ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

    တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၇.၇.၂၀၂၃ )

    ၇.၇.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

တောင်ငူမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

 တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအတွက် စားအုန်းဆီများကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ပဲခူးခရိုင်ဆီကုန်သည်များအသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့ လာရောက်ရောင်းချပေးလျက်ရှိရာ ယခုအပတ်တွင်လည်း ၎င်းဈေးကားသည် စားအုန်းဆီ ၁၁၀၀ပိဿာကို တစ်ပိဿာလျှင် ၅၀၀၀ကျပ်နှုန်းဖြင့် အခြေခံလူတန်းစားများရှိရာရပ်ကွက်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့ပါသည်။

     ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကြက်တည်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများကို စားအုန်းဆီပိဿာချိန် ၅၅၀ကိုလည်းကောင်း၊ ဇွန်လ ၂၇ရက်နေ့တွင် တောင်ငူမြို့၊ အမှတ်(၁၄)ရပ်ကွက်၊ ဈေးတန်းနှင့် အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာနတို့မှ ဝန်ထမ်းမိသားစုများအား ဆီပိဿာချိန် ၅၅၀ကိုလည်းကောင်း လူတစ်ဦးလျှင် တစ်ပိဿာနှုန်းစီဖြင့် ရောင်းချပေးခဲ့ပါသည်။

   ပဲခူးခရိုင်မှ ဆီဈေးကားသည် ၅၀ကျပ်သားဝင်ဘူးများဖြင့် လာရောက်ရောင်းချခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်အပါအဝင် တောင်ငူမြို့သို့ လေးကြိမ်လာရောက်ရောင်းချပေးပြီးဖြစ်ရာ စားအုန်းဆီပိဿာချိန်ပေါင်း ၄၄၀၀ကို တောင်ငူမြို့၌ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဈေးနှုန်းမှာ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီကထုတ်ပြန်သည့် ရည်ညွှန်းဈေးအပေါ် အခြေခံ၍ အပြောင်းအလဲရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

လူတန်းစားမရွေး စားသုံးနေသောစားတော်ပဲ

 စားတော်ပဲကို ဒေသအသီးသီးတွင် လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးလျက်ရှိပါသည်။ မြန်မာလူမျိုးတို့သည် စားတော်ပဲကို အခြေခံအစားအစာတစ်ခုအဖြစ်လည်းကောင်း၊ နံနက်ခင်းအဆာပြေစာအဖြစ်လည်းကောင်း ထမင်းပူပူ၊ ထမင်းကြော်၊ အီကြာကွေး၊ ပလာတာ၊ နံပြား စသည်တို့ဖြင့် စားသုံးကြပါသည်။

    စားတော်ပဲပြုတ်ရာတွင် စားတော်ပဲကိုဝယ်ပြီး ပဲထဲမှ ခဲနှင့် အမှုန်များကိုရွေး၍ ရေသုံးထပ်ဆေးပြီးလျှင် ရေဖြင့်စိမ်ကာ ညနေအချိန်တွင် စကာဖြင့် ပဲများကိုဆယ်၍ အညှောင့်လေးများထွက်လာစေရန် သုံးရက်ခန့်ရေစစ်ထားရပြီးမှသာ ပြုတ်ရပါသည်။ စားတော်ပဲတစ်ပိဿာကို ဒန်အိုးဖြင့် စားတော်ပဲမြုပ်ရုံရေထည့်ပြီး သုံးခါတည်၍ ပြုတ်ရပါသည်။ နံနက် ဈေးပြန်ထွက်သည့်အခါ တစ်ခါပြန်၍ နွှေးပေးရပါသည်။

   စားတော်ပဲတွင် ဆားနှင့်ဆိုဒါတို့ကိုထည့်ပြုတ်ရပါသည်။ အချိုဓာတ်လိုလျှင် ထန်းလျက်ထည့်၍ပြုတ်ရပါသည်။ စားတော်ပဲတစ်ပိဿာလျှင် ၇၂၀၀ကျပ်ရှိပြီး မီးသွေးဖြင့်ပြုတ်လျှင် မီးသွေးတစ်ပိဿာအိတ်(၁)အိတ်ကုန်ပါသည်။ မီးသွေးတစ်ပိဿာအိတ် (၁)အိတ်မှာ ၆၀၀ကျပ်ဖြစ်ပါသည်။ စားတော်ပဲ ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ဖြင့်ရောင်းချပါသည်။

 စားတော်ပဲသည် လူအများစုအတွက် နံနက်ခင်းအစားအစာဖြစ်ပြီး အရင်းအနှီးလည်း အများအပြားမလိုအပ်သောကြောင့် အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်တွင်မူ ယခင်နှစ်ထက် အရောင်းပါးကြောင်း စားတော်ပဲရောင်းသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သောသောဈေးနှုန်းဖြင့် ရောင်းချပေး

  တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ ညနေပိုင်းမှစတင်၍ ဖြူးမြို့၊ မြို့မဈေးကြီးအနီးရှိ စားသုံးသူရေးရာဦးစီးဌာန၏ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိပါသည်။

    ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဖြူးမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဝန်ကြီးဧရာဆန်တစ်ပြည်လျှင် ၂၆၀၀ကျပ်နှင့် နှံကောက်ဆန်တစ်ပြည်လျှင် ၂၄၀၀ကျပ်တို့ဖြင့်ရောင်းချပြီး ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ကြက်ဥ၊ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကို သင့်တင့်သောဈေးနှုန်းတို့ဖြင့် တိုက်ရိုက်ရောင်းချပေးပါသည်။

    သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကိုရောင်းချရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ကြီးကြပ်၍ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နေ့စဉ်ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဖြူးမြို့တွင် စားသုံးဆီနှင့် ကြက်သွန်ဖြူဈေးနှုန်းတို့မြင့်တက်

   တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   မြေပဲဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀ကျပ်၊ စားအုန်းဆီမှာ ယခင်အပတ်တွင်  တစ်ပိဿာလျှင် ၆၃၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

    ကြက်သွန်နီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်၊ အကြီး ၂၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးနှင့် အလတ်အရောတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီး ၂၃၀၀ကျပ်တို့ဖြင့်  ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၅၅၀၀ကျပ်၊ အလတ် ၆၅၀၀ ကျပ်၊ အကြီး ၇၀၅၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၇၀၀၀ကျပ်၊ အလတ် ၈၀၀၀ကျပ်နှင့် အကြီး ၉၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

  ငရုတ်ခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၇၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အာလူးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်နှင့် အကြီး ၂၅၀၀ကျပ်တို့အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၈၀၀ကျပ်၊ အလတ် ၃၀၀ ကျပ်နှင့် အကြီး ၃၂၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းမြင့်တက်လာခဲ့ပါသည်။

  ကုလားပဲခြမ်းမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၂၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး ကုလားပဲလုံးမှာ တစ်ပိဿာလျှင် ၅၂၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

 မြေပဲဆံ(အဖြူ)မှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၅၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပြီး မြေပဲဆံ(အနီ)မှာ တစ်ပိဿာလျှင် ၈၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်တချို့ ဈေးနှုန်းအနည်းငယ်အတက်အကျရှိ

   တောင်ငူမြို့၊  ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) များမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး  ကုလားအော်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိဈေးနှုန်းတို့ဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

   ခရမ်းသီး (အဖြူ) မှာ တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ ခရမ်းသီး (အညို) မှာ တစ်ပိဿာလျှင်  ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်၊ ဂေါ်ဖီထုပ်မှာ တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၈၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

    ဒေသသခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၀၀ကျပ်မှ ၇၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၆၀၀ ကျပ်အထိ၊ ရှမ်းပြည်သခွားသီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၀၀ကျပ်မှ ၈၀၀ကျပ်အထိဖြစ်၍ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ခရမ်းချဉ်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၁၀၀ကျပ်မှ ၁၃၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပြီး နံနံပင်မှာ ယခင်အပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၆၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ဆယ်ကျပ်သားလျှင် ၄၀၀ကျပ်မှ ၅၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းဆက်လက်ကျဆင်းလာခဲ့ပါသည်။

  ပြောင်းဖူးအကြီးတစ်ဖူးလျှင် ၂၅၀ကျပ်မှ ၃၀၀ကျပ်အထိ၊ ပြောင်းဖူးအသေးတစ်ဖူးလျှင် ၁၅၀ကျပ်မှ ၂၀၀ကျပ်အထိ၊ မုံလာဥဖြူမှာ တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိနှင့် မုန်ညင်းဖြူမှာ တစ်ပိဿာလျှင် ၁၅၀၀ကျပ်မှ ၁၇၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး မုန်လာဥနီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀ကျပ်မှ ၁၈၀၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

    ကန်စွန်းရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၆၀၀ကျပ်၊ ချဉ်ပေါင်ရွက်မှာ တစ်စည်းလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၇၀၀ကျပ်၊ ကင်ပွန်းချဉ်ရွက်မှာ တစ်စီးလျှင် ၁၀၀ကျပ်၊ ၁၀စည်းယူလျှင် ၈၀၀ကျပ်ဈေးနှုန်းတို့ရှိကြောင်း သိရှိရ၀ပါသည်။

DOCA(ပဲခူး)

တောင်ငူမြို့တွင် စားအုန်းဆီနှင့် ကြက်သွန်ဖြူဈေးတက်ပြီး ကြက်သွန်နီဈေးကျနေ

   တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။

   ကြက်သွန်နီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ကျပ်၊ အလတ် ၂၅၀၀ကျပ်၊ အကြီး ၂၇၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၇၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် အသေးနှင့် အလတ်အရောတစ်ပိဿာလျှင် ၂၂၀၀ကျပ်၊ အကြီး ၂၅၀၀ကျပ်နှင့် တရုတ်ကြက်သွန်နီ ၂၅၀၀ကျပ်ဖြစ်ကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

    ကြက်သွန်ဖြူမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် အသေး ၆၀၀၀ကျပ်၊ အလတ် ၆၅၀၀ကျပ်၊ အကြီး ၇၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်ဖြူ ၇၀၀၀ကျပ်တို့ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၇၀၀၀ကျပ်၊ အလတ် ၇၅၀၀ကျပ်၊ အကြီး ၈၀၀၀ကျပ်နှင့် တရုတ်ကြက်သွန်ဖြူ ၈၀၀၀ကျပ်တို့ဖြင့် ဈေးနှုန်းဆက်လက်မြင့်တက်လာခဲ့ပါသည်။

     အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၉၀၀ကျပ်၊ အလတ် ၃၂၀၀ကျပ်၊ အကြီး ၃၄၀၀ကျပ်၊ တရုတ်အာလူးတစ်ပိဿာလျှင် ၃၄၀၀ကျပ်၊ ငရုပ်သီးခြောက်အပုမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိ၊ ငရုပ်သီးခြောက်အရှည်မှာ တစ်ပိဿာလျှင် ၁၃၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်အထိနှင့် ငရုပ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့မဈေးအတွင်း ရောင်းချနေသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ

  ၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၁၆ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   စားသုံးဆီရောင်းချမှုအနေဖြင့် မြေပဲဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်နှင့် စားအုန်းဆီတစ်ပိဿာလျှင် ၆၅၀၀ကျပ်တို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

  စားဖိုဆောင်သီးနှံအနေဖြင့် ငရုတ်သီးခြောက်အပုတစ်ပိဿာလျှင် ၂၇၀၀၀ကျပ်၊ ငရုတ်သီးအရှည်တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ကြက်သွန်နီအကြီးတစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ ကြက်သွန်ဖြူကြူကုတ်တစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ချင်းတစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၄၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ကျပ်နှင့် ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၁၆၀၀ကျပ်ခန့်တို့ရှိပါသည်။

  အသားငါးဈေးနှုန်းများအနေဖြင့် ကြက်သားဗမာတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးမြစ်ချင်း၊ ငါးကြင်းတစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးခူ၊ ငါးကျည်းတစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ကြက်ဥ၊ ဘဲဥဈေးနှုန်းအနေဖြင့် ကြက်ဥအသေးတစ်လုံးလျှင် ၂၇၀ကျပ်၊ အကြီးတစ်လုံးလျှင် ၂၈၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၃၅၀ကျပ်ခန့်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

 

နတ်တလင်းမြို့ရှိ စပါးခြွေလှေ့စက်ပြုပြင်ထုတ်လုပ်မှုအခြေအနေ

 ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ကံသာကျေးရွာရှိ ခြွေလှေ့စက်လုပ်ငန်းရှင် ဦးကျော်မင်းထွန်း၏ (မင်းခန့်ကျော်ခြွေလှေ့စက်) လုပ်ငန်းသည် (၂၀၁၇) ခုနှစ်မှစတင်၍ လုပ်ကိုင်ခဲ့သောလုပ်ငန်းဖြစ်ပြီး လိုအပ်သောတောင်သူဦးကြီးများစိတ်တိုင်းကျ ပဲစပါးခြွေလှေ့စက်လုပ်ငန်းအသစ်ပြုလုပ်ပေးခြင်းနှင့် အ‌ဟောင်းပြင်ဆင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 အဆိုပါ မင်းခန့်ကျော်ခြွေလှေ့စက်လုပ်ငန်းသည် စပါး၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ (ပဲအမျိုးမျိုး)၊ ပြောင်းသီးနှံများကို ခြွေလှေ့ရရှိပါကြောင်း၊ ခြွေလှေ့စက်၏သံထည်မှာ အရည်အသွေးကောင်းမွန်သော သံထည်အထူသားကိုအသုံးပြုထားသဖြင့် တောင့်တင်းခိုင်မာပြီး ဆေးသားနှစ်ထပ်အုပ်ပေးထားပြီး ဆိုဒ်စုံရှိကာ ဆိုဒ်ကြီးအနေဖြင့် (၆) ပေခွဲရှိပြီး တစ်နာရီလျှင် တင်း (၃၀) မှ တင်း (၆၀) ထိခြွေနိုင်ကြောင်း၊ စက်ဈေးနှုန်းမှာ ကျပ် (၈၂) သိန်းခန့်ရှိပြီး အလတ်ဆိုဒ်နှင့် အသေးဆိုဒ်တို့ရှိပါကြောင်း၊ လုပ်သားအင်အား (၂၀) ဦးဖြင့် လုပ်ငန်းလည်ပတ်လျှင် တစ်ဦးလျှင် (တစ်ရက်) လုပ်သားခမှာ ကျပ် (၅၀၀၀) မှ ကျပ် (၁၅၀၀၀) အထိပေးချေရကြောင်း၊ (၁) လလျှင် စက်ပျမ်းမျှအားဖြင့် (၁) စက်မှ (၂) စက်အထိရောင်းရပြီး ရာသီချိန်တွင် ပို၍‌ရောင်းရကြောင်း၊ စက် (၁) စက်အနေဖြင့် အမြတ်ရရှိငွေ ကျပ် (၅) သိန်းမှ ကျပ် (၆) သိန်းခန့်ရှိပြီး ခြွေလှေ့စက်ထုတ်လုပ်သည့်လုပ်ငန်းအပြင် ထွန်စက်၊ ထွန်ထယ်၊ စပါးသယ်ပုံးလုပ်ငန်းနှင့် အခြားမှ လာရောက်ပြုပြင်သည့် လုပ်ငန်းကိုလည်းလုပ်ကိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် နတ်တလင်းမြို့နယ်တွင်သာမက ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဘက်တို့မှ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။

 မင်းခန့်ကျော်ခြွေလှေ့စက်လုပ်ငန်းရှင်သည် တောင်သူများ၏လိုအပ်ချက်အလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိသော ယုံကြည်စိတ်ချရသည့်လုပ်ငန်းအဖြစ် ရပ်တည်နေပါ၍ ယခုလက်ရှိ ပြောင်းသီးသန့်ခြွေစက်နှင့် မြေပဲလုံးဆံသီးသန့်ခြွေစက်ကို ထပ်မံတိုးချဲ့ပြီး ဒေသထွက်ထုတ်ကုန်ပစ္စည်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခေတ်မီနည်းစနစ်များကိုလည်း လေ့လာဆောင်ရွက်ပြီး ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း