သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၇.၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဆေးဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောင်းဆုံမြို့နယ်အတွင်းရှိ လင်းလက်ဆေးဆိုင်၊ စိန်ဆေးဆိုင်များတွင် ရောင်းချနေသောဆေးဝါးများမှာ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆေးဝါးများအား သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိမှသာ ရောင်းချရန်ပြောကြားခဲ့ပြီး ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်အတွင်းရှိ သိုလှောင်ရုံနှင့် ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၂.၇.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာနှင့် ကြာအင်းကျေးရွာအတွင်းရှိ သိုလှောင်ရုံနှင့်ဆန်စက်များသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရိုးဂိုးကျေးရွာအတွင်းရှိ မွန်လေးဆန်စက်၊ ဦးသက်တင်ဆန်စက်နှင့် ဦးသန်းထိုက်ဆန်စက်တို့ကို သွားရောက်ခဲ့ပြီး ဆန်သိုလှောင်ရုံများ၏ အရွယ်အစား၊ တည်ဆောက်ထားမှုအခြေအနေ၊ သိုလှောင်ရုံ၏ ဝင်ဆံ့နိုင်မှုပမာဏ၊ သိုလှောင်သည့် ဆန်အမျိုးအစားနှင့် လက်ရှိဆန်သိုလှောင်ထားမှုအခြေအနေများကို စစ်ဆေးခဲ့ပြီးနောက် ဆန်သိုလှောင်ရုံများ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းခဲ့ပြီး မှတ်ပုံတင်ခြင်းအကြောင်းအရာနှင့် ပတ်သက်ပြီး လိုအပ်သည့်အချက်အလက်များအား အသိပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

“စားသုံးသူကာကွယ်ရေးဥပဒေတားမြစ်ချက်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

    ၂၂.၇.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “စားသုံးသူကာကွယ်ရေးဥပဒေတားမြစ်ချက်များအကြောင်း သိကောင်းစရာအသိပညာပေး Talk Show" အား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ "Talk Show"ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်မရောမြို့နယ်တာဝန်ခံမှလည်း ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၂၃)ပါ တားမြစ်ချက်များဖြစ်သော ပုဒ်မ ၆၂ ၊ ပုဒ်မ ၆၃၊ ပုဒ်မ ၆၄၊ ပုဒ်မ ၆၅၊ ပုဒ်မ ၆၆၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ တို့ကို ဖောက်ဖျက်ကျူးလွန်ခြင်းမပြုလုပ်ရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူ ကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာအကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ပဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    (၂၂.၇.၂၀၂၄) ရက်နေ့၊ ​နံနက် (၁၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသော မွန်ပြည်နယ်၊ ​မော်လမြိုင်မြို့ရှိ ကုမ္ပဏီများသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ပဏီ(၁)ခုဖြစ်သော MA PAN AYE FAMILY RUBBER TRADING CO,LTD ၏ ကုမ္မဏီတည်ထောင်မှုနှင့် ပတ်သက်၍ အမှန်တကယ် လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ၊ ကုန်သွယ်ရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ခွဲတာဝန်ခံ ဒုဦးစီးမှူး ဒေါ်မြင့်မြင့်စန်းသည် ၁၆-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၂၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးတာဝန်ခံ ဦးဝေဖြိုးကျော်ပါ (၄)ဦးတို့ပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့်ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော ဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေး ရုံးအုပ်ပါ (၂)ဦးတို့သည် ၁၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့မဈေးမှ ဈေးတာဝန်ခံ ဦးအောင်မင်းသိန်းပါ (၃)ဦးတို့ပူးပေါင်းပါဝင်၍ ရောနှောဆီများအားစစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများရောင်းချနေခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော စားသုံးဆီများရှိ/မရှိတို့ကိုစစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်းရောင်းချနေသော ဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

 

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဒုဦးစီးမှူးပါ (၄)ဦးတို့သည် ၁၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၁:၅၀)နာရီအချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းဈေးသို့ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာ၌ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရွှေလင်ပန်းဈေးတာဝန်ခံ ဒေါ်မိုးအေးကြူပါ (၃)ဦးတို့ပူးပေါင်းပါဝင်လျက် ဈေးအတွင်းရှိ  စားသုံးဆီအမျိုးမျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁) တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil)အပြင် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄)တို့အား ရှင်းလင်းပြောကြားအသိပညာပေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့်ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် ဆွေးနွေးအသိပညာပေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မျိုးထွန်း၊ ဦးစီးမှူးပါ (၄)ဦးတို့သည် ၁၆-၇-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၁၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်သို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Cook နေကြာဆီ၊ Goody အဆင့်မြင့် စားအုန်းဆီ၊ Meizan နေကြာဆီ၊ ရွှေအုံ(မြေပဲဆီ)၊ ရန်ကုန်(ပဲဆီသန့်)၊ Good Choice (အဆင့်မြင့် စားအုန်းဆီ)နှင့် အမေထွား(မြေပဲဆီ)တို့အားစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

မြို့မဈေးအတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုတိယကြီးကြပ်ရေးမှူးပါ ဝန်ထမ်း(၂)ဦးတို့သည် ဆက်စပ်ဌာနများနှင့်ပူးတွဲကွင်းဆင်းခြင်းကို ၁၅-၇-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင် မြို့မဈေးအတွင်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ မြို့မဈေးအတွင်းရှိ ဆန်ရောင်းချသူဆိုင်ရှင်များကို ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ မှော်ဘီဒေသထွက် ဆင်းသုခဆန်အုပ်စုနှင့် ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချသော ဧရာ၀တီပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းဆန်များကို ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိပြီး စားသုံးသူပြည်သူများအပေါ် အမြတ်ထုတ်ရောင်းချခြင်းမရှိစေရန်အတွက် အချိန်နှင့်တပြေးညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ရွှေဘိုခရိုင်၏ (၇/၂၀၂၄)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် (၇/၂၀၂၄)လအတွင်း ဒု-ခရိုင်ဦးစီးမှူးမှဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ကလေးကစားစရာအရုပ်နှင့်စတိုးဆိုင်(၁)ဆိုင်နှင့် ကုန်စုံဆိုင်(၂)ဆိုင်အားလည်းကောင်း၊ အမှတ် (၅)ရပ်ကွက်ရှိ ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အားလည်းကောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်ပါအကြောင်းများကို အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ