သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တောင်သူများအား ယူရီးယားဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

     ကလေးမြို့၊ မြို့တော်ခန်းမ၌ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်တိုးစေရန်အတွက် ကျေးရွာ ( )ရွာမှတောင်သူများအား ယူရီးယားဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခန်းအနားကို (..၂၀၂၅) ရက်နေ့တွင် နေ့လယ် ( ၁၄:၀၀ )တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါအခန်းအနားတွင် ပထမဦးစွာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာ စကားပြောကြားရာ ယခုကျင်းပပြုလုပ်တဲ့အခမ်းအနားကို တက်ရောက်ပေးကြပါသော တောင်သူ လယ်သမားများနှင့် ဌာနဆိုင်ရာမှဝန်ထမ်းများအား အထူးပင်ကျေးဇူးတင်ကြောင်း ပြောကြား၍ စစ်ကိုင်းတိုင်းဒေသကြီးမှ စိုက်ပျိုးရေးကို အဓိကအားထားရတဲ့ဒေသကြီးဖြစ်ကြောင်း၊ ကလေးခရိုင်မှ သီးနှံများစိုက်ပျိုးရာတွင် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံဖူလုံရုံသာမကပဲ ပိုလျှံသည့်ဒေသဖြစ်ပါ ကြောင်း၊ စိုက်ပျိုးရေးနှင့် သီးနှံအထွက်တွင်အားထားရသည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ တောင်သူများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်ရန်အတွက် ယူရီးယားဓါတ်မြေသြဇာကို ဈေးနှုန်းချိုသာစွာဖြင့် အကျိုးအမြတ်မယူပဲ တောင်သူလက်ဝယ်သို့ အရောက်ပို့ပေးပြီး စိုက်ပျိုးရာ တွင်လည်း တောင်သူများအနေဖြင့် ရာနှုန်းပြည့်ကွင်းလပ်မချန်ပဲ စိုက်ပျိုးသွားစေလိုပါကြောင်း ပြောကြားပြီး တိုင်းစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ ပန်းတိုင်စိုက်ပျိုး ထွက်ရှိမှု ရရှိရေးအတွက် သီးနှံများစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊  နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး၍ မိမိတို့မျှော်မှန်းသည့် သီးနှံများ အထွက်တိုးမည်ဖြစ်ပါကြောင်း ပြောကြားပြီး တိုင်းဌာနဆိုင်ရာများမှ ကျေးရွာ( )ရွာမှ တောင်သူများသို့ ယူရီးယားဓါတ်မြေသြဇာ များ ထောက်ပံ့ပေးအပ်ပြီး သီးနှံစိုက်ပျိုးသည့် တောင်သူများကိုယ်စား ကျောင်းတိုက်ကျေးရွာ တောင်သူတစ်ဦးမှ မိမိတို့အား ယူရီးယားဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းအတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်းပြောကြား၍  အခမ်းအနားကို ညနေ(၀၃:၀၀)နာရီတွင် ပြီးမြောက်ကြောင်း သတင်းရရှိပါ သည်။

DOCA(စစ်ကိုင်း)

 

မန္တလေးတိုင်းဒေသကြီးမှ ဩဂုတ်လတွင် လက်ဆောင်ခြင်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာကော်မတီဥက္ကဌ၏ လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ၆-၈-၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်မြေသာစံမြို့နယ်ရှိ ရွှေစင်မီနီမတ်၊ ချမ်းအေးသာစံမြို့နယ်ရှိ ရာဇာ ကုန်မျိုးစုံရောင်းဝယ်ရေး၊ချမ်းမြသာစည်မြို့နယ်ရှိ ဖူဂျီရော့ပင်းစင်တာနှင့် မဟာအောင်မြေမြို့နယ်ရှိ cIs2 Super Market တို့အားကွင်းဆင်း၍ လက်ဆောင်ခြင်းများအားဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့မှ လက်ဆောင်ခြင်းများအားဖွင့်ဖောက်၍ ကုန်ပစ္စည်း များတွင် ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ ပါဝင်ခြင်း ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်ပစ္စည်းများတွင် ထုတ်လုပ်ရက်စွဲနှင့် ကုန်ဆုံးရက်စွဲများ ပါဝင်မှုရှိခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာပါဝင်မှုရှိသည်တို့ကို စစ်ဆေးတွေ့ရှိ ရကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

ဦးစားပေးကုန်စည်သတ်မှတ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဒေသကြီးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုစနစ်တကျဖြစ်စေရန် နှင့်ထိရောက်မှုရှိစေရန်အတွက် စားသုံးသူများအား ဘေးအန္တရာယ်ဖြစ်နိုင်ခြေမြင့်မားသည့် အခြေအနေ များကိုထည့်သွင်းစဉ်းစားကာ ဦးစားပေးကုန်စည်(၁၀)မျိုးသတ်မှတ်၍ လအလိုက်ဈေးကွက်စောင့်ကြည့့်် စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအမံများအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီသို့ တင်ပြ၍ အတည်ပြုချက်ရယူပြီးဆောင်ရွက်လျက်ရှိပါသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ဦးစားပေးကုန်စည်အဖြစ် သတ်မှတ်ထားသော သောက်ရေသန့် အမျိုးမျိုးအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စုံဆိုင်၊စတိုးဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တင်သွင်းရောင်းချနေသည့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်နှင့်တားမြစ် ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ (၃-၁၂-၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ  ပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA (မန္တလေး)

မန္တလေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်း(၂၀၂၅-၂၀၂၈) ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခြင်း

    ၂၀၂၅ခုနှစ်ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးခန်းမ၌ (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်၊ တွဲဖက်စာရင်းစစ် ဦးကျော်ကိုစန်းနှင့် မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးနေလင်းဇင် တို့မှ အသင်းဖွဲ့စည်း ရခြင်း၏ရည်ရွယ်ချက်၊ အသင်းမှဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

            ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်း အတွက် အခမ်းအနားသို့ တက်ရောက်လာသော လုပ်ငန်းရှင်များမှ အသင်းဥက္ကဌ အပါအဝင် အလုပ် အမှုဆောင်(၂၀)ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ များနှင့် အသင်းဝင်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများနှင့် အသင်းဝင်းများ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့၍ အခမ်းအနားကို နေ့လယ်(၁၂:၀၀)နာရီတွင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ဝန်ထမ်းများအား ပဲဆီသန့်များလှူဒါန်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် (၆.၈.၂၀၂၅)ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးရှိ ငလျင်ဒဏ်သင့် ဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းမှ  ပဲဆီသန့်လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။  မန္တလေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်းရှင်များ အသင်း၏ လုပ်ငန်းစဉ်များအပေါ်တွင် မသမာမှု အလွဲသုံးစားပြုလုပ်မှုများ မပေါ်ပေါက်စေရေး နှင့် ဒေသတွင်းဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အသင်းအနေဖြင့်လည်း ဌာန၏ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှုများအပေါ် ကျေးဇူးတင်ရှိသည့်အနေဖြင့် ငလျင်ဒဏ်သင့် ဝန်ထမ်းများ အတွက် တစ်ဖက်တစ်လှမ်းမှ ကူညီထောက်ပံ့မှုဖြစ်စေရေး ယခုကဲ့သို့ လှူဒါန်းထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

     DOCA (မန္တလေး)

မိတ္ထီလာမြို့နယ်၊ညောင်ကိုင်း (အ.ထ.က)တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးခြင်း

        မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်စိမ်းစိမ်းထွေး(ဦးစီးမှူး) ဦးဆောင်း၍ ၂၀၂၅ခုနှစ် ဩဂုတ်လ (၄)ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် မိတ္ထီလာမြို့နယ် ညောင်ကိုင်း ၊  အ.ထ.က ကျောင်းတွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ  အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဦးစန်းအောင် (ဒု-ဦးစီးမှူး) မှ စားသုံးသူရေးရာ ဦးစီးဌာန အနေဖြင့်  အသိပညာ ပေးဟောပြောပွဲများ ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ၊ တိုင်ကြားမှုလက်ခံဖြေရှင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ‌ကျောင်းသား/ကျောင်းသူ များ အနေ ဖြင့် မိမိအခွင့်အ‌ရေးများ မဆုံရှုံး၊မနစ်နာစေရန်အ တွက်လာရောက် အသိပညာပေး ဟောပြော ရကြောင်း၊ မိမိတို့သိရှိပြီဆိုပါက ထပ်ဆင့်မိဘဆွေမျိုးများသို့ ထပ်ဆင့်အသိပညာပေး ရှင်းလင်းပေး စေလိုကြောင်း ပြောကြားပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေကို မြန်မာနိုင်ငံတွင် ၂၀၁၄ခုနှစ်၊ မတ်လ (၁၄)ရက်နေ့တွင် စတင်ပြဌာန်း ခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေး ဥပဒေသစ်ကို ၂၀၁၉ခုနှစ် ၊ မတ်လ (၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခု ပါဝင်သော ဥပဒေအသစ်ကို ပြင်ဆင်အတည်ပြု ပြဌာန်း ခဲ့ကြောင်း၊ ဥပဒပါ စားသုံးသူနှင့် လုပ်ငန်းရှင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ရှင်းလင်းပြောကြားပြီး မိမိတို့ရရှိသည့် အခွင့်အ‌ရေးများကို ဥပမာများဖြင့်လည်းကောင်း ၊ လိုက်နာရမည့် တာဝန်များ နှင့် ပတ်သက်၍လည်းကောင်း အကျယ် တဝင့်ဆွေးနွေးပြောကြားခဲ့ ပါသည်။ ထိုအပြင်အခန်း (၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသား ပြဌာန်းချက်နှင့် ပတ်သက်၍ မြန်မာ ဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုသင့်ကြောင်းနှင့် ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍ သိသင့်သိထိုက် သည့် ဗဟုသုတများကို ပြောကြားခဲ့ပြီး စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိပါက DOCA Applicationeနှင့် www.doca.gov.mmတွင် ဝင်ရောက်တိုင် ကြားနိုင်ကြောင်း ဆွေးနွေးခဲ့ပါသည်။  ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ကျောင်းသား/ကျောင်းသူ စုစု ပေါင်း(၅၇၄)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲ နံနက် (၁၁း၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

DOCA (မန္တလေး)

 

                                               

မိတ္ထီလာမြို့နယ် Talk Show ကျင်းပပြုလုပ်ခြင်း

     မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မိတ္ထီလာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဩဂုတ်လ ၇ ရက်နေ့ နံနက်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မူမူသန်း၊ ဦးစီးမှူးက Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

“မိတ္ထီလာမြို့နယ်အတွင်းရှိ Nay လူသုံးကုန်လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေးခြင်း”

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက် ၌ “Nay” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်း ထုတ်လုပ်ရောင်းချနေသော လုပ်ငန်းရှင်သည် ၎င်း၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်းအမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဌာန်း ချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များ ပြင်ဆင်ပြုပြင်နိုင်ရန် အတွက် စိစစ် ဆောင်ရွက် ပေးပါရန်၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          အဆိုပါတွေ့ဆုံမှုအရ “Nay” အမှတ်တံဆိပ်လူသုံးလုပ်ငန်းတွင် မီးသွေးဆပ်ပြာ ကုန်စည်များကို မိသားစုထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ထို့နောက် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ၊ ဒေါ်ချောစုထွေးမှ လူသုံး ကုန်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများအား ပြည့်စုံစွာဖော်ပြရန် အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ် အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာ (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့် အခြားဘာသာတွဲ လျှက်ရှိစေ ဖော်ပြ ရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက် ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့ပါသည်။

DOCA (မန္တလေး)

 

                                                                                     

မိတ္ထီလာမြို့နယ်တွင် နန်းမြင့်မိုရ် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

   စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊ ဒေါ်မြို့ရီ (ဦးစီးအရာရှိ)သည် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ၆ ရက်နေ့တွင် နံနက် (၁၁:၀၀) ချိန်တွင် ခရိုင်ဦးစီးမှူးရုံး၌ နန်းမြင့်မိုရ်ဆန်ဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

          အဆိုပါ ဆွေးနွေးပွဲတွင် My ro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ My ro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ My ro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်  လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို My ro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာ စာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှုဆိုင်ရာချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 

ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများ သည် ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေး အန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်း ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာ အစားအစာများ၊ အသုပ်များတွင် ခြင်၊ ယင် မနားစေရေန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ