သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဖြူးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

         ဖြူးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိပါသည်။

         ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် အကြပ်အင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများဖော်ပြရန် ဥပဒေတွင်ပြဌာန်းထားပါသဖြင့် ကုန်စည်များဝယ်ယူရာ တွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုသင့်ပုံများနှင့် ကုန်အညွှန်းအမှတ်အသား တွင် ညွှန်းဆိုထားသည့်အတိုင်း စားသောက်/သုံးစွဲကြရန် လိုအပ်ပုံများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းမရှိသော ကုန်စည်များသည် လုံခြုံစိတ်ချရသောကုန်စည်များ မဖြစ်နိုင်သည့်အတွက် စားသောက်/သုံးစွဲရန် မသင့်သည့်အကြောင်းများကို ဟောပြောပါသည်။

         အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် ဖြူးမြို့နယ် ကျော်လှကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်ဦးစီး မှူးရုံးများနှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ (CICC)များတွင်လည်းကောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ website ဖြစ်သော www.doca.gov.mm သို့ဝင်ရောက်၍လည်းကောင်း တိုင်ကြားနိုင်ခြင်းများကို ဟောပြောပါသည်။

       အကြပ်အင်း အခြေခံပညာအထက်တန်းကျောင်းခွဲ ဟောပြောပွဲသို့ ကျောင်းသား/ကျောင်း သူ ၃၆၀ ဦးနှင့် ကျော်လှကြီး အခြေခံပညာအထက်တန်းကျောင်း ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၂၅၅ ဦး တက်ရောက်ကြောင်း၊ မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာဌာနများအလိုက် ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများကို ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

 

မကွေးမြို့၊ မကျီးကန်ကျေးရွာ၌ ထုတ်လုပ်သော Daily ဆရာကြီး(ဒိန်ချဉ်)လုပ်ငန်းအား  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေး

       မကွေးတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှ (လက်ထောက်ညွှန်ကြားရေးမှူး)သည် (၁.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် မကွေးမြို့၊ မကျီးကန်ကျေးရွာ၌ထုတ်လုပ်သော Dailyဆရာကြီး(ဒိန်ချဉ်)လုပ်ငန်းရှင် ဦးညွန့်ဝေအား ခရိုင်ဦးစီးမှူး ရုံးသို့ခေါ်ယူတွေ့ဆုံပြီး  စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            Daily ဆရာကြီး(ဒိန်ချဉ်)သည် (၀.၂၅)လီတာ၊ (၀.၆)လီတာနှင့်(၁)လီတာဘူးများဖြင့် ထုတ်လုပ်ပြီး Dailyဆရာကြီး စတော်ဘယ်ရီ(ဒိန်ချဉ်)ကို (၀.၂၅)လီတာဘူး တစ်မျိုးတည်းသာ ထုတ်လုပ်ကြောင်း၊ မကွေးမြို့ပေါ်နှင့် နီးစပ်ရာမြို့များဖြစ်သည့် တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်နှင့် စလင်း မြို့များသို့ ထုတ်လုပ်ဖြန့်ချိရောင်းချကြောင်း လေ့လာသိရှိရပါသည်။

            ခရိုင်ဦးစီးမှူး ၊ ဒေါ်တင်တင်လှ(လက်ထောက်ညွှန်ကြားရေးမှူး)မှ လုပ်ငန်းရှင် ဦးညွန့်ဝေအား စားသုံးသူကာကွယ်ရေး ဥပဒေ-၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေးရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မင်းတုန်းမြို့နယ် ကျောက်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်ချက်ဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေသည်(၈.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန် မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ သိသင့်သည့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများအား အသိပညာပေး ဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် ဒုခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)မှ ဌာန၏မျှော်မှန်းချက်နှင့် ရည်မှန်းချက်များ၊ မင်းတုန်းမြို့နယ်တာဝန်ခံ ဦးကျော်ရွှေမှ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားတွင်ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ရီရီထွေး ဒုဦးစီးမှူးမှစားသုံးသူများရရှိနိုင်မည့် စားသုံးသူအခွင့်အရေး(၈)ချက်၊ လိုက်နာရမည့် တာဝန်(၄)ချက်နှင့်  ကံမမြို့နယ် တာဝန်ခံဒေါ်နွဲ့ယဉ်ဝင်း ဒုဦးစီးမှူးမှ စားသုံးသူ နစ်နာဆုံးရှုံးမှုများ အတွက် တိုင်ကြားနိုင်သူများ၊ တိုင်ကြားပုံနည်းလမ်းနှင့် Internetနှင့် Mobile Application တွင် ဝင်ရောက်တိုင်ကြားပုံ၊ Consumer Call No.1535သို့ ခေါ်ယူတိုင်ကြားနိုင်မှုများအား အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးရုံးမှ ဦးမြင့်ရွှေ ဦးစီးအရာရှိမှလည်း လူငယ်နှင့် ကိုယ်ချင်းစာတရားခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့  ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၁၁၇)ဦး တက်ရောက်ခဲ့ပြီး ဌာနမှ စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၇.၁၂.၂၀၂၂)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စစ်ကုန်းကျေးရွာ၊ ဓမ္မာရုံ၌ စားသုံးသူပြည်သူ (၁၀၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့သည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသောစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်း၊ ရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်သူများမှလည်း သိလိုသည်များကို မေးမြန်းခဲ့သည်များအား ပြန်လည်ဖြေကြားခဲ့ပြီးနောက် စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

ပန်းတနော်မြို့ရှိ ဓါတ်မြေဩဇာ ရောင်းချသောဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ပန်းတနော်မြို့နယ်ရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့တို့နှင့်အတူ (၅.၁၂.၂၀၂၂၀) ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဓါတ်မြေဩဇာအရောင်းဆိုင် (၁၀)ဆိုင်သို့ ကွင်းဆင်း၍  ဓါတ် မြေဩဇာများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိ ဆင်တူရိုးမား အတုအပများ ရောင်းချခြင်း ရှိ/မရှိကို ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက  ဆိုင်ရှင်များအား ‌မိမိတို့ရောင်းချနေသော ဓါတ်မြေဩဇာများတွင် စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချရန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည်စုံပါက ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးနှင့် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ပူးပေါင်းမိတ်ဖက်အဖွဲ့ကလည်း လုပ်ငန်းရှင်များကို သက်ဆိုင်ရာဌာနတို့၏ ထောက်ခံ ချက်ပါဝင်သော၊ ခွင့်ပြုချက်ပါဝင်သော၊ ကုန်စည်များကိုသာရောင်းကြရန်နှင့် ဈေးကွက်အတွင်း ဌာနတို့၏ တားမြစ်ကုန်စည်များကို ရောင်းချနေခြင်းမျိုးတွေ့ရှိပါက သက်ဆိုင်ရာ ဌာနတို့၏ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းကို  ဆိုင်ရှင်များမှလည်း သိရှိလိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း လက်မှတ်ရေးထိုး မှတ်တမ်းရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

ညောင်တုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များမှ ရောင်းချနေသော မြေဩဇာအိတ်များအား ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးအောင်လွင်နှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၅.၁၂.၂၀၂၂၀) ရက်နေ့ နံနက် (၀၈:၃၀)နာရီအချိန်တွင် ညောင်တုန်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာ ရောင်းချသောဆိုင်(၁၁)ဆိုင်သို့ကွင်းဆင်း၍  ဓါတ်မြေဩဇာ များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းများ ရှိ/မရှိကို ပူးပေါင်းအဖွဲ့များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ညောင်တုန်းမြို့ပေါ်ရှိ ဓါတ်မြေဩဇာဆိုင်များအား ဌာနတို့၏ထောက်ခံချက်မပါသော၊ ခွင့်ပြုမရှိသော ကုန်စည်များကို ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမား အတုအပများကို ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးဥပဒေအရ  ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချရန်၊ ကုန်အညွှန်းအမှတ်အသား မပြည်စုံပါက ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး၊ မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း သက်ဆိုင်ရာဌာနတို့၏ ဥပဒေတို့ဖြင့်အရေးယူဆောင်ရွက်နိုင်ကြောင်းကို  ရှင်းလင်းဆွေးနွေးစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဟင်္သာတမြို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များအား (၈.၁၂.၂၀၂၂)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များသည် ဝယ်ယူစားသုံးသူမိဘပြည်သူများအား ဘေးအန္တရာယ်မဖြစ်စေရန်နှင့် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ် အသားများဖော်ပြခြင်းနှင့် ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ) တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်  မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်၏ ညွှန် ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင် အတွင်းရှိ ဓါတ်မြေဩဇာဆိုင်များသို့  ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၅.၁၂.၂၀၂၂၀) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မအူပင်မြို့အတွင်းရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာဆိုင်(၈)ဆိုင်သို့ သွားရောက်၍  ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/ မရှိနှင့် အမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိသော စိုက်ပျိုးရေးသုံးပစ္စည်းများကို ရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          ကွင်းဆင်းစစ်ဆေးမှုတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မအူပင်မြို့ရှိ ဓါတ်မြေဩဇာ ရောင်းချနေသော ဆိုင်ရှင်များအား မိမိတို့ရောင်းချနေသော မြေဩဇာများတွင် သက်ဆိုင်ရာဌာနတို့၏ ထောက်ခံချက်နှင့် ခွင်ပြုချက်များပါဝင်သော ကုန်စည်များကိုရောင်းချရန်၊ စားသုံးသူရေးရာဦးစီးဌာနကလည်း စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများသာ ဈေးကွက်အတွင်း ရောင်းချကြရန်၊  အရည်အသွေး မပြည့်မီသော၊ ဈေးနှုန်းသက်သာ၍ ထောက်ခံချက်များ မပါဝင်သော ကုန်စည်များမရောင်းချရန် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို စားသုံးသူ ကာကွယ်ရေး ဥပဒေပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက  ပုဒ်မ ၇၃ အရ အရေးယူခြင်းကို ခံယူမည်ဖြစ်ကြောင်းနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့ကလည်း သက်ဆိုင်ရာဌာနတို့၏ ဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်းကို  သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင်လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၅.၁၂.၂၀၂၂) ရက်နေ့ နံနက် (၁၁:၃၀) နာရီကလပွတ္တာမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်မျိုးစုံများသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၁) ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချနေသော ဆိုင်(၄)ဆိုင်မှပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲ   လျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ပါသည်။

DOCA(ဧရာဝတီ)

 

 

 

လက်လီ၊လက်ကားကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦး‌ကျော်မိုးလွင်သည် ၁၃.၁၂.၂၀၂၂ ရက်နေ့ နံနက် ၁၁:၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ အုတ်ကျင်းရပ်ကွက်ရှိ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချနေသော ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ မရှိ ဈေးကွက်စောင့်ကြည့်  စစ်ဆေးခဲ့ပါသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင်  နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီမြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ကြိုတင်သတိပေးချက်စသည့်အချက်များ ကုန်အညွှန်းအမှတ်အသားဖော်ပြထားရှိခြင်း ရှိ မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ