ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့၊ ချင်းတွင်းရတနာဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းဈေးကွက်

          မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌  ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပြီး ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအ‌ပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။

      ၂၀၂၃ခုနှစ် ဇူလိုင်လ တတိယအပတ်တွင် ရောင်းချနေသော ဈေးနှုန်းများမှာ ပုဇွန်ခြောက် (၁)ပိဿာလျှင် ကျပ်(၆၅၀၀၀)မှ ကျပ်(၈၅၀၀၀)၊ ငါးရံ့ခြောက် (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀မှ ၈၀၀၀၀)၊ ငါးပုတ်လုံးခြောက်(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀မှ ၁၈၅၀၀)၊  ငါးပုတ်သင်(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၆၀၀၀) ၊ အာပြဲခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀မှ ၂၂၀၀၀)၊ ငါးကျည်း ခြောက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀၀မှ ၄၅၀၀၀)၊ ငါးနီတူးခြောက် (၁)ပိဿာ လျှင် ကျပ်(၁၂၀၀၀ မှ ၁၄၀၀၀)၊ ငါးဖန့်ဝိုင်း(ငါးပိကောင်) (၁)ပိဿာလျှင် ကျပ်(၁၅၀၀၀မှ ၁၇၅၀၀) ရှိကြောင်း ချင်းတွင်းရတနာဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

                            

ကန့်ဘလူမြို့နယ်အတွင်း ဇူလိုင်လ လဆန်းပိုင်းတွင် ပွဲရုံများသို့ ဝင်ရောက်နေသော သီးနှံများ

ရက်စွဲ၊ ၂၀.၇.၂၀၂၃

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ဟူသော မျော်မှန်းချက်နှင့်အညီ အသင်းအဖွဲ့များ အစုအဖွဲ့များ ဖွဲ့စည်းပေးပြီး ပိုမိုအားကောင်းလာစေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပွဲရုံများ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုများကိုလည်း  တင်း၊ တန် စာရင်းတို့ကိုလည်း အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

       ကန့်ဘလူပွဲရုံများအနေဖြင့် ၂၀၂၃ခုနှစ် ဇွန်လနှင့်ဇူလိုင်လ လဆန်းပိုင်းတို့တွင် အရောင်းအဝယ်ဖြစ်နေသော သီးနှံအမျိုးအစားနှင့် ဈေးနှုန်းများ အရောင်းအဝယ်ဖြစ်မှု အခြေအနေများမှာ ပဲတီစိမ်း မှာ (၄၆၇)တင်း/(၄၂.၉၂)တန် ဖြစ်ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် (၅၅၀၀၀)ဈေးရှိပါသည်။ မတ်ပဲ မှာ (၁၀၀)တင်း/(၉.၁၉)တန် ဖြစ်ပြီး ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၇၃၀၀၀)ဈေးရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။     ပဲစဉ်းငုံ မှာ (၃၃)တင်း/(၃.၃၀)တန် အရောင်းအဝယ်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင်(၉၅၀၀၀)ဈေးရှိခဲ့ပါသည်။ ပဲစဉ်းငုံအနေဖြင့် တောင်သူမျိုးကျန်များ ရောင်းချချိန်ဖြစ်သည့်အတွက် အဝင်နည်းသော အချိန်ဖြစ်ကာ အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံများကို မန်းလေးမြို့ ဇောတိကပွဲရုံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့ပေါ်ရှိ  ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဧရာအနောက်မြို့တော်မှ မြန်မာညှပ်ဖိနပ်များအကြောင်း တစေ့တစောင်း

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် (၁၂)၊ အမှတ် (၁၃) နှင့် အမှတ် (၁၄) ရပ်ကွက်တို့တွင် မြန်မာ့သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင် လုပ်ကိုင်လာခဲ့ကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာ ခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီညွတ်ခြင်း၊ စီးရာတွင်လည်း သက်တောင့်သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။  ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည်ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦးရေ (၁၀) ဦးမှ (၂၅) ဦးအထိတို့ ဖြင့် လုပ်ကိုင်လျက်ရှိကြပါသည်။

  မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့်ပြုလုပ်ရပါသည်။ နွား၏သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် ပခုက္ကူခရိုင်၊  ကန်တော်ဒေသတို့မှ ဝယ်ယူရကြောင်း၊ ထိုဝယ်ပြီးသောသားရေများကို ရေဖြင့်စိမ်ရကြောင်း၊ စိမ်ပြီးသောသားရေများကို လိုရာဖိနပ်ပုံစံများချပြီး ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ လှီးဖြတ်ပြီးသော သားရေမျက်နှာပြင်အချောများကိုရွေးပြီး  ကော်ပတ်တိုက်ရကြောင်း၊ ကော်ပတ်တိုက်ပြီး အနက်ဆီသုတ်၍ ချောသည်အထိစက်ကြိတ်ရကြောင်း၊ စက်ကြိတ်ပြီးရလာသောသားရေများကိုနေလှမ်းရကြောင်း၊ ရလာသောသားရေများကို ဆေးကြမ်းမှုတ်ပြီး ဆေးကြမ်းခြောက်လျှင် ကော်ပတ်စားပြီး မိမိလိုအပ်သောဆေးရောင်မှုတ်ရပြီး  ကျားစီး၊ မစီးများကို ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ ရလာသောဖိနပ်ပြားများကို ဖိနပ်သဲကြိုးတပ်ရန် ခေါင်နှင့်ခါးဖြတ်ကို စောက်ပြားဖြင့်ရှပ်ထုတ်ရပါကြောင်း၊ ထိုမှတစ်ဆင့် ဖိနပ်ပြား၏ဘေးပတ်များကို စက်ကြိုးချုပ်ရန်အတွက်  နှုတ်ခမ်းသားမျာကိုစက်ဖြင့်ကြိတ်ပြီး စောက်ကြောင်းထိုးကာ ဘေးပတ်လည်ကိုစက်ကြောင်းပေါက်၍  သားရေပြားအောက်ခြေမှ ရာဘာပတ်ကြိုးဖြင့်ပတ်ရကြောင်း၊ ရာဘာပတ်ကြိုးအလယ်မှ ဝမ်းစာထည့်ပြီး သားရေနှင့်တွဲ၍ စက်ဖြင့်ချုပ်ရကြောင်း၊  စက်ဖြင့်ချုပ်ပြီး ရလာသောသားရေများကို ခေါင်စိုက်သဲကြိုးကွင်းပြု၍ ခေါင်ကိုသံရိုက်ရကြောင်း၊ ဖနောင့်နေရာတွင် ဖနောင့်မနာရန်အတွက် ချက်စာထည့်ပြီး ကားတာယာဖြင့်ကော်သုတ်၍ အောက်ခြေမှပိတ်ပြီး နှုတ်ခမ်းနားကို ဓားဖြင့်လှီးဖြတ်၍ လက်နှင့်အချောဆွဲခြင်းဖြင့် ဖိနပ်တစ်ရံရရှိပါကြောင်း၊ ရရှိ လာသောဖိနပ်များအား ကစ်တိုက်အချောသတ်ရကြောင်း၊ တစ်နေ့လျှင် ဖိနပ်လုပ်သားခမှာ တစ်ရံလျှင် ကျပ် (၃၀၀) ပေးရပြီး လုပ်သားတစ်ဦးလျှင် အရံ (၂၅) ရံပြီးကြောင်း၊ ရရှိလာသောသားရေဖိနပ်များကို မြန်မာပြည်အနှံ့အပြားသို့တင်ပို့နေကြောင်း၊ မြန်မာ့သားရေညှပ်ဖိနပ်လုပ်ငန်းဦးရေများပြားလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာအထောက် အကူဖြစ်လာပါကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၅.၇.၂၀၂၃ )

   ၂၅.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

မုံရွာမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက် ရှိပါသည်။

   မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀၇၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၁၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၁၁၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၁၉၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

      ယခု ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၁၇၀)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၂၂၈၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာ လျှင် (၂၁၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၂၁၀)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅)ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၁၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၁၅)ကျပ်ဖြင့် ဈေးနှုန်းအသီးသီး မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဒေသထွက်ကုန်များဖွံ့ဖြိုးဖို့ ကွင်းဆင်းလေ့လာဆွေးနွေးစို့

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၁၃-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်ရေးလုပ်ငန်းဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)  လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပွင့်ဖြူမြို့နယ်၊ တောင်အင်းကျေးရွာ၌ တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသော “ဒို့ကျေးရွာ” ပဲကြော်လုပ်ငန်းရှင်  ဦးချစ်မင်းဖြူနှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအပေါ်  လိုအပ်သည့်ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးနိုင်ရန် ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

   ထိုသို့လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးရာတွင် ပွင့်ဖြူမြို့နယ်တာဝန်ခံက လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုသိရှိစေရန်ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း မိမိတို့ထုတ်လုပ်သောကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိ/မရှိစိစစ်ပေးနိုင်ရန် နမူနာပုံစံများနှင့်တကွ တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ပြန်ကြားပေးလျက်ရှိကြောင်း ဆွေးနွေးခဲ့ပါသည်။

    လုပ်ငန်းရှင်က ကုန်ကြမ်းအဖြစ် ပဲကြီးအခြောက်များကို ဆင်ဖြူကျွန်းမြို့မှ ဝယ်ယူရပါကြောင်း၊ ပဲကြီးအခြောက်တစ်တင်းလျှင် ကျပ် (၁၂၀၀၀၀) ဖြင့်ဝယ်ယူရပါကြောင်း၊ ပဲကြီးအခြောက်များအား တစ်ရက်ရေစိမ်ရပါကြောင်း၊ ရေစိမ်ပြီးပဲကြီးများအား အခွံချွတ်ရန်အတွက် ပဲကြီးတစ်တင်းလျှင် ချွတ်ခမှာ ကျပ် (၈၀၀၀) ပေးရပါကြောင်း၊ အခွံချွတ်ပြီးသောပဲကြီးများအား ရေဆေးပြီး ကော်မှုန့်နှင့်ရောနယ်၍ကြော်ရပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ဆီ (၃) ပိဿာခွဲခန့်ကုန်ကျပါကြောင်း၊ ဆီတစ်ပိဿာလျှင် ကျပ် (၈၅၀၀) ဖြင့်ဝယ်ရပါကြောင်း၊ ယခင်တွင် တစ်နေ့လျှင် (၃) တင်းခန့်ကြော်ရပါသော်လည်း ကုန်ဈေးနှုန်းအခြေအနေအရ (၂) တင်းသာကြော်ရပါကြောင်း၊ ပဲကြော်တစ်ပိဿာလျှင် ဖောက်သည်ဈေးမှာ ကျပ် (၉၀၀၀) ရရှိပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ပဲကြော် (၂၀) ပိဿာမှ (၂၁) ပိဿာအထိပျှမ်းမျှရရှိပါကြောင်း၊ ပဲကြီးတစ်တင်းလျှင် ကြော်ခမှာ ကျပ် (၂၀၀၀) ပေးရပါကြောင်း၊ ပဲကြော်များထည့်ရန်အတွက် အလုပ်သမားခမှာ ကျပ် (၁၂၀၀၀) မှ (၁၅၀၀၀) အထိပေးရပါကြောင်း၊ ပဲကြော်ကြော်ရန်အတွက် စပါးခွံဖိုးမှာ ကျပ် (၃၀၀၀) ခန့် ရှိပါကြောင်း၊ ပါကင်အိတ်ဖိုးနှင့် တံဆိပ်ဖိုး စသည့်အထွေထွေကုန်ကျစရိတ်မှာ ပဲကြီးတစ်တင်းလျှင် ကျပ် (၅၀၀၀) မှ (၈၀၀၀) အထိခန့်မှန်းခြေရှိနိုင်မည်ဟုသုံးသပ်မိပါကြောင်း၊ သို့ပါသောကြောင့် ပဲကြီးတစ်တင်းလျှင် ကုန်ကျစရိတ်နှုတ်ပြီး မိမိ၏အမြတ်မှာ ကျပ် (၂၀၀၀၀) ရရှိပါကြောင်း၊ ဈေးကွက်အနေဖြင့် ပဲကြော်များအား ပွင့်ဖြူ၊ ရှောက်တောနှင့် လယ်ကိုင်းမှတစ်ဆင့် မင်းဘူးမြို့သို့လည်း တစ်နိုင်တစ်ပိုင်တင်ပို့ပါကြောင်း ပဲကြော်လုပ်ငန်းရှင် ဦးချစ်မင်းဖြူထံမှသိရှိခဲ့ရပါသည်။

DOCA(မကွေး)

ချောက်မြို့၌ အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာရောင်းချလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် အမှတ် (၁၀) ရပ်ကွက်၊ ပတ္တမြားရပ်၊ လမ်းမတော်လမ်း၊ ချောက်မြို့မရဲစခန်းဝန်းရှေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ချောက်ခရိုင်၊ ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၏ကြီးကြပ်မှုဖြင့် ‌ချောက်မြို့မရဲတပ်ဖွဲ့မှူး ဝင်းသန်း၊ ချောက်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းဆန်းနှင့် အရာရှိ/အရာခံ၊ အကြပ်/တပ်သားတပ်ဖွဲ့ဝင် အမျိုးသား၊ အမျိုးသမီးများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ဟင်းသီးဟင်းရွက်များကို ‌စျေးနှုန်းချိုသာစွာ ပြည်သူများလက်ဝယ်အရောက် အ‌ရောက်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းသိရပါသည်။

     ထိုသို့ရောင်းချရာတွင် ဆန် (၁) ပြည်လျှင် ကျပ် (၂၀၀၀)၊ စားအုန်းဆီ (၁) ပိဿာလျှင် ကျပ် (၆၀၀၀)၊ ကြက်ဥ (၅) လုံးလျှင် ကျပ် (၁၀၀၀)၊ အမဲသား (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ဝက်သား (၁) ပိဿာလျှင် ကျပ် (၁၂၀၀၀) ဖြင့်ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူ (၅၁၁) ဦးလွတ်လပ်စွာဝယ်ယူခဲ့ကြကြောင်းသိရပါသည်။

      အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို ချောက်ခရိုင်၊ စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်တို့က ကြည့်ရှုအားပေးကူညီခဲ့ကြကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ၊ ဒေါ်မြတ်မြတ်မိုးက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့တွင် ဖြစ်ပေါ်နေသော အိမ်သုံးဆေးဝါးများ၏ စျေးနှုန်းအခြေအနေ

     ယခုအခါတွင် မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် ရာသီတုတ်ကွေးရောဂါများ အများအပြားဖြစ်ပွားလျက်ရှိပါသည်။ မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများကို ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိကြပါသည်။ အိမ်သုံးဆေးဝါးများ၏စျေးနှုန်းများမှာ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်နှင့် ဒုတိယအပတ်တို့ကိုနှိုင်းယှဉ်ပါက ဆေးဝါးစျေးနှုန်းများမှာ အတက်အကျရှိကြောင်းသိရှိရပါသည်။

     မကွေးမြို့နယ်အတွင်းရှိ စျေးကွက်အတွင်းဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးနှင့်အားဆေးများ၏ စျေးနှုန်းများမှာ Decolgen (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၄၀၀)၊ Civit အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၁၅၀၀)၊ Paracetamol (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ် (၃၀၀)၊ Biogesic (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၉၀၀)၊ Amoxicillin အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၄၇၅၀)၊ Burmeton   အလုံး (၁၀၀) ပါတစ်ဘူးလျှင် ကျပ် (၁၆၀၀)၊ Cetrine (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၂၀၀)၊ Enervon-C (၄) လုံးပါတစ်ကတ်လျှင် ကျပ် (၁၄၅၀)၊ Oramin-G (၅) လုံးပါတစ်ကတ်လျှင် ကျပ် (၃၀၅၀)၊ Becozinc (၁၀)လုံးပါတစ်ကတ်လျှင် ကျပ် (၃၇၀၀)၊ Vitahome (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၇၀၀)၊ Supradyn (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၁၈၃၀၀)၊ Sara (၁၀) လုံးပါ တစ်ကတ်လျှင် ကျပ်(၉၀၀)၊ Vitacee (၁၅) လုံးပါတစ်ကတ်လျှင် ကျပ် (၃၈၅၀)၊ Flemex (၁၀) လုံးပါတစ်ကတ်လျှင် ကျပ် (၃၂၀၀)၊ Solmux (၄) လုံးပါ တစ်ကတ်လျှင် ကျပ် (၁၁၀၀)၊ Woods (၁၅) လုံးပါတစ်ကတ်လျှင် ကျပ် (၇၆၅၀)၊ Alexal (၁၀) လုံးပါတစ်ကတ်လျှင်ကျပ် (၂၁၀၀)၊ Mixagrip (၄) လုံးပါတစ်ကတ်လျှင် ကျပ် (၇၀၀)နှင့် ဓာတ်ဆား MPF (၁) ထုပ်လျှင် ကျပ် (၃၀၀) တို့ဖြစ်ကြောင်း ဆေးဆိုင်များမှလေ့လာသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအား အခြေခံစားသောက်ကုန်များရောင်းချ

    ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးမြို့နယ်အတွင်းရှိ ပြည်သူများထံသို့ တန်ဖိုးသင့်အခြေခံစားကုန်များကို စျေးနှုန်းသက်သာစွာရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ရောင်းချပေးရာတွင် ဆန် (၁) ပြည်လျှင် ကျပ် (၃၂၀၀)၊ စားအုန်းဆီ (၅) ကျပ်သားလျှင် ကျပ် (၂၂၀၀)၊ ကြက်ဥ (၁) လုံးလျှင် ကျပ် (၂၀၀)၊ ကြက်သွန်နီ (၅၀) ကျပ်သားလျှင် ကျပ် (၁၂၅၀)၊ ကုလားပဲ (၁) ဘူးလျှင် ကျပ် (၈၀၀)၊ အိုင်အိုဒင်းဆား (၁) ထုပ်လျှင် ကျပ် (၁၅၀) နှုန်းတို့ဖြင့် အိမ်ထောင်စု (၄၅၀) စုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြီးကြပ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့တို့သည် စျေးနှုန်းသက်သာစွာ တိုက်ရိုက်ရောင်းချပေးခဲ့ရာ ဆန် (၂) အိတ်လျှင် တန်ဖိုးငွေ ကျပ် (၁၅၃၆၀၀)၊ ဆီ (၅၅၀) ပိဿာလျှင် တန်ဖိုးငွေ ကျပ် (၂၄၂၀၀၀၀)၊ ကြက်ဥ (၅၀၀ )လုံးလျှင် တန်ဖိုးငွေ ကျပ် (၁၀၀၀၀၀)၊ ကြက်သွန်နီ (၃၀ )ပိဿာလျှင် တန်ဖိုးငွေ ကျပ် (၇၅၀၀၀)၊ ကုလားပဲ (၁၅ )ပြည်လျှင် တန်ဖိုးငွေ ကျပ် (၉၆၀၀၀)၊ ဆား (၅၀) ထုပ်လျှင် တန်ဖိုးငွေ ကျပ် (၇၅၀၀)၊ စုစုပေါင်းတန်ဖိုးငွေ ကျပ် (၂၇၆၅၇၀၀) ရောင်းချပေးနိုင်ခဲ့သဖြင့် နေ့စဉ် လူမှုစီးပွားဘဝအတွက် အထောက်အပံ့ဖြစ်စေနိုင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

     မကွေးတိုင်းဒေသကြီးတွင် ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင်ပဲမျိုးစုံတို့ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ ပဲတီစိမ်း (၁၉) ပိဿာဝင် (၁)တင်းလျှင် ကျပ် (၅၇၀၀၀-၅၈၅၀၀)၊ ပဲလွန်းဝါ (ကျွန်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၀၀၀၀)၊ ကုလားပဲ (၉၂၉) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၃၅၀၀)၊ ကုလားပဲ (HL) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၂၅၀၀)၊ ပဲကြီးဖြူ (လတ်) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၅၀၀၀)၊ ပဲကြီးဖြူ (သေး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၇၀၀၀)၊ ပဲကြီးဖြူ (ပြားကြီး) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၀၀၀၀)၊ ပဲကြီးမဲ (အာမဲ) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၀၀၀၀-၉၅၀၀၀)၊ ပဲကြီးမဲ (ချင်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲထောပတ် (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၅၀၀၀)၊ ပဲစဉ်းငုံနီ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၁၀၂၀၀၀)၊ မတ်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၃၅၀၀)၊ စားတော်ပဲ (၂၀) ပိဿာဝင် (၁)တင်းလျှင် ကျပ် (၁၄၁၀၀၀) တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     ဇူလိုင်လ (၁၄) ရက်နေ့တွင် ပဲတီစိမ်းတန်ချိန် (၃၀၀)၊ ပဲလွန်းဝါ (ကျွန်း) တန်ချိန် (၃)၊ ကုလားပဲတန်ချိန် (၈၀)၊ ပဲကြီးဖြူတန်ချိန် (၅၀)၊ ပဲကြီးမဲတန်ချိန် (၁၀)၊ စားတော်ပဲတန်ချိန် (၁၀)၊ မတ်ပဲတန်ချိန် (၂၅)၊ ပဲစဉ်းငုံနီတန်ချိန် (၁၀) တို့ဖြင့် အသီးသီးအ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း