သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စိုက်ပျိုးရေးဆေးဆိုင်နှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ မြို့မဈေးအပြင်တန်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များအား (၁၅.၁၂.၂၀၂၂)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာ တွင်လည်း ကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ရေး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဓာတ်မြေဩဇာအရောင်းဆိုင် (၂)ဆိုင် အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ကလေးမြို့ပေါ်ရှိ ဆေးနှင့် ဆေးဝါး အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

            စားသုံးသူရေးရာဦးစီးဌာန၊ကလေးခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၁၆.၁၂.၂၀၂၂) ရက်နေ့တွင် နယ်မြေအတွင်းရှိ ညောင်ပင်သာ ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ သွားရောက်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသည့် ဆေးနှင့် ဆေး ပစ္စည်းများ သက်တမ်းလွန်ခြင်း ရှိ/မရှိ၊ စံမညီသည့် ဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိနှင့် ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လတ်မှုရှိ/ မရှိ ကို သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်လုံးသည် မိမိအနေဖြင့် တရားဝင်ကုမ္ပဏီ များမှ တင်သွင်းသည့် ဆေးဝါးများကိုသာ ရောင်းချပြီး သက်တမ်းလွန်နေသည့် ဆေးနှင့်ဆေးဝါး များကို ရောင်းချခြင်း မပြုလုပ်ကြောင်းနှင့် မိမိအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများ၏ လမ်းညွှန်မှာကြားချက်များ အတိုင်းသာ လိုက်နာဆောင်ရွက်၍ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ စက်ဆီချောဆီအရောင်းဆိုင်များအား (၁၂.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူ စားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင် (၃)ဆိုင်အားစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ တလုတ္ထော်မြို့၊ မရမ်းရပ်ကွက်ရှိ ဓမ္မာရုံတွင် (၁၅.၁၂.၂၀၂၂) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီအချိန်၌ မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူ (၁၅၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ် ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသောစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်း၍ စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

မြန်အောင်မြို့ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  မြန်အောင်မြို့ ဒုခရိုင်ဦးစီးမှူးသည် (၁၂.၁၂.၂၀၂၂) ရက်နေ့ နံနက်(၀၈:၃၀) နာရီအချိန်တွင် ရှားတောကျေးရွာအုပ်စုရှိ အ-မ-က ကျောင်းမုန့်ဈေးတန်းအား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ် မုန့်များသန့်ရှင်းလက်ဆက်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများ လက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့် အချက်များအကြောင်းနှင့် စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်နေ့သည့် လုပ်ငန်းများအကြောင်းစသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကံမမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့ရှိဈေးကွက်များတွင် ရောင်းချဖြန့်ဖြူးလျက်ရှိသော ကုန်စည်များဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် (၁၃.၁၂.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများနှင့် ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း(ဒု-ဦးစီးမှူး) သည် သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနပါဝင်သော ဌာနဆိုင်ရာအဖွဲ့စုံဖြင့် ကံမမြို့ပေါ်ရှိ အမှတ်(၁/၃/၄)ရပ်ကွက်များအတွင်း မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန် ထားသော စားသောက်ကုန်(၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှု ရှိ/မရှိနှင့် ဌာန၏ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံမှု ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်ပိုင်ရှင်များအား စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များအား ဈေးကွက်အတွင်းရောင်းချမှုမရှိစေရေး၊ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ စားသုံးသူရေးရာကာကွယ်ရေးဥပဒေ အခန်း(၁၈) ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)အရ ကုန်စည်အုပ်စု (၈)အုပ်စုတွင် ပါဝင်သောအချက်များ ပြည့်စုံမှန်ကန်စွာပါရှိစေရေး၊ စီးပွားရေးလုပ်ငန်း ရှင်များ၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာပြဌာန်းချက်ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့် (ဆ)ပါအချက်များ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော ကုန်စည်ကိုသာ ရောင်းချဖြန့်ဖြူးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ဆက်လက်၍ နေ့လယ် (၀၂:၀၀)နာရီအချိန်တွင် ကံမမြို့၊ အမှတ်(၁)ရပ်ကွက်ရှိမင်းကုန်းအလယ်တန်းကျောင်း(ခွဲ)သို့ အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်းမှ ဌာန၏ ဥပဒေ ဖြစ်ပေါ်လာပုံ၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် စားသုံးသူများသိရှိစေဖို့ စားသုံးသူအခွင့်အရေး (၈)ချက်အားအကျယ်တဝင့်ပြောကြားခြင်း၊ မင်းတုန်းမြို့နယ်တာဝန်ခံ၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စားသုံးသူများ မဖြစ်မနေသိရှိရမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အချက်များကို အသေးစိတ် ရှင်းလင်းပြောကြားခြင်း၊ သရက်ခရိုင်ရုံးမှ ဒု-ဦးစီးမှူးဒေါ်ရီရီထွေးမှ စားသုံးသူတို့၏တာဝန်များ၊ အစား အသောက်များဝယ်ယူစားသုံးရာတွင် မဖြစ်မနေဝယ်ယူသတိပြုစားသုံးရမည့် ထုတ်လုပ်ရက်၊ ကုန်ဆုံးရက် များကို သေချာစွာကြည့်ရှုစားသုံးကြပါရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၂၄)ဦး၊ ဆရာ/ ဆရာမ(၁၂)ဦး၊ စုစုပေါင်း (၂၃၆)ဦးနှင့် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး အပါအဝင်(၄)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိ ရပ်ကွက်များတွင် ဆီကုန်သည်များအသင်းမှ စားအုန်းဆီရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်ခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်‌ရေးကော်မတီကို ဖွဲ့စည်းပြီး ပြည်ပမှ တင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချန်စံညွှန်းများနှင့်ပြည့်မီစေရေး ၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး စျေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး စားအုန်းဆီ ကမ္ဘာ့စျေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြစ်ပေါ်စေရေးတို့ကို ထိန်းကြောင်းဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီမှူးတို့၏ လမ်းညွှန်မှုဖြင့် (၈.၁၂.၂၀၂၂)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်နှင့် စိုးကောမင်း ရပ်ကွက်တို့၌ ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသော‌ စားအုန်းဆီများကို မကွေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စျေးကား(၂)စီးဖြင့် စားအုန်းဆီ(၁)ပိဿာ ကျပ်(၄၉၀၀) ဖြင့်၊ လူတစ်ဦးလျှင် (၅၀)သားနှုန်း ရောင်းချနေမှုအား မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (ဦးစီးမှူး)ဦးဆောင်သောအဖွဲ့မှ  သွား‌ရောက်စိစစ်ကြပ်မတ်ခဲ့ပါသည်။

            ထို့သို့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာ၌ စားသုံးသူပြည်သူများ၊ အဆင်ပြေချော့မွေ့စွာ ဝယ်ယူနိုင်ရေး၊ စားအုန်းဆီစျေးနှုန်းများ မှန်ကန်ရေး အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီ ဝယ်ယူရာတွင် စနစ်တကျရှိစေရေး ကြီးကြပ်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြို့မစျေး၌ စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအား စျေးကွက်အတွင်း ရောင်းချမှု ရှိ/မရှိ မိတ်ဖက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း (မကွေးမြို့နယ်တာဝန်ခံ)သည် (၁၂.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေးရှိ ကုန်စုံဆိုင်များတွင် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်ထုတ်ပြန်ထားသော အစားအသောက် (၁၅)မျိုးအား ဈေးကွက်အတွင်းရောင်းချနေမှုရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည့်စုံမှုရှိ/မရှိ တို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးရန်မသင့် တားမြစ်ထားသော ကုန်စည်များအပြင် ကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း(၁၈)တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်မှု ရှိ/မရှိ ကိုလည်း အလေးထား စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား စားသုံးရန်မသင့်သော/ သက်တမ်းလွန်နေသော/ မှိုတက်နေသော/ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာမပါဝင်သော ကုန်စည်များအား ဆိုင်တင်မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေးကော်မတီ၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ရွာသစ်ရပ်ကွက်မှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁၃.၁၂.၂၀၂၂) ရက်နေ့ (၁၁း၁၅)နာရီတွင် မကွေးမြို့၊ ရွာသစ်ရပ်ကွက် (၁၆)လမ်းမှ ထုတ်လုပ်သော “လှယဉ်ကျေးမယ်” အမှတ်တံဆိပ် (သံပုရာစပ်/ သရက်စပ်/ ဆီးစပ်/ ရှောက်ချိုမျှင်)လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ)ဦးသန်းထွန်းအား ခရိုင်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          လုပ်ငန်းရှင်၏ ပြောကြားချက်အရ“လှယဉ်ကျေးမယ်” အမှတ်တံဆိပ် သံပုရာစပ် တစ်ဘူးလျှင် (၁၀)ကျပ်သား၊ သရက်စပ် တစ်ဘူး လျှင်(၁၅)ကျပ်သား၊ ဆီးစပ် တစ်ဘူးလျှင် (၁၅)ကျပ်သားနှင့် ရှောက်ချိုမျှင် တစ်ဘူးလျှင် (၁၀) ကျပ်သား ဖြင့် ထုတ်ပိုးပြီး မကွေးမြို့ပေါ်နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်း၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်းမြို့များသို့ ဖြန့်ချီရောင်းချကြောင်း လေ့လာသိရှိရပါသည်။

      ခရိုင်ဦးစီးမှူး၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)က လုပ်ငန်းရှင် ဦးသန်းကျော်စိန် (ခ) ဦးသန်းထွန်းအား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

သရက်မြို့ပေါ်ရှိ လုပ်ငန်းရှင်အားကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါဝင်ရေး အသိပညာပေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီမှူးနှင့် သရက်ခရိုင် ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးဦးအုန်းမြင့်ဦးဆောင်သော ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၂)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် သရက်မြို့၊ တောင်မင်းတည်း ရပ်ကွက်၊ လမ်းမတော်လမ်း၌ ရွှေဟင်္သာအမှတ်တံဆိပ်ဖြင့် မလိုင်လုံးအစို၊ အခြောက် ထုတ်လုပ်သည့် လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) အခန်း (၁၈)ပါ ကုန်အညွှန်းမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

       ရှေးဦးစွာ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်မှ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)ပါကုန်စည်အုပ်စု(က)ရှိ အစားအသောက်တွင် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့် အချက် များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်သည့်ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ ဒု-ကြီးကြပ်ရေးမှူး ဦးကျော်ရွှေမှ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်၊ တားမြစ်ချက်များနှင့် ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှု ရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထား နိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက်များအား ပြုလုပ် ဆောင်ရွက်ထားစေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိမှသာလျှင် စားသုံးသူများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပေါ် ယုံကြည်မှုရရှိလာပြီး အကျိုးစီးပွားများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုမရှိသည့်ကုန်စည်များ တွေ့ရှိလာပါက ဥပဒေအရအရေးယူ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်စေလိုကြောင်း တိုက်တွန်းနှိုးဆော် အသိပညာပေးဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ သိရှိလိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ