ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

      မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၇၀)ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၂၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၁၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

        ယခု ဇူလိုင်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၆၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၃၇၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၉၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၇၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ် နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၉၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၆၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၆၀)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

 

ရွှေဘိုမြို့တွင် စားသုံးဆီဈေးများ အနည်းငယ်မြင့်တက်

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ရွှေဘိုမြို့တွင် စားသုံးဆီဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

     ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၂)ဆိုင်ရှိပြီး ၂၀၂၃ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၂၅၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုဇူလိုင်လ နောက်ဆုံးပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၈၉၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၅၀၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသဖြင့် ယခင်ပတ်နှင့် ယခုပတ် စားသုံးဆီ တစ်ပိဿာဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက စားအုန်းဆီ တစ်ပိဿာလျင် (၁၆၅၀)ကျပ်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  စားသုံးဆီလက်ကားဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ သပြေပန်းစိုက်ပျိုးရောင်းချမှု

   သပြေပန်းသည် မြန်မာလူမျိုးတို့ ဘုရားပန်း၊ နတ်ပန်းများနှင့် အလှူမင်္ဂလာဆောင်အခမ်းအနားများတွင် မပါမဖြစ်အသုံးပြုကြသောပန်းဖြစ်ပါသည်။ သပြေပန်းပင်များကို ကန့်ဘလူမြို့နယ်၊ ဒေသအနှံ့အပြားတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြသည်။ ယခုအခါ “သပြေပန်းများ” ကို ကန့်ဘလူမြို့၊ ဒေါ်မမကြီးခြံတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြောင်းသိရှိရသဖြင့် သွားရောက်လေ့လာခဲ့ပါသည်။ ခြံပိုင်ရှင်၏ပြောပြချက်အရ သပြေပန်းနှစ်ပျိုးစိုက်ပျိုးထားရှိပါကြောင်း၊ သပြေပင်စုစုပေါင်း (၁၄၇၀) ပင်စိုက်ပျိုးထားပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေမှာ အပင် (၆၇၀) စိုက်ပျိုးထားပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေပင်၏အညွန့်မှာ ထွက်ခါစတွင် အနီရောင်သန်းပြီး နောက်ပိုင်းတွင် တဖြည်းဖြည်း ရွေဝါရောင်ဖြစ်လာကြောင်းသိရသည်။ ရွှေသပြေ (ခေါ်) အောင်သပြေသည် လူကြိုက်အများဆုံးပန်းဖြစ်ပြီး မိမိတို့လုပ်ငန်းများအဆင်ပြေအောင်မြင်လာသောအခါ အောင်ပွဲအထိမ်းအမှတ်အခမ်းအနားများကျင်းပပြုလုပ်ရာတွင် အောင်ပန်းအဖြစ်အသုံးပြုရန် လာရောက်ဝယ်ယူကြကြောင်းသိရသည်။ အာဆီယံသပြေမှာ အပင် (၈၀၀) စိုက်ပျိုးထားရှိပါကြောင်း၊ အာဆီယံသပြေ၏အညွန့်လေးများသည် ရဲရဲတောက်အောင်လှပပါကြောင်း၊ ရွှေသပြေ (ခေါ်) အောင်သပြေကို စတင်စိုက်ပျိုးပြီး (၆) လအကြာတွင် စတင်ဆွတ်ခူးရကြောင်း၊ အာဆီယံသပြေကို (၁) နှစ်သားမှစတင်ဆွတ်ခူးကြောင်းနှင့် ယခုအခါ စိုက်ပျိုးထားသည်မှာ (၅) နှစ်သားခန့်ရှိပြီဖြစ်ပြီး သပြေပင်မှ သပြေပန်းခက်များကို နေ့စဉ်ဆွတ်ခူးရကြောင်း ခြံပိုင်ရှင်ထံမှသိရှိရပါသည်။

  ခြံမှထွက်ရှိသောသပြေပန်းများကို ဖောက်သည်များအားပေးသည့်အပြင် မြို့မစည်ပင်ဈေးတွင်လည်း ကိုယ်တိုင်ရောင်းချလျက်ရှိရာ ဖောက်သည်ဈေးနှုန်းမှာ (၁၀) စည်းလျှင် ၁၀၀၀ကျပ်၊ လက်လီဈေးနှုန်းမှာ (၃) ခက်ပါ (၁) စည်းလျှင် ၂၀၀ကျပ်ဖြင့်ရောင်းချရပြီး နေ့စဉ်ဝင်ငွေ ၁၅၀၀၀ကျပ်ခန့်ရရှိသဖြင့် မိသားစုဝင်ငွေရရှိကာ စီးပွားဖြစ်လည်းစိုက်ပျိုးရန်သင့်တော်သော ပန်းတစ်မျိုးဖြစ်ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်အတွင်း Sprite အချိုရည်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း(၂)ဦး၊ စစ်ကိုင်းမြို့နယ်တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဇူလိုင်လ(၁၈)ရက်နေ့ နံနက် (၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ၊ လက္ကားဖြန့်ဖြူးရောင်းချနေသော မြကျွန်းသာ၊ ငွေမိုးလျှံ ကုန်မျိုးစုံအရောင်းဆိုင်(၂)ဆိုင်သို့ ကွင်းဆင်း၍ Coca-Cola Pinya Beverages Myanmar(CCPBM) ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အမှတ်တံဆိပ်နှင့် အချိုရည်နှင့်ပုံစံတူ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် Sprite အချိုရည်များ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     အဆိုပါ အရောင်းဆိုင် (၂)ဆိုင်၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့် Sprite အချိုရည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ထို့နောက် စစ်ကိုင်းခရိုင်၊ စားသုံးသူ‌ရေးရာဦးစီးဌာနအနေဖြင့် စစ်ဆေးခဲ့သော ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈) ပုဒ်မ(၄၁)၊ ပုဒ်မခွဲ (ခ)နှင့်(ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား‌ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စက်သုံးဆီဈေးနှုန်းများ အနည်းငယ် မြင့်တက်

 မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

   ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၁၉)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၅၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၃၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၁၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ယခု ဇူလိုင်လ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၂၇၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၃၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၂၇၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၃၅၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၁၄၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၁၃၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၄၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၃၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

စျေးကွက်အတွင်း ချင်းနှင့်နနွမ်းတက်စျေးနှုန်းများကျဆင်းလျက်ရှိ

          စားဖိုဆောင်သီးနှံများဖြစ်သည့် ချင်းနှင့်နနွင်းသည် လူတို့နေ့စဉ်စားသုံးနေသော အစားအစာများ၊ ဟင်းလျာများတွင် မရှိမဖြစ်အသုံးပြုသည့် တိုင်းရင်းဆေးဝါးများ ဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ဟင်းခတ်အမွေးအကြိုင်များဖြစ်ပါသည်။

     မိတ္ထီလာခရိုင်တွင် ဂျင်းနှင့်နနွမ်းကို သာစည်မြို့နယ်ရှိ ဆင်တောင်၊ လယ်ပြင်၊မြင်းတိုက်ကျေးရွာများတွင် စိုက်ပျိုးကြပါသည်၊၊ ယခု ဇူလိုင်လ စတုတ္ထပတ်တွင် စျေးကွက်အတွင်းဖြစ်ပေါ်နေသော ဂျင်းနှင့်နနွမ်းတက်စျေးနှုန်းမှာ ဂျင်းတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ နနွမ်းတက်တစ်ပိဿာလျှင် (၅၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ စတုတ္ထပတ်အတွင်း ဂျင်းတစ်ပိဿာ လျှင် (၈၀၀၀) ကျပ်၊ နနွမ်းတက်တစ်ပိဿာလျှင် (၅၅၀၀) ကျပ် စျေးရှိခဲ့သဖြင့် ယခင်လနှင့်ယခုလနှိုင်းယှဉ်လျှင် ချင်းစျေးနှင့်နနွမ်းစျေးနှုန်းများ ကျဆင်းလာကြောင်း စျေးကွက်မှ သိရှိရပါသည်။

DOCA(မန္တလေး)

“ မိတ္ထီလာ ကုန်စည်ဒိုင်၌ဖြစ်ပေါ်နေသော ဆီထွက်သီးနှံစျေးနှုန်းများ”

          ၂၀၂၃ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော ဆီထွက်သီးနှံစျေးနှုန်းများမှာ နှမ်းညိုတစ်တင်းလျှင် (၈၅၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်း လျှင် (၁၀၀၀၀၀) ကျပ်၊ နေကြာစေ့တစ်ပိဿာလျှင် (၄၂၀၀) ကျပ်စျေးရှိပြီး၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၇၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာလျှင် (၃၁၀၀) ကျပ်၊ နေကြာဖတ် တစ် ပိဿာလျှင် (၁၉၀၀-၁၉၅၀) ကျပ်၊ စျေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ စတုတ္ထပတ် တွင် နှမ်းညိုတစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၃၈၀၀) ကျပ်စျေးရှိပြီး၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခုလနှင့် ယခင်လကာလတူနှိုင်းယှဉ်ပါက နှမ်းဆီစျေးနှုန်းနှင့် နှမ်းစျေးနှုန်းများ ကျဆင်းလာပြီး၊ နေကြာစေ့ စျေးနှုန်းမှာ အနည်းငယ်မြှင့်တက်လာကြောင်း၊ မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဖက်၊ ပဲဖက်၊ နေကြာဖက်စျေးနှုန်းများ တည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

“ ပဲတီစိမ်း(မိုး)အသစ်များ အရောင်းအဝယ်ဖြစ်လျက်ရှိ”

          မိတ္ထီလာခရိုင်တွင် လယ်ယာထွက်ကုန်သီးနှံများမှ စျေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်သည့် ပဲတီစိမ်း ကို မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း (၄) မြို့နယ်လုံး စိုက်ပျိုးကြပါသည်။ ပဲတီစိမ်း(မိုး)ကို မေလနှင့် ဇွန်လဆန်းပိုင်းများတွင် စိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းသဖြင့် အပင်ဖြစ်ထွန်းမှုအားနည်း၍ ပဲတီစိမ်းအထွက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် အထွက်နှုန်းနည်းကြောင်း၊ ယခုဇူလိုင်လ စတုတ္ထပတ်မှစ၍ ပဲတီစိမ်း(မိုး) အသစ်များ စျေးကွက်စတင်ဝင်ရောက်လာပြီး မိတ္ထီလာမြို့ပေါ်ရှိ ပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

     ပဲတီစိမ်းကို ဒေသတွင်း ပဲပင်ပေါက်လုပ်ငန်းများအပြင် မန္တလေးဝယ်လက်များမှ အဓိကဝယ်ယူလျက်ရှိကြောင်း၊ ယခင်လက်ရှိစျေးကွက်အတွင်း ပဲတီစိမ်း အသစ် တစ်တင်းလျှင် (၅၇၀၀၀) ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်ပဲတီစိမ်းပေါ်စ တွင် တစ်တင်းလျှင် (၄၈၀၀၀) ကျပ်စျေးသာရှိခဲ့ပြီး၊ ယခင်နှစ်နှင့်ယခုနှစ်နှိုင်းယှဉ်လျှင် ပဲတီစိမ်း တစ်တင်းလျှင် (၉၀၀၀) ကျပ်စျေးမြှင့်တက်လာကြောင်း သိရှိရပါသည်။

DOCA(မန္တ‌လေး)

မိတ္ထီလာမြို့နယ်ရှိ ကုန်စိမ်းလက်ကားစျေးနှုန်းအခြေအနေ

                    မိတ္ထီလာမြို့နယ်ရှိ ဘဲကန်စျေး(သို့) နံနက် (၈) နာရီစျေးတွင် ထမုန်ကန်၊ ဆယ်ကုန်း၊ ညောင်မြင့်၊ မန္တလေးနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိကြောင်း၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၄၀၀-၇၀၀) ကျပ်၊ ပန်းပွင် တစ်ပွင့်လျှင် (၃၀၀-၈၀၀) ကျပ်၊ မုန့်ညှင်းဖြူထုပ် တစ်ပိဿာလျှင်(၁၂၀၀-၁၅၀၀) ကျပ်၊ ရွှေပဲသီး တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်၊ ဘိုစားပဲသီး တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ်၊ ခါကြက်ဥ တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်၊ ငရုတ်သီးစိမ်း (မိုးထောင်) တစ်ပိဿာလျှင် (၂၂၀၀-၂၃၀၀) ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် (၂၀၀၀-၂၅၀၀) ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၇၀၀-၈၀၀) ကျပ်အတွင်း၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင် (၁၁၀၀-၁၂၀၀) ကျပ်အတွင်း၊ မုံလာဥဖြူ တစ်ပိဿာလျှင် (၁၆၀၀-၁၈၀၀) ကျပ်၊ ပဲတောင့်ရှည် တစ်ပိဿာလျှင် (၁၅၀၀-၁၇၀၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ ဘဲကန်စျေးအတွင်းသို့ တစ်ရက်လျှင် ပန်းပွင့် ပေါင်း (၄၅၀) ကျော်၊ မုန့်ညှင်းဖြူ ပိဿာ (၅၀၀) ကျော်၊ ရွှေပဲသီး ပိဿာ (၅၀) ခန့်၊ ဘိုစားပဲသီး ပိဿာ (၄၀၀) ကျော်၊ ခါကြက်ဥပိဿာ (၆၀၀) ကျော်၊ ခရမ်းသီးပိဿာ(၆၀၀) ခန့်၊ ပဲတောင့်ရှည်ပိဿာ (၇၀) ကျော်၊ ခဝဲသီးပိဿာ (၄၀၀) ကျော်ခန့်၊ သံပရာသီး (၁၀) လုံးလျှင် (၃၀၀-၅၀၀) ကျပ်အထိ၊ သံပရာသီး ကုန်ချိန်အလုံး‌ပေါင်း လေးသောင်းကျော်ခန့် ဝင်ကြောင်းသိရပါသည်။

           မိတ္ထီလာမြို့မှ မလှိုင်စျေးပတ်ကား၊ တောင်သာ စျေးပတ်ကား၊ ပျော်ဘွယ်စျေးပတ်ကားနှင့် မိတ္ထီလာမြို့ပေါ်နှင့် မိတ္ထီလာအတွင်းရွာများမှလည်းစျေးကားများဖြင့် လာရောက်ဝယ်ယူ၍ ပြန်လည် ရောင်းချကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

   တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း