ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ငါးဒိုင်ရှိ ငါးအမျိုးအစားများနှင့် ဈေးနှုန်းအခြေအနေ

   မုံရွာမြို့၊ သီရိရတနာဈေးရှိ ရွှေဘိုငါးဒိုင်တွင် ငါးအမျိုးအစားပေါင်းများစွာ ရောင်းချလျက်ရှိပါသည်။ နေ့စဉ်ရောင်းချလျက်ရှိသော ငါးအမျိုးအစားများမှာ ငါးတန်၊ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးမုတ်၊ ငါးကြင်းဖြူ၊ ငါးမြင်း၊ ငါးသလောက်၊ ငါးလူး၊ ငါးဖျဉ်းတောင့်၊ ပုဇွန်လတ်၊ ပုဇွန်ကြား၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ရေဘဝဲ တို့ဖြစ်ပါသည်။

    ယင်းတို့အနက် အချို့သော ငါးအမျိုးအစားများ၏ ဈေးနှုန်းအခြေအနေများမှာ ငါးတန် တစ် ပိဿာလျှင် ၆၅၀၀-၇၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၇၀၀၀-၇၅၀၀ ကျပ်၊ တီလားပီးယား တစ်ပိဿာလျှင် ၈၀၀၀-၉၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၅၅၀၀ ကျပ်၊ ငါးကြင်းဖြူ တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးမြင်း (၂၅) ကျပ်သား ၃၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ငါးလူးတစ်ပိသာ ၇၀၀၀ ကျပ်၊ ပုဇွန်လတ် (၂၅)သား ၅၀၀၀ - ၆၀၀၀ ကျပ်၊ ပုဇွန်ကြား (၂၅)သား ၇၀၀၀-၇၅၀၀ ကျပ်၊ ကင်းမွန် အကြီး တစ်ပိဿာ ၂၆၀၀၀ ကျပ်၊ အသေး ၂၄၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ရေဘဝဲ(အသေး) တစ်ပိဿာ ၂၈၀၀၀ ကျပ်၊ ငါးကြင်းခြစ် တစ်ပိဿာ ၁၅၀၀၀၊ ငါးဖယ်ခြစ် တစ်ပိဿာ ၁၈၀၀၀၊ ငါးရှဉ့် ၂၅ ကျပ်သား ၄၀၀၀ကျပ်၊ ငါးဖျဉ်းတောင့် ၂၅ ကျပ်သား ၂၅၀၀ ကျပ် အသီးသီးဖြစ်ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆေးဖက်ဝင် ဖလှံတောင်ဝှေး

    ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝက်ပုတ်၊ ပုတီးကုန်း၏ အနားပတ်ဝန်းကျင်တွင် ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံတို့ကို များစွာ စိုက်ပျိုးထုတ်လုပ်၍ စီးပွားဖြစ်တင်ပို့ရောင်းချလျက်ရှိပါသည် ။ ထိုဟင်းသီးဟင်းရွက်သီးနှံများထဲတွင် တကူးတကစိုက်ပျိုးစရာမလိုဘဲ မိုးဦးကျတွင်ပေါက်ရောက်သော ဟင်းသီးဟင်းရွက်များလည်းပါဝင်ပေသည် ။ ထိုအလေ့ကျပေါက်ရောက်သော ဟင်းသီးဟင်းရွက်များထဲမှ ဖလှံတောင်ဝှေး၏အသုံးဝင်ပုံကို ရေးသားတင်ပြအပ်ပါသည်။

    စားသုံးသူတို့အနေဖြင့် ဖလှံတောင်ဝှေးပင်ကို ဓာတုကင်းလွတ်သောဟင်းသီးဟင်းရွက်အဖြစ် စိတ်ချစွာစားသုံးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖလှံတောင်ဝှေးပင်သည် ဥမှအလေ့ကျပေါက်သော သြဂဲနစ်စစ်စစ်ဖြစ်ပါသည်။ ဖလှံတောင်ဝှေးပင်၏အဖျားပိုင်း (၁) ပေခန့်ကိုချိုးယူ၍ (၁၀) တောင့်စည်းတစ်စည်းလျှင် ပေါ်ကာစတွင် (၅၀၀) ကျပ်နှင့် လှိုင်သောအချိန်တွင် (၃၀၀) ကျပ်ခန့်ရရှိပါသည်။ ဖလှံတောင်ဝှေး၏ အပေါ်ယံအမျှင်ကိုသင်၍ လက်တစ်ဆစ်ခန့်လှီးဖြတ်ကာ ထက်ခြမ်းခြမ်း၍ ကြက်ဥနှင့်ကြော်စားလျှင် ဟင်းပွဲတစ်ပွဲအဖြစ်ရရှိပါသည်။ အပင်မှ အဖြူရောင်ပန်းများပွင့်ပြီး အပင်ရင့်သန်လာလျှင် ချိုးယူစားသောက်ခြင်းမပြုတော့ပါ။ သို့‌သော်ရင့်သော ပင်စည်ရိုးကို နားအူ၊ နားကိုက် ဝေဒနာများအတွက် မီးအုံး၍ အရည်ခပ်နွေးနွေးကို နားထဲညှစ်ထည့်ပေးလျှင် ပျောက်ကင်း၍ ဆေးဘက်ဝင်သည်ဟုကြားသိရပါသည်။ ဖလှံတောင်ဝှေးပင်သည် အမျှင်ဓာတ်ကြွယ်ဝ‌သောကြောင့် ဝမ်းချုပ်တတ်သူများ မကြာခဏစားသုံးပေးသင့်ကြောင်း၊ ဆီးရောဂါများနှင့် အခြားရောဂါများကိုလည်းသက်သာပျောက်ကင်း၍ အလွန် ဆေးဘက်ဝင်ကြောင်း ဆေးကျမ်းများအရသိရှိရပါသည် ။

    ယနေ့ခေတ် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် စားသုံးသူဦးစားပေး၍ ဓာတ်မြေသြဇာနှင့်ဓာတုပိုးသတ်ဆေးတို့ကို စနစ်တကျသုံးစွဲသော တောင်သူဆိုသည်မှာ အလွန်ရှားပါးလှသဖြင့် ကျန်းမာရေးလိုက်စားသောစားသုံးသူများအတွက် ဓာတုကင်းလွတ်သောဟင်းသီးဟင်းရွက်ကို ရွေးချယ်စားသုံးနိုင်စေရန် တစ်နှစ်တစ်ကြိမ်သာပေါ်သော ရာသီစာ ဖလှံတောင်ဝှေး၏ဆေးဖက်ဝင်အသုံးဝင်ပုံကို ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(ပဲခူး)

 

ကော့ကရိတ်မြို့ရှိ  သြဂုတ်လဒုတိယပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများ

         ဩဂုတ်လ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ်၌  အခြေခံစားကုန်များဖြစ်သော ရွှေဘို ပေါ်ဆန်းဆန် တစ်ပြည် ၅၅၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းဆန် တစ်ပြည် ၄၈၀၀ ကျပ်၊ သထုံပေါ်ဆန်းဆန် တစ်ပြည် ၃၆၀၀ ကျပ်၊ဧည့်မထဆန်(မနောသုခ)တစ်ပြည်   ၂၉၀၀ ကျပ်၊ ဧည့်မထဆန်(ဧရာမင်း) တစ်ပြည် ၃၃၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ(ကြီး)လက်လီဈေးမှာ တစ်ပိဿာ ၂၈၀၀ ကျပ်၊ ကြက်သွန်နီ(လတ်)တစ်ပိဿာ ၂၅၀၀ ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ဂျင်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာ ၁၆၀၀၀ ကျပ် မှ ၁၉၀၀၀ ကျပ်ထိ၊ အာလူး တစ်ပိဿာ ကျပ် ၂၈၀၀ မှ ၃၅၀၀ ထိ ၊ ကုလားပဲခြမ်း တစ်ပိဿာ ၇၀၀၀ ကျပ်၊ ပဲနီလေး တစ်ပိဿာ ၇၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၅၀၀ ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ၃၀၀ ကျပ်၊ (သေး) တစ်လုံးလျှင် ၂၅၀ ကျပ်၊ ဘဲဥ(ကြီး)တစ်လုံး ၃၅၀ ကျပ်၊ (သေး) တစ်လုံး ၃၀၀ ကျပ်ရှိသည်။ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သား(ဗမာ)တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ကြက်သား (ဥတုံး) တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဆိတ်သား တစ်ပိဿာ  ၃၀၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၀၀၀ ကျပ်၊ ချောင်း ငါးကြင်း တစ်ပိဿာ ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ၊ ငါးတန် တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

          စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင် ၇၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

DOCA(ကရင်)

 

 

မိုးဦးကျရာသီတွင် သံပုရာကိုင်းကူးပင်များ ဈေးကောင်းရနေ

     ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင် ၊ သဲကုန်းမြို့နယ်တွင် သံပုရာစိုက်တောင်သူများစွာရှိပါသည်။ ကျယ်ဝန်းသော ခြံများတွင် အပင်ယုယရမှုနည်းပါးသော သံပုရာကို လွယ်ကူစွာ စိုက်ပျိုးကြသလို အချို့သူများကလည်း ခြံလွတ်များဝယ်ယူကာ လွယ်ကူစွာ ရရှိသော သံပုရာကိုင်းကူးများကို ဝယ်ယူစိုက်ပျိုးခြင်း ဖြစ်ပါသည် ။ သဲကုန်းမြို့နယ်အတွင်း သံပုရာကိုင်းကူးရောင်းချသော လုပ်ငန်းမှာ ဈေးကွက်ကောင်း ၊ ဝင်ငွေကောင်းလျက်ရှိကြောင်း သိရှိရပါသည် ။

      သဲကုန်းမြို့နယ်၏ မြေအမျိုးအစားမှာ သဲဆန်သော အမျိုးအစားဖြစ်သဖြင့် သံပုရာပင်စိုက်ပျိုးရန်အတွက် အလွန်သင့်တော်သော မြေအမျိုးအစားဖြစ်ပါသည် ။ သံပုရာခြံများစွာရှိ၍ လက်ကား ကုန်စိမ်းကုန်သည်များ ခြံထဲအထိ ကိုယ်တိုင်ခူးဆွတ်၍ လိုက်လံဝယ်ယူကြပါသည်။ သောင်းပြောင်းရော ရာသံပုရာသီးတစ်လုံးကို နွေရာသီတွင် (၄၀) ကျပ်မှ (၇၀) ကျပ်ထိ ဈေးကောင်းရရှိပြီး မိုးရာသီတွင် (၁၅) ကျပ်မှ (၂၀) ကျပ်သာ ရရှိပါသည်။ထို့ကြောင့် မိုးရာသီတွင် အပင်ကိုင်းကူးပင်တစ်ပင်ရရှိရန် အနည်းဆုံး(၄၅) ရက်ခန့် အချိန် ကြာမြင့်ကြောင်း ၊ သံပုရာပင် ကိုင်းကူးတစ်ပင်လျှင် အနည်းဆုံး (၂၀၀၀) ကျပ် ၊ ကိုင်းသန်အမြစ်သန်လျှင် (၂၅၀၀) ကျပ်မှ (၃၀၀၀) ကျပ်ထိ ဈေးကောင်းရရှိကြောင်း သိရှိရပါသည် ။

DOCA(ပဲခူး)

 

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ(မိုး) မြေပဲများ စတင်စိုက်ပျိုး

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်ရှိပြီး နှစ်စဉ်ဆီထွက်သီးနှံမြေပဲကို မိုးနှင့် ဆောင်း(၂)ရာသီစိုက်ပျိုးလေ့ရှိပါသည်။ (မိုး)မြေပဲများကို ဒေသတွင်းအနှံ့အပြား ကုန်းမြေယာများတွင် ဇူလိုင်လဆန်းမှ စတင်၍စိုက်ပျိုးပြီး အောက်တိုဘာလတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ဧက(၃၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ သီးညှပ်သီးနှံအဖြစ် ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူသီးနှံတို့ကို စိုက်ပျိုးကြောင်း ဒေသခံတောင်သူများတဆင့် သိရှိရပါသည်။

    မြေပဲစိုက်ပျိုးရာတွင် မြေပဲမျိုးစေ့ တစ်ပြည်လျှင် ကျပ်(၇၀၀၀)၊ တစ်တင်းလျှင်ကျပ် (၁၁၂၀၀၀)ဈေးဖြင့်ဝယ်ယူရပြီး တစ်ဧကလျှင် မျိူးစေ့(၂)တင်းခန့် စိုက်ပျိုးရကြောင်း၊ အလုပ်သမားငှားပြီး လက်ဖြင့် အဆံတစ်စေ့ခြင်း စိုက်ပျိုးကြောင်း၊ အလုပ်သမား(၁၅)ဦး ငှားရမ်းရပြီး တစ်ဦးလျှင် ကျပ်(၂၅၀၀)၊ နွားတစ်ရှဉ်းလျှင် ကျပ်(၁၅၀၀၀)နှုန်းဖြင့် ငှားရမ်းစိုက်ပျိုးရကြောင်း၊ နွားရှဉ်းဖြင့် ထယ်ချောင်းဆွဲပြီး မျိုးစေ့ဖြူးချစိုက်ပျိုးလျှင် (၃)တင်းခန့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ စိုက်တောင်သူအများစုမှာ မျိုးစေ့ကုန်ကျမှုနည်းပြီး အပင်ပေါက်စုံလင်စေရန်အတွက် အလုပ်သမားငှားရမ်း စိုက်ပျိုးမှုများကြောင်း၊ မကွေး(၁၁) နှင့် နှစ်ဆစ်တောင့် (အသေး) (၃)လပဲမျိုးကို အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။

   ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်မြေပဲမျိုးစေ့တစ်ပြည်လျှင် ကျပ်(၄၀၀၀)ဖြင့်ဝယ်ယူ စိုက်ပျိုးရပြီး ကုန်ကျစရိတ်မှာ ကျပ်(၅၀၀၀၀၀)ခန့်ကုန်ကျပြီး မြေပဲအထွက်တင်း(၂၀ မှ ၃၀)ထွက်ရှိကြောင်း၊ သီးနှံပေါ်ချိန်ဒေသတွင်း ဈေးကွက်တွင် မြေပဲတောင့်(အခြောက်) တစ်တင်းလျှင် ကျပ် (၂၅၀၀၀)၊ အဆံတစ်ပြည်လျှင် ကျပ်(၆၀၀၀) ဈေးဖြင့်ရောင်းချရခြင်း၊ တစ်ဧကလျှင် ကျပ်(၃)သိန်းခန့် ရရှိ ကြောင်း၊ စိုက်ပျိုးမြေ၊ သွင်းအားစုသုံးစွဲမှု၊ ရာသီဥတုမတူညီ၍ စိုက်တောင်သူတစ်ဦးချင်းမှာ အကျိုး အမြတ်ရရှိပုံ မတူညီကြောင်း သိရှိရသည်။

     ယခုလက်ရှိ‌ ဒေသတွင်းဈေးကွက်တွင် မြေပဲဆီဈေးနှုန်းမှာ ဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ စက်ဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရ ပါသည်။ ယခုနှစ်တွင် မြေထောက်ပဲများကို ပြည်တွင်းစားသုံးမှုမြင့်တက်လာခြင်းနှင့် ပြည်တွင်း ပြည်ပဝယ်လိုအားများသောကြောင့် ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိပြီး ပြည်တွင်းမှထွက်ရှိသော မြေပဲဆံများကို ပြည်ပဖြစ်သော တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများမှ အဓိကဝယ်ယူလျက်ရှိ၍ မြေပဲဈေးကွက် ခိုင်မာလျက်ရှိပါသည်။

    မြေပဲဆီသည် ကျန်းမာရေးနှင့် ညီညွှတ်သည့် ဆီထွက်သီးနှံတစ်မျိုးဖြစ်၍ စိုက်တောင်သူများအနေဖြင့် မိသားစုစားသုံးဆီဖူလုံမှုရရှိသည့်အပြင် ဈေးကွက်ခိုင်မာမှုရှိ၍ အကျိုးအမြတ်ရရှိခြင်းကြောင့် ဆီထွက်သီးနှံ(မိုး)မြေပဲများ ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများမှာလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

    အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၇-၇-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂-၈-၂၀၂၃)ရက်နေ့တွင်လည်း ကျပ်(၂၆၀၀၀၀မှ ၂၈၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ (၅၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

    ပဲမျိုးစုံဈေးကွက်တွင် ကုလားပဲ(H-L)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)၊ ကုလားပဲ(မြကြေး) ယခင်အပတ်တွင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)၊ ပဲကြီးမှာ ယခင်အပတ်တွင် ကျပ်(၉၅၀၀၀-၉၈၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၉၅၀၀၀-၉၈၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ်(၆၀၀၀၀မှ ၆၀၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၆၁၀၀၀)ဖြစ်၍ ကျပ် (၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ပဲစဉ်းငုံ(နီ) ယခင်အပတ်တွင် ကျပ်(၉၆၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၁၀၀၀၀၀)ဖြစ်၍ ကျပ်(၄၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၃၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၄၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀)စသည်ဖြင့် အသီးသီးဈေးမြင့်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၄၅၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L) (၆၀၀) အိတ်၊ ကုလားပဲ(မြကြေး) (၅၀၀)အိတ်၊ ပဲကြီး(၇၇၀)အိတ်၊ ပဲတီစိမ်း (၂၈၀၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။

    မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၉၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၀၀၀)ဖြစ်၍ ကျပ်(၁၀၀)ဈေးမြင့်ခဲ့ပြီး (၃၀)ပိဿာဝင်အိတ်များဖြင့် (၂၃၀)အိတ် အရောင်း အဝယ်ရှိခဲ့ပါကြောင်း၊ ပဲတီစိမ်းသီးနှံမှာ အသစ်ထွက်ရှိလျက်ရှိကြောင်းနှင့် အခြားပဲသီးနှံများမှာ သိုလှောင်လက်ကျန်ဖြစ်ပြီး နှမ်း၊ ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့တင်ပို့ ရောင်းချရပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)

 

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်)

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၂၇/၂၀၂၃ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

   တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၈.၈.၂၀၂၃ )

     ၈.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း