင်းဆိုင်များ၌ စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ၊ ဗီနိုင်းများချိတ်ဆွဲ၍ ဈေးနှုန်းများချိတ်ဆွဲရောင်းချခြင်းရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အလေးချိန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ၊ သိုလှောင်ထားရှိခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချခြင်းရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

        Than Thar Trading Co.,Ltd မှ ကံမမြို့နယ်အတွက် ခွဲဝေပေးသော စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် လက်ကားအရောင်းဆိုင်(၄)ဆိုင်နှင့် ရှမ်းကွင်းကျေးရွာရှိ စားအုန်းဆီ လက်ကား အရောင်းဆိုင် (၁)ဆိုင်တို့တွင် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ စားသုံးသူပြည်သူများအား အချင်အတွယ်မှန်ကန်စွာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချကြောင်းသိရှိရပါသည်။                                                                                                                                                                                                                                                            

DOCA(မကွေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်‌နေ့၊ နေ့လယ် (၁၁း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ရွှေမြင့်မိုရ်ယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Mahar Phone Let Yone   ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဦး‌ဌေးဟန်၊ မော်တော်ယာဥ်အမှတ် 7F-3017/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်ဖြင့်  ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ ၆၀ ပေပါအား ထားဝယ်မြို့ ဇရပ်ရပ်ရှိ ဒေါ်မိမိချို၏ OKK ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျွန်းလှမြို့ပေါ်ရှိ ဘိလပ်မြေ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊  ကျွန်းလှမြို့နယ်တာဝန်ခံရုံးမှ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ ၊နံနက်(၀၈:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျွန်းလှမြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေ အရောင်း ဆိုင်များတွင်   ဘိလပ်မြေ ဝယ်ယူရရှိမှု အခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်ဈေးနှုန်း၊ ပစ္စည်းပြတ်လတ်မှု ရှိ/မရှိ ကုန်ပစ္စည်းလက်ကျန်အခြေအနေမျာကို မေးမြန်းခဲ့ရာ CROWN အမှတ်တံဆိပ် 525 အမျိုးအစား တစ်မျိုးတည်းသာရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့ နယ်အတွင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် CROWN အမှတ်တံဆိပ် 525 အမျိုးအစား တစ်အိတ်လျှင် ကျပ် ၁၈၅၀၀ ဈေးနှုန်းဖြင့် လက်ကျန်အခြေအနေ (၂၅၀)အိတ်ရှိပြီး ဈေးနှုန်း အတက်/အကျပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်းနှင့် ဘိလပ်မြေဆိုင်များတွင် ပစ္စည်းပြတ်လတ်မှုမရှိကြောင်း၊ ကုန်ပစ္စည်း လက်ကျန်ရှိကြောင်း စက်တင်ဘာလ ပထမအပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုစက်တင်ဘာလ ဒုတိယအပတ်တွင် ဘိလပ်မြေဈေးနှုန်းများ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

     ၆.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ အ.မ.က(ပလဝမ်း) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသား ဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ