ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ
၂၀၂၃ ခုနှစ်၊ ဇွန်လ စတုတ္ထအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၉၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၉၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၂၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၂၇၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၇၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၃၉၀၀)ကျပ် ဖြစ်ပါသည်။
ကျိုင်းတုံမြို့ရှိ ဇွန်လ စတုတ္ထအပတ် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၀၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၄၄၇၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၃၅၉၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၃၅၉၀၀)ကျပ် ဖြစ်ပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်မေလ စတုတ္ထပတ်နှင့် နှိုင်းယှဉ်ပါက ကျားတံဆိပ်နှင့် စိန်တံဆိပ်သည် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာပြီး ဆင်တံဆိပ်သည် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်မေလစတုတ္ထအပတ်နှင့် နှိုင်းယှဉ်ပါက ကျားတံဆိပ်နှင့် စိန်တံဆိပ်သည် ဈေးနှုန်းအနည်းငယ်မြှင့်တက်လာပြီး ဆင်တံဆိပ်သည် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် တည်ငြိမ်လျက်ရှိပြီး တာချီလိတ်မြို့တွင် ယခင်မေလ စတုတ္ထပတ်ထက် ဈေးနှုန်း အနည်းငယ်မြှင့်တက်လျက်ရှိပါသည်။
DOCA(ရှမ်း)