ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

    တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၃.၇.၂၀၂၃ )

   ၂၃.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၂.၇.၂၀၂၃ )

    ၂၂.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၇.၂၀၂၃ )

      ၂၁.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်နိုင်မှုအခြေအနေ

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့်  (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်တွင် ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၁၄.၀၀၀) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း (၆.၅၀၀) သန်း၊  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၂၀.၅၀၀) သန်းဖြစ်ပါသည်။ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့  ကုန်သွယ်မှုအနေဖြင့် ၂၀၂၃ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၆၆၄) သန်း၊ သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၀.၁၅၀) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း (၁.၈၁၄) သန်းတို့ဆောင်ရွက်နိုင်ခဲ့သဖြင့် (၃) လတာလျာထားချက်အပေါ်  (၃၉.၀၁)% သာဆောင်ရွက်နိုင်ခဲ့ကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရသိရပါသည်။

   ပို့ကုန်အနေဖြင့် (၁-၇-၂၀၂၃) ရက်နေ့မှ (၇-၇-၂၀၂၃) ရက်နေ့အထိ နန့်ဖာလုံကုန်စုံတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၀၁၁) သန်း၊ စီးကရက်အရေအတွက်အားဖြင့် တန် (၆၄.၈၉၆)၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၃၉) သန်း၊ စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း (၀.၁၅၀) သန်းတင်ပို့နိုင်ခဲ့ပါကြောင်း၊ (၈-၇-၂၀၂၃) ရက်နေ့မှ (၁၄-၇-၂၀၂၃) ရက်နေ့အထိ ပို့ကုန်များမှာ တင်ပို့နိုင်ခြင်းမရှိပါကြောင်း၊ ပို့ကုန်အ‌နေဖြင့် ယခုအပတ်တွင် တင်ပို့နိုင်ခြင်းမရှိသည့်အတွက် ယခင်ပတ်ထက် အမေရိကန်ဒေါ်လာသန်း (၀.၁၅၀) သန်းလျော့နည်းတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယခုအပတ်တွင် တင်သွင်းနိုင်ခဲ့ခြင်းမရှိပါကြောင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

အပ်မှိုအကြောင်း

   အပ်မှိုဆိုသည်မှာ ရှည်ပြီးပါးသွယ်၍ ခေါင်းစွပ်ပုံစံမှိုတစ်မျိုးဖြစ်ပါသည်။ အပ်မှိုကို မြန်မာနိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့်စားသုံးကြပါသည်။ အပ်မှိုတွင် အာဟာရဓါတ် တော်တော်များများပါဝင်ပြီး လူတစ်ယောက်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အရိုးကိုအားဖြစ်စေသော ကယ်လ်ဆီယမ်ဓါတ်များ၊ သွေးတိုးခြင်းနှင့် အသည်းရောဂါကိုသက်သာစေသော အထောက်အကူပြုဓါတ်များလည်း ပါဝင်ပါသည်။ ကြက်ဥနှင့် အသားဓါတ်မတည့်သော ရောဂါရှိသူများသည် အပ်မှိုကို ရှောင်ရှားသင့်ပါသည်။ အစာအဆိပ်သင့်တက်သူများသည် အပ်မှိုကိုဂရုပြု၍ စားသုံးသင့်ပါသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ အသက်(၆၅)နှစ်နှင့်အထက်နှင့် ကိုယ်ခံအား နည်းသူများ မစားသင့် ကြောင်း သတိပေးချက်များရှိပါသည်။ အပ်မှိုကို ယိုးဒယားနှင့် ဂျပန်နိုင်ငံတို့ဘက်မှ တင်သွင်းကြောင်း သိရပြီး အပ်မှိုကို ရေခဲ/ဖော့ဖာများဖြင့် တင်သွင်းကြောင်း သိရပါသည်။  ဈေးနှုန်း ဈေးကွက် အနေဖြင့် ရေခဲ/ဖော့ ပါအပြီး (၁)ဖော့ကို (၄၄)ထုပ်ပါ (၆၀၀၀၀)ကျပ်၊ (၁)ဖော့ (၆၈)ထုပ်ပါ (၉၂၀၀၀)ကျပ် ဖြင့် ရောင်းချကြောင်းသိရပါသည်။ လက်လီဈေးနှုန်းများအနေဖြင့် တစ်ထုပ်ကို (၁၅၀၀)ကျပ် မှ (၂၀၀၀)ကျပ် အထိရောင်းချကြောင်းနှင့် အပ်မှိုအထုပ်များကို အမြို့မြို့အနယ်နယ်ရှိ ကုန်စိမ်းဆိုင်များတွင် ရောင်းချ ကြောင်းသိရပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။

DOCA(ပဲခူး)

 

ဈေးနှုန်းကျဆင်းလာသော သံပုရာဈေးကွက်

     သံပုရာသီးသည် မြန်မာနိုင်ငံတွင် အသုပ်သုပ်သည့်အခါ၊ မုန့်ဟင်းခါးနှင့် အုန်းနို့ခေါက်ဆွဲစားသည့်အခါ သံပုရာသီးညှစ်၍ စားသုံးလေ့ရှိပါသည်။ သံပုရာသီးကို သံပုရာသီး သနပ်၊ ဖျော်ရည် များပြုလုပ်၍လည်း စားသုံးကြပါသည်။ သံပုရာသီးကို အင်္ဂလိပ်လို Sour Lime ဟုခေါ်ပြီး အစာကြေဆေး၊ ပိုးသတ်ဆေး၊ သွေးတိုးကျဆေးစသည့် တိုင်းရင်းဆေးများဖော်စပ်ရာတွင် အသုံးပြုလေ့ရှိပါသည်။ ပြည်ခရိုင်၊ ပြည်မြို့တွင် သံပုရာသီးဈေးနှုန်းများအနေဖြင့် ခုရက်ပိုင်းတွင် ဈေးနှုန်းများကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိပါသည်။ တစ်နိုင်တစ်ပိုင် သံပုရာသီး စိုက်ပျိုးသူများအတွက် အပိုဝင်ငွေ ရလျက်ရှိပြီး သက်တမ်းရင့် သံပုရာပင် တစ်ပင်လျှင် အသီးလုံးရေ (၁၀၀၀)ခန့်သီးကြောင်း သိရပါသည်။ ယခုလိုမိုးရာသီတွင် သံပုရာခြံများမှ သံပုရာသီးများ လှိုင်လှိုင်ထွက်လာပြီး သံပုရာသီးတစ်လုံးလျှင် (၃၀)ကျပ်ဖြင့် ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

DOCA(ပဲခူး)

ပြည်မြေပဲဆံ ယခင်နှစ်ထက်ဈေးပိုလာ

    ပြည်ခရိုင်တွင် ဇွန်၊ ဇူလိုင်လမှစတင်၍ မိုးမြေပဲများစတင်စိုက်ပျိုးရာ စိုက်ဧကမှာ (၁၅၀၀) ကျော်ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။ မိုးမြေပဲများကို လာမည့် ဩဂုတ်လနှင့် စက်တင်ဘာလ တို့တွင် စတင်ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ယခုအချိန်ပြည်ဈေးကွက်သို့ ကံမဘက် မှ ဝင်ရောက် လျှက်ရှိပြီး တစ်နေ့လျှင် အိတ် (၁၅၀)ခန့်သာ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ဝင်ရောက် လာသောမြေပဲဆန်များကို ဆီစက်သမားများနှင့် ပဲကြော်၊ ပဲလှော်သမားများက ဝယ်ယူမှုရှိ သဖြင့် ပြည်ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြေပဲဆံကို ဆီကြိတ်၍ စားသုံးကြသလို မုန့်ပဲသရေစာများတွင် ထည့်သွင်း၍လည်း စားသုံးကြပါသည်။ မြေပဲဆံကို လူအတော်များများ စားသုံးမှုများသည့်အတွက် ဈေးကွက်တွင်အရောင်းအဝယ်ဖြစ်သလို ဈေးနှုန်းအနေဖြင့်လည်း မြင့်တက် လာခဲ့ပါသည်။ ယခင်နှစ် ၂၀၂၂ခုနှစ် ဇူလိုင်လဒုတိယပတ်တွင် မြေပဲဆီဆံ (အဖြူ၊ အနီ)တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ လုံးဆံ(အဖြူ၊ အနီ)တစ်ပိဿာလျှင် (၄၄၀၀)ကျပ် ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ ယခုနှစ် ဇူလိုင်လဒုတိယပတ်တွင် မြေပဲဆီဆံ(အဖြူ) တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဈေးထိမြင့်လာခဲ့သဖြင့် ယခင်နှစ်ထက်စာရင် မြေပဲဆီဆံဈေးမှာ တစ်ပိဿာလျှင် (၃၀၀၀)ကျပ်အထိ ဈေးမြင့်တက်ခဲ့သလို လုံးဆံဈေးမှာလည်း (အဖြူ)တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ် ဖြင့် ရောင်းချသဖြင့် ယခင်နှစ်ထက်စာလျှင် တစ်ပိဿာကို (၄၀၀၀)ကျပ်အထိ ဈေးနှုန်းများမြင့် တက်လာခဲ့ပါသည်။ မြေပဲဆီဈေးများမှာ ၂၀၂၂ ခုနှစ် ဇူလှိုင်လဒုတိယပတ်တွင် တစ်ပိဿာလျှင် (၉၅၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုနှစ် ဇူလိုင်လဒုတိယပတ်တွင် တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်ဖြင့် တစ်ပိဿာကို (၄၀၀၀)ကျပ်အထိဈေးများ မြင့်တက်လာခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့နယ်အတွင်းရောင်းချလျှက်ရှိသော အခြေခံစားကုန်များ၏ဈေးနှုန်းများ

    ပြည်ခရိုင်၊ ပြည်မြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လပထမပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများဖြစ်သော ရွှေဘိုပေါ်ဆန်း(၂၄)ပြည်တစ်အိတ်လျှင် (၁၁၆၀၀၀)ကျပ်၊ ဧည့်မထအဟောင်း တစ်အိတ်လျှင် (၇၆၀၀၀)ကျပ်၊ ကရင်မဆန် တစ်အိတ်လျှင် (၆၂၀၀၀)ကျပ်၊ မှော်ဘီစမ်း တစ်အိတ်လျှင် (၆၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ကြက်သွန်နီဈေးများမှာ လက်လီဈေး တစ်ပိဿာလျှင် (အကြီး) ၂၄၀၀ကျပ်၊ (အလတ်) ၂၃၀၀ကျပ်၊ (အသေး)တစ်ပိဿာလျှင် ၂၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်)တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ (ရှမ်း) တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ငရုတ်ခြောက် (ပု)တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ပဲနီလေးတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ နနွင်းတက်တစ်ပိဿာ လျှင် (၄၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ မြေပဲဆန် (၁၅)ကျပ်သား(၁၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သကြား တစ်ပိဿာ (၃၂၀၀)ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၃၀၀၀)ကျပ်၊ ခရမ်းချဉ်သီး ကိုင်းသီး တစ်ပိဿာလျှင် (၂၄၀၀)ကျပ်၊ ရှမ်းသီးတစ်ပိဿာလျှင် (၂၀၀၀)ကျပ် ဈေးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

    ကြက်ဥလက်လီဈေးမှာ တစ်လုံးလျှင် (၂၃၀)ကျပ် မှ (၂၅၀)ကျပ်အထိဖြစ်၍ ဘဲဥတစ်လုံးလျှင် (၃၃၀/၃၅၀)ကျပ်ထိ ဖြစ်ပြီး (CP) ကြက်သားတစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (ဗမာ) ကြက်သား တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ် ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

    စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၇၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း