ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“ စိတ်ဝင်စားမှုမြင့်တက်လာသည့် ပြင်ဦးလွင်ထောပတ်သီး”

    ပြင်ဦးလွင်မြို့သည် ကမ္ဘာလှည့်ခရီးသွားများသာမက ပြည်တွင်းခရီးသွားများလည်းစိတ်ဝင်စားမှုရှိသည့်တောင်ပေါ်မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ထောပတ်သီးနှံဒေသတွင်းစိုက်ပျိုးမှုနှင့် အခြားတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ စိုက်ပျိုးရေးကိုစိတ်ဝင်စားသူများမှ မြေဧကများဝယ်ယူပြီး နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော ထောပတ်သီးနှံအား စိုက်ပျိုး၍ ရင်းနှီးမြုပ်နှံလာကြပါသည်။ပြင်ဦးလွင်မြို့မှ လက်ရှိထောပတ်သီးစိုက်ဧကအနေဖြင့် (၃၀၉)ဧကရှိကြောင်း သက်ဆိုင်ရာဌာနများမှသိရှိရပြီး စိုက်ဧကများအမှန်ရရှိရေးအား ထောပတ်သီးအစုအဖွဲ့၊ သက်ဆိုင်ရာဌာနများဖြင့် ထောပတ်စိုက်ဧကများစာရင်းပြုစု အတည်တကျကောက်ယူရရှိရေး စီမံဆောင်ရွက်လျက်ရှိပြီး ထောပတ်စိုက်ဧက (၆၀၀)ကျော်ရှိနိုင်ကြောင်း သိရှိရပါသည်။

     ပြင်ဦးလွင်မြို့တွင် ယခုချိန်၌ ထောပတ်သီးများစတင်ထွက်ရှိခြင်းမရှိဘဲ သြဂုတ်လတွင် စတင်ထွက်ရှိမည်ဖြစ်ပြီး ယခင်နှစ်စျေးနှုန်းအနေဖြင့် Hass   1Kg လျှင် (နိမ့်) ၃၅၀၀/- ကျပ် ၊ (အမြင့်) ၆၀၀၀/-ကျပ် ၊  Pinkerton 1Kg လျှင် (နိမ့်) ၃၀၀၀/- ကျပ် ၊ (အမြင့်) ၅၀၀၀/-ကျပ် ၊ Buccaneer 1Kg (၃၀၀၀-၅၀၀၀)ကျပ်၊မြောက်ကျွန်းသူ1Kg (၃၀၀၀-၅၀၀၀)ကျပ်၊ဒေသသီးတစ်လုံးလျှင်(၂၀၀-၅၀၀)ကျပ်ရရှိကြောင်း၊ ပြည်ပသို့(ထိုင်း၊မလေးရှား၊စင်္ကာပူ)သို့ စမ်းသပ်တင်ပို့နေကြောင်းနှင့် စိုက်ပျိုးရေး၌ စိတ်ပါဝင်စားသူမည်သူမဆို ထောပတ်သီးနှံစိုက်ပျိုးလိုလျှင် တာဝန်ယူစိုက်ပျိုးပေးနေကြောင်းလည်း ပြင်ဦးလွင်ထောပတ်သီးအစုအဖွဲ့မှ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

ပခုက္ကူမြို့ပေါ်ရှိ အိမ်သုံးဆေးဝါး ဈေးကွက်အခြေအနေ

    ပခုက္ကူမြို့ပေါ်တွင် ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၁၀၀၀)၊ Civit အလုံး(၁၀၀) ပါ(၁)ဘူးလျှင် ကျပ်(၁၉၀၀)၊ Paracetamol (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၃၀၀)၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၈၀၀)၊ Amoxicillin (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၄၅၀)၊ Enervon-C (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၁၃၅၀)၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် ကျပ်(၁၉၀၀)၊ Cetrine (၁၀)လုံးပါ (၁)ကဒ်လျှင် ကျပ်(၂၀၀)၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် ကျပ်(၂၉၀)၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် ကျပ်(၂၇၀)၊ Oramin-G (၅)လုံးပါ(၁)ကဒ်ကျပ် (၃၀၀၀)၊ Becozinc (၁၀)လုံးပါ(၁)ကဒ် လျှင် ကျပ်(၃၆၀၀)၊ Vitahome (၁၀)လုံးပါ(၁)ကဒ်လျှင် (၁၆၀၀)၊ SaRa (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၈၀၀)၊ Vitacee (၁၅)လုံးပါ(၁)ကဒ်လျှင် ကျပ်(၃၅၀၀)၊  Flemex (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ် (၃၀၀၀)၊ Solumux (၄)လုံးပါ (၁)ကဒ်လျှင် ကျပ်(၉၀၀)၊ Woods (၁)ဘူးလျှင် ကျပ်(၇၀၀၀)၊ Alexal (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၁၅၀၀)၊ Mixagrip (၄)လုံးပါ(၁)ကဒ် လျှင် ကျပ်(၆၀၀)၊ Vitamin-D  1000 IU (၁)လုံးလျှင် ကျပ်(၁၀၀)၊ Vitamin-K   (၁)လုံးလျှင် ကျပ်(၁၀၀)၊ Zinc (၁)လုံးလျှင် ကျပ်(၄၀)၊ Becozinc (၁)လုံးလျှင် ကျပ်(၃၆၀)၊ Zincovit (၁)လုံးလျှင် ကျပ်(၂၀၀)ဈေးနှုန်းအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ယခင်မေလနှင့် ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခုဇွန်လအတွင်း Cetrine (၁၀)လုံးပါ(၁)ကဒ် လျှင် ကျပ်(၁၀)၊ Zinc နှင့် Becozinc (၁)လုံးလျှင် ကျပ်(၁၀)၊ SaRa (၁၀)လုံးပါ(၁)ကဒ်လျှင် ကျပ်(၁၀၀)နှင့်  Vitacee (၁၅)လုံးပါ(၁)ကဒ်လျှင် ကျပ်(၅၀၀)ဈေးနှုန်းအသီးသီးကျဆင်း၍ ကျန်ဆေးပစ္စည်းများမှာဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၃ ခုနှစ်၊ ဇွန်လ တတိယအပတ်နှင့် စတုတ္ထအပတ်တို့တွင်ဖြစ်ခဲ့သော မင်းဘူးမြို့၏ စက်သုံးဆီဈေးနှုန်းအခြေအနေ

  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

 မင်းဘူးမြို့ပေါ်၌ စက်သုံးဆီဆိုင်(၁၆)ဆိုင်ရှိရာ ပုံမှန်ဆိုင်ဖွင့်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ ဇွန်လ တတိယအပတ်နှင့် စတုတ္တအပတ်တို့တွင်ဖြစ်ခဲ့သော စက်သုံးဆီဈေးနှုန်းများမှာ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၉၇၅)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့လာခဲ့ကြောင်း၊ ဒီဇယ်(ပရီမီယံ)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၃၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၂၀၅၅)ဖြစ်၍ ကျပ်(၇၅)ဈေးလျော့လာခဲ့ကြောင်း၊ ဓာတ်ဆီ(၉၂)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၀၅၀)ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ကျပ်(၁၉၉၀)ဖြစ်၍ ကျပ်(၆၀)ဈေးလျော့လာခဲ့ကြောင်း၊ ဓာတ်ဆီ(၉၅)တစ်လီတာလျှင် ယခင်အပတ်တွင် ကျပ်(၂၁၄၅)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၀၈၅)ဖြစ်၍ ကျပ်(၆၀) စသည်ဖြင့် ဈေးနှုန်းအသီးသီးလျော့ကျလာခဲ့ကြောင်း  စက်သုံးဆီအရောင်းဆိုင်များမှသိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူဈေးကွက်တွင် ရာသီပေါ် ဂွေးသီးများ အရောင်းအဝယ်ဖြစ်လျက်ရှိ

    ဂွေးသီးပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုးသော ပင်ကြီးအမျိုးအစား ဖြစ်ပါသည်။ ဂွေးချိုပင်နှင့် ဂွေးချဉ်ပင်ဟူ၍ နှစ်မျိုးရှိပါသည်။ ဂွေးချိုသီးမှာ အများအားဖြင့် အချဉ်ပေါင်းပြုလုပ်၍ သရေစာအဖြစ် စားသုံးကြသည်။ ဂွေးချဉ်သီးမှာ မြန်မာတို့၏ မီးဖိုချောင်တွင် အိမ်ရှင်မများအနေဖြင့် ဂွေးသီးငပိချက်အဖြစ် အရံဟင်းလျာအနေဖြင့် ချက်ပြုတ်စားသုံးကြသည့်အပြင် ဂွေးသီးကို မြေပဲဆံဖြင့် ထောင်းခြင်း၊ ချက်ပြုတ်ခြင်းများ ပြုလုပ်၍ ကြိုက်နှစ်သက်စွာ စားသုံးသော သီးနှံတစ်မျိုးဖြစ်ပါသည်။

    ဂွေးသီးတွင် အမျှင်ဓါတ်များစွာပါရှိခြင်းအပြင် ဗီတာမင်စီဓါတ်၊ ကယ်လစီယမ်ဓါတ်နှင့် သံဓါတ် မြင့်မားစွာပါရှိခြင်းကြောင့် ကျန်းမာရေးကို များစွာအကျိုးပြုစေသော သီးနှံဖြစ်သည်။ ဂွေးပင်သည် အိမ်ခြံမြေများတွင် စနစ်တကျစိုက်ပျိုးခြင်း၊ ယာမြေများတွင် အလေ့ကျပေါက်ရောက်သော အပင်ကြီးဖြစ်သည်။ ၂၀၂၃ခုနှစ် ဇွန်လဆန်းမှစ၍ ဂွေးသီးများလှိုင်လှိုင်ပေါ်လျက်ရှိပြီး ဇွန်လ (စတုတ္ထပတ်)တွင် ပခုက္ကူဈေးကွက်၌ ဂွေးချဉ်သီး နို့ဆီတစ်ဘူးလျှင် ကျပ်(၃၀၀)၊ လေးဘူးလျှင် ကျပ်(၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်သည်။ ယခင်နှစ်ဂွေးသီးပေါ်ချိန်တွင် နို့ဆီတစ်ဘူးလျှင် ကျပ်(၂၀၀)၊ သုံးဘူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဝယ်ယူစားသုံးသူများထံမှ သိရှိရပါသည်။

  ဂွေးသီးသည် အမျှင်ဓါတ်ကြွယ်ဝစွာပါရှိပြီး ကျန်းမာရေးဆေးဖက်ဝင် သီးနှံဖြစ်သည့်အပြင် ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူရရှိသော ဂွေးသီးကို ဝယ်ယူစားသုံးမှုများ၍ ဈေးကွက်အတွင်းတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စားသုံးဆီ ဈေးကွက်အခြေအနေ

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ နှမ်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၂၅၀၀)၊ နှမ်းရောဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ စားအုန်းဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၈၅၀၀)၊ နေကြာဆီ လက်ကားတစ်ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ လက်လီတစ်ပိဿာလျှင် ကျပ်(၁၃၅၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ယခင်ဇွန်လ(တတိယပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခု ဇွန်လ(စတုတ္ထပတ်)တွင် အခြားစားသုံးဆီဈေးနှုန်းများမှာ ဈေးငြိမ်လျက်ရှိပြီး စားအုန်းဆီမှာ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဝယ်ယူ စားသုံးသူများထံမှ သိရှိရပါသည်။

    ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှလည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသအနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူကြက်သွန်နီ ဇွန်လ(စတုတ္ထပတ်) ဈေးနှုန်းဈေးကွက်အခြေအနေ

    ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀)ရက်ထိ (စတုတ္ထပတ်)အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၇)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၅)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

    ဇွန်လ(စတုတ္ထပတ်)အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၉၅၀ မှ ၁၉၃၅)၊ အလတ်စ ကျပ်(၁၉၀၀ မှ ၁၈၀၀)၊ အနိမ့်ဈေး ကျပ်( ၁၇၀၀ မှ ၁၅၀၀) ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်ဇွန်လ (တတိယပတ်)တွင် ကြက်သွန်နီ ထိပ်စ အမြင့်ဆုံးဈေးမှာ (၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ် တွင် ထိပ်စ (ရှယ်)နှင့် အလတ်စ၊ အသေးစတို့မှာ (၁)ပိဿာလျှင် ကျပ်(၅၀)ခန့် ဈေးကျ၍ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို ပြည်တွင်းဖြန့်ဖြူးမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး ပြည်ပပို့ကုန်အဖြစ် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများသို့ ကုန်စည်စီးဆင်းလျက်ရှိကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရသည်။ ယခု ဇွန်လ (စတုတ္ထပတ်)အတွင်း ကြက်သွန်နီ စုစုပေါင်း ပျမ်းမျှပိဿာ(၅)သိန်းခန့်၊ (၁၆၆၆၇)အိတ်၊ တန်ချိန် (၈၁၆)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

        ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး ကျပ်(၂၃၀၀ မှ ၁၆၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)         

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် ဇွန်လ နောက်ဆုံးအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၄၂၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် ယခင်အပတ် ထက်အနည်းငယ်သာမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာအကြီး /အသေးပါ်မူတည်၍တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၉၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဂျင်းအညံ့ တစ်ပိသာလျှင်(၅၀၀၀)ကျပ်၊ ရှယ်စ တစ်ပိသာ (၁၀၀၀၀)ကျပ် ဖြစ်နေပြီး ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုးအစားအလိုက် တစ်ပိသာ(၃၅၀၀/၃၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်း တစ်ပိသာ (၃၀၀၀)ကျပ် ယခင်အပတ်အတိုင်းတည်ငြိမ်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ (၂၀၀၀)ကျပ် ယခင် တတိယအပတ်ထက် အနည်းငယ်မြင့်တက်နေပါသည်။ ခရမ်းသီး  တစ်ပိသာ (၁၀၀၀/၈၀၀) ကျပ် ရှိပါသည်။  ပန်းဂေါ်ဖီ တစ်ပွင့်  (၁၅၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင်(၁၈၀၀)ကျပ် ယခင်အထက် (၂၀၀)ကျပ် လျော့ကျလျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၅၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၄၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်နေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၁၅၀) ကျပ် မှ (၂၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စီးလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

       ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၅၀) ကျပ် ၊ ဘဲဥ တစ်လုံ (၃၅၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိသာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ် ယခင်မေလ နောက်ဆုံးအပတ်အတိုင်း ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ တည်ငြိမ်လျှက်ရှိကြောင်း တွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၀၀၀) ကျပ် မှ (၁၄၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၄၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၅၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၆၅၀၀)  ငါးဈေးများမှာ ယခင်အပတ်ထက် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၄၀၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင် အပတ်များနှင့်အတူ ဈေးတည်ငြိမ်လျက်ရှိပါသည်။ စားအုံးဆီ တစ်ပိသာလျှင် (၈၈၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံး လျှင် (၈၆၀၀၀)ကျပ်  ယခင်အပတ်ထက် တစ်ပိသာ(၁၅၀၀)ကျပ်မြင့်တက်ကာ အရောင်းအဝယ် ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ ဇွန်လ(နောက်ဆုံးပတ်)တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ဇွန်လ(နောက်ဆုံးပတ်)အတွင်း ဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး  တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်လတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်  တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၆၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား  တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၄၀၀၀) ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပုစွန်ဆိတ် တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် ပုစွန်ထုပ် တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ငါးဈေးနှုန်းများအား ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပုစွန်ထုပ် တစ်ပိဿာလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး အခြားငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်းရှိ ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

မြို့မစည်ပင်သာယာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

     ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

   ၂၀၂၃ခုနှစ်၊ ဇွန်လ (နောက်ဆုံးပတ်)တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(အကြွပ်)ရိုးရိုး(၁)လုံးလျှင် (၇၀၀ )ကျပ်၊ ပန်းသီး(အကြွပ်) ပိုက်စွပ်(၁)လုံးလျှင် (၂၀၀၀ မှ ၂၅၀၀)ကျပ်၊  စပျစ်သီး (အလုံးသေး) (၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး (အလုံးကြီး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ပန်းသစ်တော်သီး (၁)လုံးလျှင် (၃၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျော သီး(၁)ဖီးလျှင် (၁၀၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး(၁)ဖီးလျှင် (၁၀၀၀ မှ ၁၃၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀ မှ ၂၀၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၅၀၀ မှ ၃၀၀၀)ကျပ်၊ မင်းကွတ်သီး  (၁)လုံးလျှင် (၂၀၀ မှ ၃၀၀)ကျပ်၊ ၊ ပတ္တမြားငမောက်သရက်သီး (၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၁၂၀၀မှ ၁၅၀၀)ကျပ်၊ လိမ္မော်သီး (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ် ၊ပိန္နဲသီး(၁)လုံးလျှင် (၃၀၀၀)ကျပ်၊ နဂါးမောက်သီး(၁)လုံးလျှင် (၅၀၀ မှ ၇၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မြို့မစည်ပင်သာယာဈေးအတွင်း ရောင်းချသောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

 

ဝက်လက်မြို့နယ်၏ ဇွန်လ(တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ၂၀၂၃ခုနှစ်၊ဇွန်လ (တတိယပတ်)တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် (၂၄၀၀၀၀ဝိ/-)ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၈၀၀ဝိ/-) ကျပ် ရှိကြောင်း၊ ဇွန်လ(ဒုတိယပတ်)၌ ရွှေဘိုပေါ်ဆန်း စပါးတင်း(၁၀၀)လျှင် (၂၉၀၀၀၀ဝိ/-) ကျပ်ရှိပြီး၊ ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁) အိတ်လျှင်(၉၅၀၀ဝိ/-)ကျပ်၊  ဧရာမင်းစပါးဈေးနှုန်းမှာ တင်း(၁၀၀) လျှင် (၂၃၅၀၀၀ဝိ/-) ကျပ် ရှိပြီး ဆန်ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၉၇၀၀ဝိ/-) ကျပ် ရှိခဲ့သဖြင့်  ဇွန်လ(ဒုတိယပတ်)နှင့် ဇွန်လ(တတိယပတ်) စပါး/ဆန်ဈေးနှုန်း နှိုင်းယှဉ်လျှင် ဇွန်လ(တတိယပတ်)၌ ရွှေဘိုပေါ်ဆန်းစပါးနှင့် ဆန်ဈေးနှုန်းမှာ ဈေးနှုန်းအတက်အကျမရှိဘဲ တည်ငြိမ်လျက်ရှိပြီး  ဧရာမင်းစပါးဈေးနှုန်းမှာ (၅၀၀၀ဝိ/-)ကျပ်နှင့် ဆန်‌ဈေးနှုန်းမှာ (၂၄)ပြည် (၁)အိတ်လျှင် (၁၀၀ဝိ/-) ကျပ်မြင့်တက်လျက်ရှိကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်နှင့် ချိတ်ဆက်မေးမြန်းမှုအရ သတင်းရ ရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း