တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၂၈.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စားသုံးဆီများဖူလှုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်များပူးပေါင်း၍ စာသုံးသူပြည်သူများအား စားသုံးဆီများကို ဈေးနှုန်းချိုသာစွာရောင်းချပေးလျက်ရှိပါသည်။
ထိုသို့သက်သာသောဈေးနှုန်းဖြင့်ရောင်းချရာတွင် ရွှေတောင်မြို့နယ်၊ ယွန်းတန်းရပ်ကွက်၊ မြို့မစည်ပင်သာယာဈေး၌ (၁၂-၇-၂၀၂၃) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် ပြည်သူများကို စားသုံးဆီနှင့် ဘဲဥများကိုရောင်းချပေးခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရောင်းချခဲ့ပါသည်။ ထိုသို့ရောင်းချရာတွင် လူတစ်ဦးလျှင် စားသုံးဆီ (၅၀) ကျပ်သားဘူးနှင့် ဘဲဥ (၅) လုံးတို့ကိုရောင်းချခဲ့ပါသည်။ စားအုန်းဆီ (၅၀) ကျပ်သားတစ်ဘူးလျှင် (၂၄၀၀) ကျပ်နှင့် ဘဲဥတစ်လုံးလျှင် (၃၀၀) ကျပ်နှုန်းဖြင့် ရောင်းချခဲ့ကြောင်းသိရပြီး ဆီပိဿာချိန် (၃၀၀) နှင့် ဘဲဥအလုံးရေ (၁၅၀၀) လုံးကိုရောင်းချခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ကြက်ဟင်းခါးသီးများစိုက်ပျိုးထွက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့်အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာရှိ ကြက်ဟင်းခါးသီးစိုက်ပျိုးသော တောင်သူ ဦးမျိုးနှင့်တွေ့ဆုံပြီး ကြက်ဟင်းခါးသီးကို ကဆုန်လတွင်စိုက်ပျိုးကြောင်းသိရှိရပြီး ဝါဆိုလတွင် အသီးများစတင်ခူးဆွတ်၍ရောင်းချကြောင်း သိရပါသည်။ ကြက်ဟင်းခါးသီးစိုက်ပျိုးရာတွင် ပေါင်ပြုလုပ်၍ စိုက်ပျိုးရပြီး ပေါင်ပြုလုပ်ရာတွင် အရှည်အတောင့် (၅၀) ခန့်ရှိပြီး တစ်မြောင်းနှင့်တစ်မြောင်းအကွာအဝေးမှာ တစ်တောင်ခန့်ခွာပြီး စိုက်ပျိုးရကြောင်းသိရပါသည်။ ကြက်ဟင်းခါးစင်အပါအဝင် ကုန်ကျစရိတ်မှာ (၂) သိန်းကျပ်ခန့်ရှိသည်ဟုသိရပါသည်။ မြောင်းတစ်မြောင်းလျှင် အပင် (၁၀၀) ခန့်စိုက်ပျိုး၍ရကြောင်းသိရပါသည်။ ကြက်ဟင်းခါးသီးများထွက်ပေါ်ချိန်တွင် ကုန်စိမ်းဒိုင်များမှ စိုက်ခင်းထဲအထိ ဆင်း၍ဝယ်ယူကြပြီး ကြက်ဟင်းခါးသီးအကြီးတစ်လုံးလျှင် (၁၅၀) ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။
ကြက်ဟင်းခါးသီးစိုက်ပျိုးသော တောင်သူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး အသီးသီးသလောက် အကျိုးအမြတ်ဖြစ်ထွန်းကြောင်း သိရပါသည်။ ထို့ကြောင့် ကြက်ဟင်းခါးပင်ကိုတိုးချဲ့၍စိုက်ပျိုးပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်ကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့်အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ရွှေတောင်မြို့နယ်၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးစိုက်ပျိုးသော တောင်သူ ဒေါ်နွဲ့ကြည်နှင့်တွေ့ဆုံ၍ မေးမြန်းခဲ့ရာ ရုံးပတီသီးကို စိုက်ပျိုးသောမျိုးမှာ Finger One တံဆိပ်ဖြစ်ပြီး တစ်ထုပ်လျှင် (၃၀၀၀၀) ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြောင်းသိရပါသည်။ မျိုးစေ့ထုပ် တစ်ထုပ်လျှင် အစေ့ (၂၀၇၀) စေ့ပါရှိပြီး တစ်စေ့လျှင်တစ်ကျင်းနှုန်းဖြင့် စိုက်ပျိုးကြောင်းသိရပါသည်။ စိုက်ပျိုးသည့်ရုံးပတီစေ့တိုင်းတွင် အပင်ပေါက်ပြီး မိုးများသောဒဏ်ကိုလည်းခံနိုင်ကြောင်းသိရပါသည်။ အပင်ရေ (၂၀၇၀) ပင်တွင် ကုန်ကျစရိတ်အနေဖြင့် သွင်းအားစုအပါအဝင် (၈၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ရုံးပတီသီးပင်ကို နယုန်လပြည့်ကျော်တွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး (၄၅) ရက်အကြာတွင် ခူးဆွတ်ရောင်းချ၍ရကြောင်းသိရပါသည်။ ရုံးပတီသီးခူးဆွတ်ရာတွင် တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၅၀၀/၆၀၀) ခန့်ရရှိပြီး တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်ရကြောင်းသိရပါသည်။ သက်တမ်းအားဖြင့် (၃) လကြာမြင့်ပြီး ဝင်ငွေအားဖြင့် (၂၅၀၀၀၀၀) ကျပ်ခန့်ရရှိသည်ဟု ခန့်မှန်းရပါသည်။ ရုံးပတီပင်ဈေးနှုန်းဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းထဲသို့ဆင်းပြီး ဝယ်ယူကြ၍ တစ်တောင့်လျှင် လက်ကားဈေး (၈) ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါသည်။ ထိုမှတစ်ဆင့် ပြည်ဈေးကွက်နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးကွက်သို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။
ရုံးပင်တီပင်သည် ကုန်ကျစရိတ်နည်းပြီး အကျိုးအမြတ်ပိုမိုရရှိသဖြင့် စိုက်ပျိုးသင့်ပါသည်။ အပင်ကိုပြုစုနိုင်လျှင်လည်း အသီးနှုန်းအားကောင်း၍ အမြတ်အစွန်းများရရှိနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA (ပဲခူး)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပဲစောင်းလျားသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့် အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
ပဲစောင်းလျားသီးမှာ တို့စရာအဖြစ် အသုံးပြု၍ရသည့်အပြင် သုပ်၍လည်းစားသုံးကြပါသည်။ ရွှေတောင်မြို့နယ်၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပဲစောင်းလျားသီးစိုက်ပျိုးသော တောင်သူ ဦးစိုးမြင့်လေးနှင့်တွေ့ဆုံ၍ မေးမြန်းရာ ပဲစောင်းလျားသီးပင်ကို ကဆုန်လတွင်စတင်၍ အစေ့များကို ကျင်းတူးပြီး တစ်ကျင်းလျှင် အစေ့ (၃) စေ့ထည့်၍ စိုက်ပျိုးကြောင်းသိရပါသည်။ ပဲစောင်းလျားစိုက်ဧကများအတွက် စိုက်ပျိုးမြောင်း (၂၀) ခန့်ရှိကြောင်းသိရပါသည်။ စိုက်ပျိုးမြောင်းတစ်မြောင်းလျှင် အပင်ရေ (၃၀) ခန့်ရှိပြီး လာမည့်ဒုတိယဝါဆိုလတွင် အသီးများစတင်ခူး ဆွတ်ရပါသည်။ အသီးများလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ရက်ခြားလျှင် တစ်ခါခူးဆွတ်၍ တစ်ခါခူးဆွတ်လျှင် အတောင့်ရေ (၅၀၀၀) ခန့်ရရှိကြောင်း သိရပါသည်။ ပဲစောင်းလျားဈေးနှုန်းအနေဖြင့် တစ်တောင့်လျှင် (၁၀) ကျပ်နှုန်းဖြင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းပွဲစားများက ဆင်း၍ဝယ်ယူ ကြောင်းသိရပါသည်။ ပဲစောင်းလျားသီးကို လူတစ်ဦးစိုက်လျှင် ပျမ်းမျှအကျိုးအမြတ်အနေဖြင့် (၁) သိန်းကျပ်မှ (၂) သိန်းကျပ်ခန့်ရရှိကြောင်း သိရပါသည်။
ပဲစောင်းလျားသီးကိုလည်း လူအများစားသုံးကြသဖြင့် ဟင်းသီးဟင်းရွက်အုပ်စုတွင် အပါအဝင်ဖြစ်ပြီး မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေများလည်းရရှိနိုင်သဖြင့် ပိုမိုတိုးချဲ့၍ စိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
DOCA(ပဲခူး)
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးရည်ရွယ်၍ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးမြောက်ဘက်ရှိ သံတောင်လမ်းမကြီးပေါ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အရောင်းဆိုင်ဖွင့်လှစ်၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိပါသည်။
တောင်ငူမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းရှင်များက ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့် ကြက်ဥ၊ ဘဲဥများကိုလည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူများက သစ်သီးဝလံများကိုလည်းကောင်း သက်သာသောဈေးနှုန်းများဖြင့် တိုက်ရိုက်အရောင်းဆိုင်များတွင် နေ့စဉ် လာရောက်ရောင်းချပေးကြပါသည်။
ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီဈေးကားသည်လည်း တောင်ငူမြို့သို့ အပတ်စဉ် လာရောက်ပြီး သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများရောင်းချပေးလျက်ရှိရာ ယနေ့တွင်လည်း တိုက်ရိုက်အရောင်းဆိုင်သို့ စားသုံးဆီ (၅၀) ကျပ်သားတစ်ဘူးလျှင် ၂၅၀၀ကျပ်ဖြင့် ရောင်းချပေးပါသည်။
တောင်ငူမြို့နယ်၏ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များကလည်း တိုက်ရိုက်အရောင်းဆိုင်တွင် ဆန်တစ်ပြည်လျှင် ၂၅၀၀ကျပ်ဖြင့် လာရောက်ရောင်းချပေးသည့်အပြင် အခြေခံလူတန်းစားအများစုဈေးဝယ်လာကြသည့် မြစည်းခုံဘုရားဈေးနှင့် ရွှေဆံတော်ဘုရားဈေးများသို့လည်း မော်တော်ယာဉ်ဖြင့်လှည့်လည်ရောင်းချပေးကြောင်း သိရပါသည်။
DOCA(ပဲခူး)
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များတွင် ဇူလိုင်လ၊ တတိယအပတ်တွင် ပန်းသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိပါသည်။ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်ရှိပါသည်။
စပျစ်သီးမှာ ၂၅ကျပ်သားလျှင် ၆၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိရှိပြီး အစေ့လွတ်စပျစ်သီး မှာ ၂၅ကျပ်သားလျှင် ၈၀၀၀ကျပ်ရှိပါသည်။
လိမ္မော်သီးမှာ အသေး/အကြီးပေါ်မူတည်၍ အသေးတစ်ပိဿာလျှင် ၆၀၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် အသေးတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ရှိပါသည်။
သစ်တော်သီးမှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်ရှိပြီး နာနတ်သီးမှာ တစ်လုံးလျှင် ၁၅၀၀ကျပ်ရှိသဖြင့် သစ်သီးဈေးနှုန်းမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အတက်၊ အကျအနည်းငယ်သာရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)
တောင်ငူမြို့နယ်၊ လေးမိုင်ဒေသတွင် အကျဉ်းဦးစီးဌာန၏ ကျောက်ထုတ်လုပ်ခွင့်ရရှိထားသောကုမ္ပဏီများသည် ကျောက်များထုတ်လုပ်၍ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ရောင်းချပေးလျက်ရှိပါသည်။ ကျောက်ထုတ်လုပ်ခွင့်ရရှိသောကုမ္ပဏီသည် ၎င်းထုတ်လုပ်ခွင့်ရရှိသည့် ဧရိယာအတွင်းမှ ကျောက်တောင်များကို ဒိုင်းနမိုက်ဖြင့်ခွဲရပါသည်။ ကျောက်တောင်အား ဒိုင်းနမိုက်ဖြင့်ခွဲခြင်းကို တစ်ပတ်လျှင် တစ်ကြိမ် ဗုဒ္ဓဟူးနေ့တွင်သာဆောင်ရွက်ခွင့်ပြုပါသည်။
ဒိုင်းနမိုက်ဖြင့်ခွဲ၍ရရှိသော ကျောက်ကြမ်းများကို Back Fore ဖြင့်ကော်ပြီး ကားပေါ်တင်၍ ကျောက်ခွဲစက်သို့ပို့ရပါသည်။ ကျောက်ကြမ်းအတိုင်း ဝယ်ယူသည့်ကုမ္ပဏီများရှိပါကလည်း ကျောက်ကြမ်းအတိုင်း ရောင်းချပေးပါသည်။ ကျောက်ခွဲစက်သို့ပို့ပြီးသောကျောက်ကြမ်းများကို ဆိုဒ်အမျိုးမျိုးခွဲပြီး မှာယူသည့် လမ်း၊ တံတား၊ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ပေးရပါသည်။
ဈေးနှုန်းများအနေဖြင့် ဖိုင်းဟုခေါ်သည့် ကျောက်အမှုန့် (ကျောက်အကြေ) တစ်ကျင်းလျှင် ၂၅၀၀၀ကျပ်၊ ငါးမူးကျောက်တစ်ကျင်းလျှင် ၉၀၀၀၀ကျပ်၊ သုံးမတ်ကျောက်တစ်ကျင်းလျှင် ၈၀၀၀၀ကျပ်၊ ၁'×၁' တစ်ကျင်းလျှင် ၆၀၀၀၀ကျပ်၊ ၃'×၃'တစ်ကျင်းလျှင် ၄၅၀၀၀ကျပ်၊ ၂'×၄'တစ်ကျင်းလျှင် ၄၀၀၀၀ကျပ်နှင့် ၆'×၉'တစ်ကျင်းလျှင် ၃၇၀၀၀ကျပ်ရှိပါသည်။
မိုးတွင်းကာလများတွင် ကျောက်ထုတ်လုပ်သည့်အခါ ကျောက်ကျင်းများအတွင်းသို့ ရေဝင်သဖြင့် ရေစုပ်စက်ဖြင့်စုပ်ယူပြီးမှ ကျောက်သားများထုတ်ယူရကြောင်း တောင်ငူမြို့နယ်၊ လေးမိုင်ဒေသ၊ အားလူးကုန်းရှိ ငွေတောင်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းမှသိရပါသည်။
DOCA(ပဲခူး)