သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဓနုဖြူဆေးဆိုင်များအား လိုင်စင် ရှိမရှိနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်း ရှိမရှိစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့၌ ဆေးဆိုင်များအား လိုင်စင် ရှိ/မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးများတွင် ကုန်အညွှန်အမှတ်အသား ဖော်ပြမှု ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို (၁၁-၈-၂၀၂၅) နံနက်(၁၀)နာရီအချိန်က ဓနုဖြူ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များဖြစ်သော မိဘမေတ္တာ၊ ကုမုဒြာ၊ ချမ်းမြေ့၊ ဂွမ်းလေး၊ အောင်မြင်သူစသော ဆေးဆိုင်များအား ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဓနုဖြူမြို့နယ် ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင် ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲ ထားရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိ ဈေးဝါး ပါကင်ဗူးများတွင် ကုန်အညွှန်ဖော်ပြခြင်းနှင့် စပ်လျယ်း၍ စစ်ဆေးခဲကြသည်။ ဆေးဆိုင်ရောင်းချသူများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိခြင်း မရှိစေၕန် မှာကြားခြင်း များကို စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးက ဦးခိုင်လွမ်းမိုးက မှာကြားခဲ့ပြီး လိုက်နာဆောင်ရါက်ခြင်း မရျိကြောင်း တွေ့ရှိရပါက အရေးကြီး ကုန်စည် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့သည်။

   အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ခရိုင် ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဈေးကွက်မရောက်မှီ မအူပင် AKT သောက်သန့်များအား လုပ်ငန်းခွင်အရောက် ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခြင်းကို ၈-၈-၂၀၂၅ ရက်နေ့ နံနက်ပိုင်းက AKT သောက်ရေသန့်စက်ရုံအား စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

     အဆိုပါ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဈေးကွက်မရောက်မှီ ထုတ်လုပ်သော ရေသန့်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှုကို စစ်ဆေးခြင်း၊ ရေသန့်ဖြန့်ဖြူးမှု အခြေအနေများကို စစ်ဆေးခြင်း၊ ရေသန့်ဗူးများထားရှိသည့်နေရာများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ ထုတ်လုပ်ရောင်းချနေသော သောက်ရေသန့်များမှာ သတ်မှတ်ထားသော အရည်အသွေးပြည့်ခြင်း ရှိ/ ရေသန့်စက်ထားရှိသောအခန်းများ၊ ရေသန့်ဗူးများ ဆေးကြောသည့်နေရာနှင့် ရေစစ်သည့်နေရာများ၊ ရေထုတ်ယူ သုံးစွဲသည့် ရေအရင်းအမြစ်နေရာများ၊ ရေသန့်ထည့်၍ ထုပ်ပိုးပြီးသော မရှိနှင့် သောက်သုံးရေသန့် ထုတ်လုပ်ရောင်းချခွင့် လိုင်စင်လက်မှတ် ရှိ/မရှိတို့ကို သွားရောက်စစ်ဆေးခဲ့ကြပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပဲ ရောင်းချခြင်း တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြဌာန်းထားသော ဥပဒေအရ ကိုက်ညီပါက အရေးယူခံမည် ဖြစ်ကြောင်း ကို စက်ရုံတာဝန်ရှိသူအား ပြေကြားခဲ့ကြောင်း  သိရသည်။

      အဆိုပါစစ်ဆေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊  ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနနှင့် မိတ်ဖက်ဌာနများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ်အတွင်း ရောင်းချနေသော အသင့်သောက် လက်ဖက်ရည်နှင့် ကော်ဖီမစ်အမျိုးမျိုးအား ကုန်အညွှန်း စစ်ဆေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ပေါ်ရှိ ဈေးဆိုင်များ၌ အသင့်သောက် ကော်ဖီနှင့် လက်ဖက်ရည်ထုတ်များ၊ ကုန်စည်(၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်း ရှင်းစေရန်ရည်ရွယ်၍ (၈-၈-၂၀၂၅) နေ့၊နံနက် ၉ နာရီ အချိန်က ညောင်တုန်းမြို့နယ် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍  ရပ်ကွက်အတွင်း အရောင်းဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့် ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ သွားတိုက်ဆေးအမျိုးမျိုး စသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ် ရှိ၊ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ၊ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး စတိုးနှင့် ကုန်စုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအားအလေးပြုခြင်းအခမ်းအနားကျင်းပ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၌  ၁၁-၈-၂၀၂၅ ရက် တနင်္လာနေ့ နံနက် ၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနား ကို ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဇော်လွင်ဦးဆောင်၍ အရာထမ်း/အမှုထမ်းများအား လုံးတက်ရောက်ခဲ့ကြပါသည်။ပထမဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုပြီး နိုင်ငံဝန်ထမ်း သစ္စာဓိဌာန် (၆) ချက်ကို ညီညီညာညာရွတ်ဆို၍ သစ္စာဓိဌာန် ပြုခဲ့ ကြပါသည်။ ထိုနောက် ဒုတိယတိုင်းဒေကြီးဦးစီးမှူးက ဝန်ထမ်းများအား လိုအပ်သည်များမှာ ကြားခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းအခမ်းအနားကို အပတ်စဉ် တနင်္လာနေ့နံနက် ၉:၃၀ နာရီ အချိန်နှင့် သောကြာနေ့ ညနေ ၄:၃၀ နာရီ အချိန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

DOCA (မန္တလေး)

ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

    ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊နေ့လယ်  ၁၄း၃၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်း‌ဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Yadanarbon Global Network Distribution Co,Ltd မှ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၇) ပေပါကို ယာဥ်မောင်း ဦးဝေဖြိုးအောင်၊ ယာဉ်အမှတ် 7F-5533/Nissan မော်‌တော်ယာဉ်ဖြင့် ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်း ဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ ရောက်ရှိ လာသော စားအုန်းဆီ (၅၇) ပေပါအား ကုမ္ပဏီ၏ လက်ကားအ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင်‌တောင်သူများအား သဘာဝမြေသြဇာပေးအပ်ခြင်းအခမ်းအနားအား တက်‌ရောက်ခြင်း

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် (၉း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထားဝယ်မြို့နယ်၊ အမှတ်(၄)၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် ထားဝယ်ခရိုင်အတွင်းရှိ အကျိုးဆောင် တောင်သူများအား သဘာဝမြေသြဇာပေးအပ်ခြင်း အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူး မှ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ထားဝယ်မြို့၊ အမှတ်(၄)၊ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ မိုးစပါးစိုက်ခင်းတွင် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာအချိန်ကိုက်၊ အချိုး ကျရောနှော ကြဲပက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်မြို့သို့ သင်္ဘောြဖင့်ရောက်ရှိလာသော ဘိလပ်မြေများအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ တွင် ဘိလပ်မြေပြတ်လပ်မှုမရှိစေရေး ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့(၁၁း၄၅) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော အမ်ဗွီဝေပုလ္လ သင်္ဘောဖြင့် တင်ဆောင်လာသော ကြံ့နှစ်ကောင်အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေ အိတ် ၃၅၀၀၀ အား စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပြီး အဆိုပါဘိလပ်မြေများအား ထားဝယ်မြို့ပေါ်ရှိ အိမ်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ပညာဥယျာဥ် ကိုယ်ပိုင်ကျောင်းရှိ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခြင်း

        ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့၊ (၀၉း၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားရင်ပြင်ရှိ မိုးလုံ၊ လေလုံ အားကစားရုံကြီးအတွင်း၌ ပညာဥယျာဥ် ကိုယ်ပိုင်ကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား  စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
              အဆိုပါဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင် က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏ တာဝန်များအကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူအင်အား ၁၅၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့၊ ဆန်လှေရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွက် လိုအပ်သောဆန်များကို ဧရာဝတီတိုင်းမှ အဓိကမှာယူလျက်ရှိပြီး (၉.၈.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်မှ MV ရတနာထိန်လင်း ရေယာဥ်ဖြင့်သယ်ယူလာသော ဆန်တန် (၅၀၀)၊ အိတ်ရေ (၁၀၀၀၀)နှင့်  (၁၀.၈.၂၀၂၅)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်မှ ပြည့်ဖြိုးအောင်(၉)ရေယာဥ်ဖြင့် သယ်ယူလာသော ဆန်တန် (၁၄၀)၊ အိတ်ရေ (၂၈၀၀)တို့သည် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါဆန်လှေများကို မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် ရဲတပ်ဖွဲ့တို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

     ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကျင်းပ

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဓိက လုပ်ဆောင်ရသည့် ဝန်ထမ်းများ လက်ရုံးရည်၊ နှလုံးရည် စသည့်အရည်အသွေးများ ပြည့်ဝစေရန်နှင့် လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ကို ၁၆.၇.၂၀၂၅ ရက်နေ့မှစ၍ ၇.၈.၂၀၂၅ ရက်နေ့အထိ စာတွေ့နှင့်လက်တွေ့သင်ကြားပို့ချခဲ့ပြီးဖြစ်၍  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်း အဝေးခန်းမတွင် ၈.၈.၂၀၂၅ ရက်(သောကြာနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဌာနခွဲတာဝန်ခံများ၊ ဦးစီးအရာရှိများနှင့် သင်တန်းသား/သူ(၂၂)ဦး တက်ရောက် ခဲ့ပါသည်။ ၎င်းသင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက အဖွင့် အမှာစကားပြောကြားရာတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနသို့ ဝန်ထမ်းအသစ်များမှ ဝင်ပေါက်နှစ်ခု ဖြစ်သည့် ဦးစီးအရာရှိအဆင့်နှင့် အငယ်တန်းစာရေးအဆင့် (၂)မျိုးဖြင့် ဝင်ရောက်လာကြပါကြောင်း၊ ဦးစီးအရာရှိများအနေဖြင့် လုပ်ငန်းခွင်မဝင်ရောက်မီ  နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ဖွင့်လှစ်သည့် သင်တန်းများနှင့် ရုံးချုပ်၊ နေပြည်တော်မှ ဖွင့်လှစ်သည့် သင်တန်းများသို့ တက်ရောက်ရသည့် အတွက် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အခက်အခဲမရှိပါကြောင်း၊ အငယ်တန်းစာရေးဝန်ထမ်းများ အနေဖြင့် လုပ်ငန်းခွင်အတွင်း ရောက်ရှိပြီးမှသာ မိမိတာဝန်ထမ်းဆောင်ရသည့်ဌာန၏ လုပ်ငန်း များကို သင်ယူရခြင်းဖြစ်သည့်အတွက် ဌာနခွဲအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိစေရန် အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် မိမိတို့တတ်မြောက်ထားသည့် အတန်းပညာရပ်အနေဖြင့် (၂၅)% ခန့်သာအသုံးပြုနိုင်ပြီး ကျန်(၇၅)% ခန့်မှာ ပေါင်းသင်းဆက်ဆံရေး ပညာရပ်နှင့်သက်ဆိုင်ပါကြောင်း၊ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မှသာ လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နောင်တချိန်တွင် လုပ်ငန်းတာဝန်များကို မျိုးဆက်သစ်ဝန်ထမ်းများအား  လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည့်အတွက် မျိုးဆက်သစ် ဝန်ထမ်းများအနေဖြင့် လက်ရုံးရည်၊ နှလုံးရည်များ ပြည့်ဝစေချင်ပါကြောင်းနှင့် ဝန်ထမ်းများအားလုံး ဝန်ထမ်းကောင်းများဖြစ်ပါစေကြောင်း ပြောကြားခဲ့ပါသည်၊၊ ထို့နောက် သင်တန်းသား/သူများကိုယ်စား ဦးချမ်းသာ၊ အငယ်တန်းစာရေးမှ သင်တန်းတက်ရောက်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဗဟုသုတများနှင့် အတွေ့အကြုံများ  ရရှိခဲ့ပါကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက်(၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

DOCA (မန္တလေး)

 

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ