သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မအူပင်ခရိုင်အတွင်းရှိ ဆန်စက်၊ ကြာဇံစက်နှင့် မွေးမြူရေးလုပ်ငန်းများကြည့်ရှုအားပေး

    ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ ညောင်စောက်ကျေးရွာရှိ Green Indo Myanmar တန်၃၀၀ဆန်စက်ရုံ တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ စပါးသိုလှောင်ကန်၊ စပါးအခြောက်ခံစက်၊ Silo စပါးသိုလှောင်ရုံ foundation ဆောင်ရွက်နေမှု စပါးကုန်ကြမ်းသိုလှောင်ရုံ၊ ဆန်ဖြူကုန်ချောသိုလှောင်ရုံ ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာ စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ဆန်စက်နှင့်ပတ်သက်သည့် Paddy Cleaner Paddy Destoner Paddy Husker   Thickness Grader Rice Whitener Rice Polisher Rotary Sifter Length Grader Color Sorter Weigher Belt Conveyor Buckets Elevator စက်များတပ်ဆင်နေမှု၊ ဆန်ဖြူတန် ၃၀၀ အား Export Quality ထုတ်လုပ်၍ ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်မည့်အစီအမံများ၊ ကြာဇံစက်ရုံဆက်လက်တည်ဆောက်မည့်အ ခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  စက်ပစ္စည်းများတပ်ဆင်ပြီးစီးစေရေး၊ သတ်မှတ်ကာလအတွင်း စမ်းသပ်လည်ပတ်နိုင်ရေးနှင့် စက်စွမ်းအားပြည့်လည်ပတ်နိုင်စေရေးမှာကြားခဲ့သည်။

      ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာ၊ King's Food Global Ltd. သို့ သွားရောက်၍  ကြာဇံထုတ်လုပ်နေမှုအဆင့်ဆင့်များကြည့်ရှုစစ်ဆေးခဲ့ရာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆန်ဖွတ်၍ ရေစိမ်ခြင်း၊ ကြိတ်ဆုံထဲတွင်မုန့်နှစ်ရေရသည်အထိကြိတ်ခြင်း၊ မုန့်နှစ်ရေမြောအား ညှစ်စင်သို့ပို့၍ မုန့်အခဲများရစည်အထိ အရေညှစ်ခြင်း၊ မုန့်အခဲများအား ပေါင်းအိုးထဲသို့ထည့်၍ပေါင်းခြင်း၊ ပေါင်းအိုးမှရသောမုန့်ဖတ်များအား ဇကာစက်ထဲသို့ထည့်၍ ကြာဇံများအဖြစ်သို့ရောက်အောင်ဖိခြင်း၊ ဇကာစက်မှရသောကြာဇံများအား လှီးဖြတ်၍ လှည်းပေါ်သို့တင်ခြင်း၊ ကြာဇံလှည်းများအား အအေးခန်းတွင်အအေးခံခြင်း၊ အအေးခံထားသောကြာဇံများအား ကြိတ်စက်သို့ပို့၍ ကြိတ်ခြင်း၊ ကြိတ်စက်မှရသောကွာဇံမြားအား ပေါင်းခန်းထဲသို့ပေါင်းခြင်း၊ ပေါင်းခန်းထဲမှရသောကြာဇံများအား လျှောက်လမ်းပေါ်တွင်အအေးခံခြင်း၊ လျှောက်လမ်းပေါ်မှရသောကြာဇံများအား ရေဆေးပေးခြင်း၊ ရေဆေးထားသောကြာဇံများအား ပုံစံခွက်ထဲသို့ထည့်၍ ခေါက်ခြင်း၊ ခေါက်၍ရသောကြာဇံများအား အခြောက်ခံလျှောက်လမ်းတွင် ပထမအဆင့်အခြောက်ခံခြင်း၊ ပထမအဆင့်အခြောက်ခံထားသော ကြာဇံများအားနောက်ဆုံးအဆင့်အခြောက်ခံခြင်း၊ အခြာက်ခန်းမှထွက်လာသောကြာဇံများအား အစို၊ အခြောက်စစ်ဆေး၍ လှည်းပေါ်စီတင်ခြင်း၊ ကြဇံများအားပါကင်ထုတ်ပိုးခြင်းများကို ရှင်းလင်းတင်ပြသည်။  King's Food Global Ltd.အနေဖြင့်  ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ဆန်/ဇကွဲများအား ဝယ်ယူသုံးစွဲလျက်ရှိပြီး ဆန်/ဇကွဲ အမျိုးအစားများမှာ ထွန်းပု၊ကရင်မ၊ ငစိန်ဆန်တို့ကို အသုံးပြုပြီး တစ်နေ့ သုံးစွဲသည့် ကုန်ကြမ်းတန်ချိန်(၁၄.)တန်၊ တစ်နေ့ကုန်ချော ထုတ်လုပ်မှု တန်ချိန်(၁၃)တန်နှင့် တစ်လ ထုတ်လုပ်သည့် ကုန်ကြမ်းတန်ချိန် - (၃၈၂.)တန်၊ တစ်လထုတ်လုပ်သည့် ကုန်ချော တန်ချိန် -(၃၃၈)တန်ဖြစ်ကြောင်းသိရပြီး တင်ပို့သည့်နိုင်ငံများမှာ မလေးရှား၊အမေရိကန်၊စပိန်၊ဟောင်ကောင်၊အီတလီတို့ကို တင်ပို့လျက်ရှိသည်။

      ဆက်လက်၍  ညောင်းတုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာရှိ ဦးဝင်းနိုင်၏ ကြက်ခြံ(၃၀)ခြံတွင် ဥစားကြက်ကောင်ရေ တစ်သိန်းခွဲမွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကိုယ်တိုင်စပ်အစာထုတ်လုပ်ထားရှိမှု၊ ကုန်ကြမ်းရရှိမှုနှင့် ထုတ်လုပ်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ညောင်တုန်းမြို့နယ်၊ဂန်ချောင်းကျေးရွာရှိ ဦးဝင်းနိုင်၏ ဥစားကြက်မွေးမြူရေးခြံ (၃၀)ခြံတွင် ဥစားကြက်ကောင်ရေ (၁၅၀၀၀၀)မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ဒေသတွင်းရရှိသည့် အစာကုန်ကြမ်းအများစုအသုံးပြု၍ ကြက်စာထုတ်လုပ်သုံးစွဲမှု၊ အခြားလိုအပ်သည့်အစာကုန်ကြမ်းများ တိုင်းဒေသကြီးပြင်ပမှ ဝယ်ယူရရှိမှုနှင့် ထုတ်လုပ်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကြက်ခြံများအားကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် ဥစားကြက်မွေးမြူရေးခြံပိုင်ရှင်မှ ဥစားကြက်မွေးမြူမှု၊ တစ်ရက်လျှင်ကြက်ဥ တစ်သိန်းကျော်ထုတ်လုပ်နိုင်မှု၊ တိုင်းဒေသကြီးအတွင်းနှင့်ရန်ကုန်တိုင်းဒေသကြီးသို့ကြက်ဥ တင်ပို့ရောင်းချမှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူးမှ ဥစားကြက်မွေးမြူရေးအခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူထုတ်လုပ်မှုစာရင်းဇယားများ စနစ်တကျမှတ်သားဆောင်ရွက်စေရေးနှင့် မွေးမြူထုတ်လုပ်ရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။

        ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍  ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကုမ္ပဏီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စမ်းသပ်မွေးမြူထားသည့် ငါးမွေးကန်များ၊ ရေသွင်းရေထုတ်စနစ်များဆောင်ရွက်ထားရှိမှုများ၊  Carbon based NPK compound fertilizer ထုတ်လုပ်ခြင်းများဆောင်ရွက်မည့် မြေနေရာများစတင်ပြုပြင်ဆောင်ရွက်နေမှုများ၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့်အေးခဲခြင်းစက်ရုံ ပြီးစီးဆောင်ရွက်မှုအနေအထားများ၊ အဆင့်မြင့်သံကန်များတွင် ငါးများစမ်းသပ်မွေးမြူထားသည့် အခြေအနေများကြည့်ရှုစစ်ဆေးအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြသမှုအ ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးမှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(DOCA ဧရာဝတီ)

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အောင်နိုင်တိုးမျိုးစပါးစံပြကွက်တွင် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပေါ်ဆန်းစပါး(၁၁)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အားကြည့်ရှုအားပေး၊

     ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက  ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကျေးရွာအုပ်စု၊ တောင်သူဦးရဲမင်း၏ စိုက်ဧက() ဧကတွင်ပြုလုပ်သည့် အထွက်တိုး အောင်နိုင်တိုးမျိုးစပါးစံပြကွက်တွင် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ခြင်းနှင့် ပေါ်ဆန်းစပါး(၁၁)မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ပေါ်ဆန်းစပါးစမ်းသပ်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးက ပေါ်ဆန်းစပါးမျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျထည့်သွင်းဆောင်ရွက်မှုများ၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းမှ ကွင်းဆင်းလာရောက်လေ့လာသည့် စိုက်ပျိုးရေးအထူးပြုကျောင်းသား၊ ကျောင်းသူအားတွေ့ဆုံ၍ တိုင်းဒေသကွီးအတှငျးရှိ ခရိုင် ()ခရိုင်တွင် တစ်ခရိုင်လျှင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း () ကျောင်းဖြင့် စုစုပေါင်း()ကျောင်းဖွင့်လှစ်ထားပါကြောင်း၊ မကြာခင်ကာလအတွင်း မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ဖွင့်လှစ်တော့ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade-12 အောင်မြင်ပြီးစီးပါက ၎င်းတက္ကသိုလ်တွင် ဆက်လက် ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်းနှင့် မိမိတို့၏ ညီငယ်၊ မောင်ငယ်များ၏စံနမူနာပြဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပြီး ကျောင်းသားကျောင်းသူများနှင့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် ကွင်းဆင်းသရုပ်ပြဆောင်ရွက်ကြသည့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ်၊ ကံဆိပ်ကျေးရွာသို့သွားရောက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကံဆိပ်ကျေးရွာလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆိုလာအသေးစားဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်းစီမံကိန်းအား မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ (၂၀၂၃)ဖြင့်ဆောင်ရွက်သည့် ဆိုလာအသေးစားဓာတ်အားပေးစနစ်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာ၊ တိုင်းဒေသကွီးဦးစီးမှူးနှင့့် တာဝန်ရှိသူများက စီမံကိန်းဆောင်ရွက်ပြီးစီးမှုနှင့် လျှပ်ဓာတ်အားဖြန့်ဖြူးပေးဝေနေမှုများအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိုလာလျှပ်စစ်မီးဖြင့် ကျေးရွာအတွင်း လျှပ်စစ်မီးသုံးစွဲနေမှုများ၊ သန့်စင်သောသောက်သုံးရေပေးဝေရေးလုပ်ငန်းများ၊ တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလုပ်ငန်း ဆောင်ရွက်နိုင်မှုအခွေအနေမြားအား လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကံဆိပ်ကျေးရွာရွှေအုန်းပင်ကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ ဒေသဖွံ့ရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဓမ္မရက္ခိတဓမ္မာရုံကျောင်းတော်ကြီးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆိုလာအသေးစားဓာတ်အားပေးစနစ်ဖြင့် ကျေးရွာအတွင်းမီးလင်းရေးအပြင် သန့်ရှင်းသောသောက်သုံးရေကိုရရှိပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်မီးအား စနစ်တကျဖြင့်ခြိုးခြံချွေတာသုံးစွဲရန်လိုပါကြောင်း၊ KG+9ပြီးမြောက် အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်းသို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်းနှင့် မအူပင်မြို့တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကိုလည်း ဖွင့်လှစ်သွားမည်ဖြစ်၍ Grade-12ပြီး မြောက်အောင်မြင်ပါက အဆိုပါတက္ကသိုလ်သို့ ဆက်လက်ပညာဆည်းပူးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၊ မိဘများအနေဖြင့် မိမိတို့၏ တပည့်သား၊ သမီးများအား ပညာတတ်ကြီးများ ဖြစ်အောင်ပြုစုပျိုးထောင်ပေးကြရန်လိုအပ်ကွောငျး ပြောကြားခဲ့ပြီး ကျေးရွာ၏ ပညာကျေး၊ ကျန်းမာရေးလိုအပ်ချက်များ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာများနှင့် ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ လောကချမ်းသာအောင်မင်္ဂလာသိဒ္ဓိစေတီ တော်အားလှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကြောင်းသိရှိရပါသည်။

(DOCA ဧရာဝတီ)

 

 

ဘားအံမြို့ရှိ အ.မ.က မူလွန် (၁၀) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

     စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြနှင့် ဝန်ထမ်းများသည် ၁၂-၈-၂၀၂၅ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က မူလွန် (၁၀)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ ကြောင်း သိရှိရသည်။

အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်း အမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၁) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၂၉၂)ဦး စုစုပေါင်း ဦးရေ(၃၀၃) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ဘားအံမြို့ရှိ အ.မ.က မူလွန် (၁၀) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၂-၈-၂၀၂၅) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.မ.က မူလွန် (၁၀)၊ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၃)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များ ကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က (၈) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၁၁-၈-၂၀၂၅) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.မ.က (၈)၊ အခြေခံပညာ မူလတန်း ကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၂)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များ ကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က  (၈) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်နှင့် ဝန်ထမ်းများသည် ၁၁-၈-၂၀၂၅ ရက်၊ တနင်္လာနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က  (၈)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း ဟောပြောခဲ့ပြီး ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ယမင်းဦးက ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက် နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်း အမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၀) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၃၀၂)ဦး စုစုပေါင်း ဦးရေ(၃၁၂) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီအစည်းအဝေး ကျင်းပ

      ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅) ကို ၇-၈-၂၀၂၅ ရက် (ကြာသပတေးနေ့)၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌ ဦးစောခင်မောင်မြင့် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှ တာဝန်ယူ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ယခင်လ အစည်းအဝေး ဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို အမှာစာ နှင့်တကွ တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီး အစည်းအဝေးကို (၁၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦး တက်ရောက် ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၁၃) ချက် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

DOCA(ကရင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်

        ကချင်ပြည်နယ်၊   မြစ်ကြီးနားခရိုင်အတွင်း အွန်လိုင်းစနစ်ဖြင့်   ရောင်းချခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်မှုအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင် ဦးစီးမှူးရုံးမှ‌‌ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၂.၈.၂၀၂၅ ရက်နေ့၊နေ့လယ်(၁၄:၃၀)နာရီအချိန်တွင်  မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ ကြက်စာနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင် (၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်တာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်း အဖြစ်သတ်မှတ် ထားရှိမှုအခြေအနေ၊ အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အရ မှတ်ပုံတင်လျှောက်ထားခြင်းနှင့်လျှောက်ထားမှုအတွက်သတ်မှတ်ချက်၊ပြင်ဆင်လျှောက်ထားခြင်း၊ သက်တမ်းတိုးလျှောက်ထားခြင်း၊  မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်နှင့်အခွင့်အရေးများ၊ မှတ်ပုံတင်ထုတ်ပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ eComReg SystemReportနှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများအား အသိပညာပေးဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၁၃.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ ဒေါ်လုဂျာ (ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Babi Mild  အမှတ်တံဆိပ်ပါ ကလေးရေချိုး ဆပ်ပြာရည် တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊  ဓါတ်မတည့် ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင် အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 ဦးသန်းလွင် (ကျောင်းမုန့်ဈေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦးသည်.၈.၂၀၂၅ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ အ.ထ.က(နန်းမား) အတွင်းရှိ ဦးသန်းလွင် (ကျောင်းမုန့်စျေးဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ် ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကောင်းကြိုက် အမှတ်တံဆိပ်ပါ ဆီသန့်အကြော်စုံသည် အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိ ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျောင်းဈေးဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ရောင်းချဖြန့်ဖြူးရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှုမရှိသော ကုန်ပစ္စည်းများကို ဝယ်ယူဖြန့်ဖြူးရောင်းချ ခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ