သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် Campaign လှုပ်ရှားမှု

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၁၅-၃-၂၀၂၃) ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ (World Consumer Rights Day)” နေ့ကို ဂုဏ်ပြု သောအားဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့အဝင် ဧရာဝတီတံတားထိပ်၌ ၂၀၂၃ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” (Empowering Comsumers Through Clean Energy Transitions) စတစ်ကာများ (Stickers) ကို မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များတို့တွင် တပ်ဆင်ပေးခြင်းနှင့် ပြည်သူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်။

DOCA(မကွေး)

 

ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်တွင်းကုန်သွယ်ရေးဖွံဖြိုးမှုဌာနခွဲ တာဝန်ခံဦးမျိုးဝင်းနိုင်သည် ၂၂-၃-၂၀၂၃ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ကရင်ပြည်နယ်၊ ဆန်ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များအသင်း ပြင်ဆင်ဖွဲ့စည်းမှုအခြေအနေများ၊ ပြည်တွင်းဆန်သယ်ယူပို့ဆောင်ရာတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ အသင်းအနေဖြင့် သင်းဖွဲ့ စည်းမျဉ်း ရေးဆွဲဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကရင်ပြည်နယ်အတွင်း ဆန် စီးဝင်/စီးထွက် မှု အခြေအနေနှင့် ဈေးနှုန်း/ ဈေးကွက်ဖြစ်ပေါ်မှု အခြေအနေများကိုလည်းကောင်း၊ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့ရောင်းချမှုအပေါ် နိုင်ငံခြားငွေလဲလှယ်ခြင်းနှင့် ပတ်သက်၍ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၄/၂၀၂၃) ကိုလည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

      ကရင်ပြည်နယ်တွင် ပြည်နယ်အဆင့်အသင်းအဖွဲ့ ၃၀ သင်းထိ ဖွဲ့စည်းထားရှိသော်လည်း လှုပ်ရှားသက်ဝင်မှုအားကောင်းသောအသင်း ၁၂သင်းသာရှိသောကြောင့် အသင်းသက်ဝင် လှုပ်ရှားမှု အားကောင်းစေရေး၊ သင်းဖွဲ့စည်းမျဉ်းရေးဆွဲတင်ပြနိုင်ရေးအတွက် စားသုံးသူ ရေးရာဦးစီးဌာန ကရင်ပြည်နယ်ဦးစီးမှူးရုံးက စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

ပခုက္ကူမြို့အတွင်းရှိ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ တွဲဖက်တာဝန်ထမ်းဆောင်နေသော ဂန့်ဂေါခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး၊ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် စားသုံးပြည်သူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက်ရည်ရွယ်၍ (၉-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ ဆေးဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC NO. မပါရှိသည့် Parbisure ဆေးအား ရောင်းချနေမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားမှုရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ပခုက္ကူမြို့မဈေးရှိ အလှကုန်ဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့်ကြေညာထားသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် အလှကုန်ပစ္စည်း (၃၅ )မျိုးအား‌ ဈေးကွက်အတွင်းမှပပျောက်စေရေး၊ ဈေးကွက်အတွင်းရောင်းချမှုရှိ/မရှိကို FDA၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များ၊ အလှကုန်များရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် အလှကုန်ပစ္စည်းများတွင်လည်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့မဟုတ်) အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြကြရန်၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြကြရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉  အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဆိပ်ဖြူမြို့နယ်တာဝန်ခံရုံးအုပ် ဦးဇော်နေလင်းသည် စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မိတ်ဖက်ဌာနများဖြစ်သည့် FDA၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆိပ်ဖြူမြို့ပတ္တမြားဈေးအတွင်း/အပြင်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရောင်းချလျက်ရှိသောကုန်ပစ္စည်းများ  လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သက်တမ်းလွန်ကုန်ပစ္စည်းများရောင်းချနေခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်ပစ္စည်းမျိုးစုံရောင်းချနေသောဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ အခန်း(၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိသည့် ကုန်စည်များကိုသာရောင်းချကြရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြကြရန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြကြရန်နှင့် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြကြရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်းစစ်ဆေး

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ သာယာဝတီမြို့နယ် ၊ သစ်ယာကုန်းအုပ်စု ၊ ကွင်းကြီးကျေးရွာသို့ ၁၅.၃.၂၀၂၃ ရက်နေ့တွင် သက်ဆိုင်ရာ ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး၊ စက်မှုလယ်ယာ ၊ ဆည်မြောင်း၊ မြေစာရင်းဦးစီးဌာန ၊ ကျေးလက် ၊ ဘေးစီမံ ၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ မြို့နယ်တာန်ခံတို့ ပူးပေါင်းကာ ကွင်းဆင်းစစ်ဆေး၍ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးသန္တာထွန်းက သုံးသီးစားစိုက်ပျိုး ထုတ်လုပ်လျက်ရှိသော တောင်သူများအား စပါးစိုက်ပျိုးပြီးချိန်တွင် ဆောင်းသီးနှံ ၊ ပဲမျိုးစုံ ၊ စိုက်ပျိုးပြီးစီး ရိတ်သိမ်းပြီးချိန်၌ နွေစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေရရှိရေး ၊ ဆည်ရေရရှိရေး ၊ မြေသြဇာရရှိရေး ၊ နည်းစနစ်မှန်ရရှိရေးတို့ကို သိရှိစေရန် အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း တရားမဝင် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

     ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပညာရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအ‌ရောင်းဆိုင်များတွင် Towards Ultimate Company Limited သည် ဂျာမနီနိုင်ငံထုတ် Parbrinex IV/HV Injection အကြောအားဆေးအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ထောက်ခံချက်နှင့်အညီ တရားဝင် တင်သွင်းလျက်ရှိပြီး ယခုအခါဈေးကွက်အတွင်း အဆိုပါဆေးနှင့် Composition & Strength တူ၍ အစားအသောက်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DCR No မပါရှိသည့် Parbisure အမည်နှင့် ဆေးဝါးအား ‌ရောင်းချနေသည့်အတွက် စားသုံးသူများစွာ နစ်နာနိုင်ပါသဖြင့် အဆိုပါ ဆေးဝါးရောင်းချမှု ရှိ/မရှိကို (၁၆.၃.၂၀၂၃) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည် ။

      နတ်တလင်း မြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များတွင် Parbisure အမည်နှင့် ဆေးဝါးအား ရောင်းချခြင်း ရှိ ၊ မရှိ စစ်ဆေးရာ ဆေးဆိုင်များမှ ရောင်းချခြင်း မရှိကြောင်း တွေ့ရှိရပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေးနှင့် ဆေးပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကျေးလက်နေပြည်သူများထံသို့သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များအား စားသုံးသူပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်(သို့) ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူ အသုံးပြုတတ်စေရေးကို ရည်ရွယ်၍ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၃.၂၀၂၃)နေ့ နေ့လယ် (၁၂:၀၀) အချိန်တွင် ပြည်မြို့နယ်နှောကန်အုပ်စု၊ ထန်းကုန်းကျေးရွာ၌လည်းကောင်း နေ့လယ် (၁:၃၀) အချိန်တွင် နှောကန်အုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများအား နှောကန်ရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌လည်းကောင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများကျင်းပ ပြုလုပ်ခဲ့ပါသည်။

     ရှေးဦးစွာ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းမှ စားသုံးသူများရရှိရမည့် အခွင့်အရေး(၈)ချက်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာမှုများရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခြင်းနှင့် ကျေးလက်နေပြည်သူများတွင် စားသောက်ကုန်၊ လူသုံးကုန် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေးဥပဒေ၌ ပါရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဈေးကွက်အတွင်း Parbisure အမည်ဖြင့် ဆေးဝါးရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

        ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဈေးတာဝန်ခံများနှင့်ပူးပေါင်း၍ ၁၆.၃.၂၀၂၃ ရက်နေ့ (၁၀:ဝဝ)နာရီအချိန်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရွှေပြည့်စုံဈေးနှင့်မင်္ဂလာဈေးတို့ရှိ ဆေးဆိုင်များ သို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှအသိအမှတ်ပြုထောက်ခံချက်မပါရှိသည့် Parbisure အမည်ဖြင့် ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ ကိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ယင်းအမည်ဖြင့် ဆေးဝါးများ ရောင်းချနေခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ထို့နောက် ဆေးဆိုင်ပိုင်ရှင်များနှင့် ဆေးအရောင်းတာဝန်ခံများအားတရားဝင်မှတ်ပုံတင်ထားသော ဆေးဝါးများကိုသာ ရောင်းချရန်နှင့် (၂၀၁၉) စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)၊ ပုဒ်မ ၄၁ ပါကုန်အညွှန်းအမှတ်အသားများ သိရှိလိုက်နာရန်ပြောကြားခဲ့ပြီး၊ ဈေးအတွင်းစားသုံးသူအခွင့်အရေးနှင့်တာဝန်များပါရှိသည့် ဗွီနိုင်းပိုစတာများစိုက်ထူခြင်းနှင့် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

စားအုန်းဆီများအား ဈေးကွက်အတွင်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၅-၃-၂၀၂၃)   ရက်နေ့တွင် ချောင်းဆုံမြို့နယ်ရှိ ကညှော်ကျေးရွာနှင့် မော်လမြိုင်မြို့နယ်ရှိ သီရိမြိုင်ရပ်ကွက်၊ ဇေယျာမြိုင်ရပ်ကွက်တို့တွင်လည်းကောင်း၊ (၁၆-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ သင်္ဘောလဲရပ်ကွက်၊ မီးလောင်ပြင်ရပ်ကွက်နှင့် ညောင်ပင်ဆိပ်ရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၇-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ အောင်သုခရပ်ကွက်၊ ဂေါက်ကွင်း(ငန်းတေး)ရပ်ကွက်နှင့် သရက်တောရပ်ကွက်တို့တွင်လည်းကောင်း၊ (၁၈-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ ကမ်းနားလမ်း(ရေပေါ်ဈေး)၊ ဈေးကြိုရပ်ကွက်တို့တွင်လည်းကောင်း၊ (၁၉-၃-၂၀၂၃) ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ ကမ်းနားလမ်း(ရေပေါ်ဈေး)၊ မောင်ငံ(အောင်တော်မူ)ရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများကဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေးနှင့် ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးတို့ အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပန်းတောင်းမြို့နယ်၌ (၁၀)ဂရမ်နှင့်အထက်အလှကုန်ပစ္စည်းများဘူးပေါ်တွင် ရည်ညွှန်းချက်အပြည့်အစုံရှိ/မရှိစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များဖြစ်သော မင်းရပ်ရပ်ကွက်နှင့် ဝန်လိုရပ်ကွက်တို့တွင် အလှကုန်ပစ္စည်းမျိုးစုံ ရောင်းချသောဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်း၍စစ်ဆေးခဲ့ပါသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများသည် (၁၄.၃.၂၀၂၃)နေ့ နံနက်ပိုင်းတွင် မင်းရပ်ရပ်ကွက် နှင့်ဝန်လိုရပ်ကွက်ရှိ အလှကုန်ပစ္စည်း မျိုးစုံရောင်းချသည့် ဖြူသွယ်စတိုး၊ ငွေစည်တော်စတိုးနှင့် မေတ္တာစည်းစိမ်စတိုးဆိုင်များသို့ သွားရောက်၍ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများ၏ ဘူးပေါ်တွင် ကုန်အညွှန်းအမှတ်အသား အပြည့်အစုံရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထိုသို့ စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ မြန်မာဘာသာဖြင့် ပြည်စုံမှန်ကန်စွာရေးသား ဖော်ပြထားသည့် အလှကုန်ပစ္စည်းများသာ တင်သွင်းထားရှိရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ